မိုင်းရှူးမြို့နယ်ရှိ ကျားဖြန့်ဂိုဏ်းတခုကို SSPP က ဝင်ရောက်ဖမ်းဆီး

သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် အခြေစိုက်လုပ်ကိုင်းနေသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဝင်ရောက် ဖမ်းဆီးလိုက်ကြောင်း ယနေ့ ( မတ်လ (၂၄)ရက် တွင် သတင်းထုတ်ပြန်သည်။

သျှမ်းပြည် မိုင်းရှူးမြို့နယ် နှင့် မိုင်းနောင်မြို့နယ် နယ်စပ်ကြားရှိ တောတွင်တစ်နေရာတွင် တရားမဝင် ကျားဖြန့်ငွေလိမ်ဂိုဏ်း အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများရှိကြောင်း သတင်ရရှိ၍ ဝင်ရောက်ဖမ်းဆီးကာ ဆက်စပ် ပစ္စည်းများဖြစ်သည့် ဖုန်း ၊ iPad ၊ ကွန်ပျုတာတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဟုတ်ပါတယ် ဒီမိုင်းရှူးမြို့နယ် နဲ့ မိုင်းနောင်မြို့နယ်ကြားထဲရှိမှာပေါ့ သူတို့ဝင်ဖမ်းတဲ့ နေရာက အဲ့တာ မနေ့က ( မတ်လ ၂၃ ရက်) မှာ ဝင်ဖမ်းတာ။ဖမ်းမိတာ တော်တော်များတယ်။ ဘယ်နှစ်ယောက်လည်းဆို တာကတော့ အတိအကျမသိရသေးဘူး”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်တွင် ဖမ်းဆီးရရှိထားသည့် တရုတ်နိုင်ငံသားများကိုလည်း သက်ဆိုင်ရာ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

SSPP/SSA အုပ်ချုပ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းအား အဖွဲ့လိုက်ဖြစ်စေ၊တဦးချင်းဖြစ်စေ လက်ခံထားခြင်းမပြုရန် တပ်ဖွဲ့တာဝန်ရှိသူအဆင့်ဆင့်နှင့် ပြည်သူများအား ၂၀၂၄ မေလ ၁၃ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်သည့်အတွက် ပါဝင်ပတ်သက်ကြောင်းသိရှိရပါက ထိရောက်စွာဖမ်းဆီးအရေး ယူမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...