မိုးမိတ် SSPP/SSA သေနတ်ပစ်ဖောက်သည့်ကိစ္စ ဖြေရှင်းပေးရန် TNLA စာပို့အကြောင်းကြား

သျှမ်းပြည် မိုးမိတ်မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ သေနတ်ပစ်ဖောက်ခဲ့သည့် ကိစ္စကို မဟာမိတ် ဂုဏ်သိက္ခာရှိစွာဖြင့် လာရောက်ဖြေရှင်းရန် TNLA က စာပေးပို့ အကြောင်းကြားခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ မတ်လ (၂၃) ရက်တွင် မိုးမိတ်မြို့နယ် မန်ဖွယ်ကျေးရွာရှိ SSPP/SSA စခန်းချနေရာကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ရေးအရ ဖိအားပေးပြီး မောင်းထုတ်မှု ပြုလုပ်ရာ SSPP ဘက်မှ သေနတ်ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ (SSPP) ဘက်ကတော့ သတိပေးတဲ့အနေနဲ့ သေနတ်ဖောက်ခဲ့တာ။ အဲ့ကတည်းက သူတို့လည်း တပ်ပြန်ခေါက်သွားတယ်။ လက်ရှိတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးမှု ကိစ္စတော့ မရှိသေးဘူး။ သူတို့ တပ်ခေါက်သွားပေမယ့် သတိအနေအထားနဲ့ နေရာယူထားတယ်” ဟု ရှေ့တန်းရှိ SSPP မှ စစ်ရေး သတင်းရင်းမြစ် တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA မှ ပေးပို့သည့် စာထဲတွင် SSPP/SSA ဘက်မှ မဟာမိတ် ဂုဏ်သိက္ခာနှင့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို တာဝန်ခံမှုရှိစွာဖြင့် TNLA တပ်သားကို သေနတ်ပစ်ဖောက်ခဲ့သည့် ကိစ္စရပ်ကို လာရောက် မဖြေရှင်းပါက နောက်ဖြစ်ပေါ်လာမည့် မည်သည့် ပြဿနာကိုမဆို SSPP/SSA မှ တာဝန်ယူရမည်ဟုလည်း ရေးသားထားသည်။

ထိုအကြောင်းကြားစာထဲတွင် TNLA သည် SSPP/SSA တပ်ဖွဲ့အနေဖြင့် မန်ဖွယ်ရွာဟောင်း စေတီကုန်းမှ အခြားနေရာသို့ နေရာရွှေ့ပေးရန် ဉီးတည်ချက်ဖြင့် သွားရောက်အကြောင်းကြားစဉ် တက်သွားသည့် အချိန်တွင် SSPP က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

“လက်ရှိမှာတော့ ကျနော်တို့ တပ်စခန်းလည်း မဖယ်ပေးသေးဘူး။ သူတို့လည်း အနီးနားမှာ ရှိနေတယ်။ စစ်ရေးကတော့ တင်းမာနေတဲ့ အနေအထားပါ”ဟု ရှေ့တန်းရှိ ၎င်းစစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

မိုးမိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် SSPP နှင့် TNLA တို့ ထိတွေ့မှုကိစ္စနှင့် ပတ်သက်ပြီး TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

သျှမ်းပြည်မြောက်ပိုင်းတွင် TNLA နှင့် SSPP တို့အကြား နယ်မြေ အငြင်းပွားမှု မကြာခဏ ဖြစ်ပွားခဲ့ပြီး၊ ပြီးခဲ့သည် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင် SSPP နှင့် TNLA တို့ကြား ကျောက်မဲနှင့် သီပေါမြို့နယ်အတွင်း ဖြစ်ပွားသည့် အငြင်းပွားမှုကို ‘ဝ’တပ်ဖွဲ့ UWSA ဉီးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးမှု ညှိနှိုင်းရေး ကော်မတီ (FPNCC) က ပန်ဆန်းမြို့တွင် ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှု ရရှိခဲ့သည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးမှု ညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဝင်များမှာ ‘ဝ’တပ်ဖွဲ့ UWSA ၊ သျှမ်းတပ် SSPP/SSA ၊ ကချင်လွတ်လပ်ရေးတပ် KIA ၊ မိုင်းလားတပ်ဖွဲ့ NDAA ၊ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ရက္ခိုင်တပ်တော် AA တို့ ပါဝင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...