ရှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း (၆၁) နှစ်ပြည့် အခမ်းအနားကို SSPP ဌာနချုပ်နှင့် ထုန့်မော(ဝ်) ဒေသတွင်ကျင်းပ

ယနေ့ ( ဧပြီလ ၂၄) ရက်တွင် ကျရောက်သော ရှမ်းပြည်တပ်မတော် SSA ထူထောင်ခြင်း (၆၁) နှစ်ပြည့် အခမ်းအနားကို SSPP ဌာနချုပ် ဝမ်ဟိုင်းဒေသ နှင့် တရုတ်-မြန်မာ နယ်စပ် ထုန့်မော(ဝ်) ဒေသတွင် ကျင်းပကြောင်း စုံစမ်း သိရသည်။

ရှမ်းပြည်တပ်မတော် ၏ ၆၁ နှစ်ပြည့် တည်ထောင်ခြင်းအခမ်းနားကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ဌာနချုပ် ရှိရာ သျှမ်းပြည်တောင်ပိုင်း ကျေးသီး မြို့နယ် ဝမ့်ဟိုင်းဒေသနှင့် တပ်မ ၉၈၉ ရှိရာ ထုန့်မော(ဝ်) ဒေသ မူဆယ်မြို့နယ် တာစန့်ရွာတွင် ကျင်းပပြီး အရပ်ဖက် အဖွဲ့အစည်း၊နိုင်ငံရေးပါတီ၊ သံဃာတော်များနှင့် ပြည်သူလူထု ထောင်ချီတက်ရောက်ကြောင်း သိရသည်။

ဌာနချုပ်တွင် ကွန်မန်ဒို နှင့် တပ်သားစစ်သည်တော်များက စစ်ရေးပြသပြီး SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထဲန် က အဖွင့်မှာစကား မိန့်ခွန်းပြောကြားသည်။

ထို့နောက် SSPP/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ပန်ဖ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) မှပေးပို့သော သ၀ဏ်လွှာ များကိုဖတ်ကြားခဲ့သည်။

SSPP ဌာနချုပ် ရှိအခမ်းအနားသို့ SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထဲန်၊ ဗိုလ်ချုပ်ကြီး လွယ်မော(ဝ်) အစရှိသည့် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဒေသခံ စုစုပေါင်း ၆၅၀၀ ကျော် တက်ရောက်ခဲ့သည်။

ထို့အတူ ထုန့်မော(ဝ်) ဒေသတွင် ကျင်းပသော အခမ်းအနားတွင် အချင်းချင်းစည်းလုံးညီညွှတ်ကြရန် တိုက်တွန်းခဲ့ ကြောင်းသိရသည်။

“ခုချိန်ကစ ကျနော်တို့ ဘယ်လို အားထုတ်ရှေ့ဆက်ရမလဲဆိုတာ သမိုင်းက ကျနော်တို့ကို သင်ခန်းစာပေးနေပြီ၊ တိုင်းပြည်မှာလဲ အစိတ်စိတ်အမွှာမွှာ၊ နိုင်ငံရေးပါတီတွေလဲ တစ်ကွဲတစ်ပြားစီ၊ ကျနော်တို့ သျှမ်းတပ်တွေလဲ တစ်ကွဲ တစ်ပြားစီ၊ ဒီချွတ်ယွင်းချက်ကို ကျနော်တို့ လက်ထက်မှာ မပြုပြင်ပြောင်းလဲရင် လူမျိုးခြားအာဏာရှင်အောက်မှာပဲ ပျောက်ကွယ်သွားမယ်၊ အာ့ကြောင့် ပြည်သူအချင်းချင်း စစ်တပ်အချင်းချင်း စည်းလုံးညီညွှတ်ကြဖို့တိုက်တွန် နှိုးဆော်ပါတယ်’’ ဟု ၎င်းအခမ်းအနားတွင် SSPP မှ ဗိုလ်မှူးကြီး ဟန်ခမ်းက ပြောကြားသွားသည်။

SSA တည်ထောင်ခြင်း ၆၁နှစ်ပြည့်

SSA နှစ်ပတ်လည်နှင့် ပတ်သက်၍ ပြည်သူကို ပြန်ကြည့်ပြီး ကာကွယ်စောင့်ရှောက်ပေး စေလိုကြောင်း နမ့်ခမ်းဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ကျနော်သျှမ်းပြည်ထဲက စစ်တပ်တွေ ကိုယ့်စီးပွားရေးနဲ့ ကိုယ်ကျိုးအတွက်ပဲ လုပ်နေကြတာခုက၊ ပြည်သူကို ပြန်လှည့်ကြည့်ပြီး စောင့်ရှောက်ပေးတဲ့ စစ်တပ် ဖြစ်စေချင်တာပေါ့” ဟု နမ့်ခမ်း လူငယ်က ဆိုသည်။

ထိုအခမ်းအနားတွင် SSPP /SSA ဒုဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင် တက်ရောက်ပြီး ထုန့်မော(ဝ်) ဒေသရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ သံဃာတော်နှင့် ဒေသခံများ စုစုပေါင်း ၁၇၀၀ ကျော်တက် ရောက်ကြောင်းစုံစမ်းသိရသည်။

ရှမ်းပြည်တပ်မတော် SSA ကို ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံပထမဆုံး သမ္မတ ၏ ကတော် မဟာဒေဝီ စဝ်နန်းဟိန်းခမ်း က ဉီးဆောင်ဖွဲ့စည်းသည်။

ထို့နောက်ပိုင်း နိုင်ငံရေးဉီးဆောင်ပါတီအဖြစ် ရှမ်းပြည်တိုးတက်ရေးပါတီကို SSPP တိုးချဲ့ဖွဲ့စည်းသည်။

လက်ရှိမှာမူ ဝ တပ်ဖွဲ့ဉီးဆောင်ထားသည့် မြောက်ပိုင်း ၇ ဖွဲ့ မဟာမိတ် FPNCC တွင်ပါဝင်ထားပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့် အတူ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC တွင်လည်းပါဝင်သည်။

အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...