သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် အခြေစိုက်လုပ်ကိုင်းနေသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဝင်ရောက် ဖမ်းဆီးလိုက်ကြောင်း ယနေ့ ( မတ်လ (၂၄)ရက် တွင် သတင်းထုတ်ပြန်သည်။
သျှမ်းပြည် မိုင်းရှူးမြို့နယ် နှင့် မိုင်းနောင်မြို့နယ် နယ်စပ်ကြားရှိ တောတွင်တစ်နေရာတွင် တရားမဝင် ကျားဖြန့်ငွေလိမ်ဂိုဏ်း အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများရှိကြောင်း သတင်ရရှိ၍ ဝင်ရောက်ဖမ်းဆီးကာ ဆက်စပ် ပစ္စည်းများဖြစ်သည့် ဖုန်း ၊ iPad ၊ ကွန်ပျုတာတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဟုတ်ပါတယ် ဒီမိုင်းရှူးမြို့နယ် နဲ့ မိုင်းနောင်မြို့နယ်ကြားထဲရှိမှာပေါ့ သူတို့ဝင်ဖမ်းတဲ့ နေရာက အဲ့တာ မနေ့က ( မတ်လ ၂၃ ရက်) မှာ ဝင်ဖမ်းတာ။ဖမ်းမိတာ တော်တော်များတယ်။ ဘယ်နှစ်ယောက်လည်းဆို တာကတော့ အတိအကျမသိရသေးဘူး”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်တွင် ဖမ်းဆီးရရှိထားသည့် တရုတ်နိုင်ငံသားများကိုလည်း သက်ဆိုင်ရာ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
SSPP/SSA အုပ်ချုပ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းအား အဖွဲ့လိုက်ဖြစ်စေ၊တဦးချင်းဖြစ်စေ လက်ခံထားခြင်းမပြုရန် တပ်ဖွဲ့တာဝန်ရှိသူအဆင့်ဆင့်နှင့် ပြည်သူများအား ၂၀၂၄ မေလ ၁၃ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်သည့်အတွက် ပါဝင်ပတ်သက်ကြောင်းသိရှိရပါက ထိရောက်စွာဖမ်းဆီးအရေး ယူမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။












Leave a Comments