SSPP နှင့် MNDAA နှစ်ဘက်ဗဟိုအဆင့် တွေ့ဆုံခဲ့သော်လည်း ဆွေးနွေးမှုရလဒ်မထွက်

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများနှင့် ပတ်သက်၍ နှစ်ဘက်ဗဟိုအဆင့် တွေ့ဆုံခဲ့သော်လည်း ဆွေးနွေးမှု ရလဒ်မထွက်ကြောင်း စုံစမ်းသိရသည်။

မေလဆန်းပိုင်းတွင် SSPP ဘက်မှ ဗဟိုနိုင်ငံရေးကော်မတီနှင့် MNDAA ဘက်မှ ဗဟိုအဆင့် တာဝန်ရှိသူများသည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ် ပန်ဆန်းမြို့၌ လက်ရှိဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှု အခြေအနေများကို တွေ့ဆုံဆွေး‌နွေးခဲ့သော်လည်း သဘောတူညီမှု ရလဒ်တစုံတရာ ရရှိခဲ့ခြင်း မရှိကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

“တပ်တွေကတော့ မဆုတ်ဘူး၊ အကုန်နေရာပြန်ယူထားပြီ။ သူတို့ဘက်က မူဆယ်၊ ကွတ်ခိုင် အဲ့ဘက်တကြော ဖယ်ပေးဖို့ တောင်းတာပေါ့။ တပ်ဆုတ်ဖို့ကျတော့ လက်မခံမှန်း သိတော့ ပြည်ထောင်စုလမ်းမကြီးဘက် အခွန်မကောက်ဖို့ ပြောတယ်။ အဲ့တာနဲ့ ရလဒ်မထွက်ဘဲ ဒီတိုင်း အစည်းအဝေး ပြီးသွားတယ်”ဟု SSPP နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

MNDAA တပ်သား

SSPP နှင့် MNDAA အကြား နှစ်ဘက် ဗဟိုအဆင့် တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ SSPP ပြောရေးဆိုခွင့်ရှိသူ စိုင်းဖုန်းဟန်ထံ သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

နှစ်ဘက်စစ်ရေးထိတွေ့မှု၊ စစ်ရေးတင်းမာမှုများနှင့် ပတ်သက်၍ နှစ်ပါတီ ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းသွားကြမည်ဟု SSPP ဘက်မှ သတင်းထုတ်ပြန်ထားသော်လည်း ဆွေးနွေးမှုအခြေအနေ ရလဒ်များကို နှစ်ဘက်စလုံးမှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ဧပြီလ ၂၈-၂၉ ရက်တို့တွင် သီပေါမြို့နယ် နမ္မနှင့် ဆင်ကျော့ကျေးရွာအုပ်စု၌ SSPP နှင့် MNDAA တို့ စစ်ရေးထိတွေ့မှု (၈) နေရာ၊ နှစ်ဘက်တပ်များ ရုန်းရင်းဆန်ခတ် ထိုးကြိတ်ရိုက်နှက်ဖမ်းဆီးမှု (၂၄) နေရာအထိ ရှိခဲ့ပြီး နှစ်ဘက်ရဲဘော်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း SSPP သတင်းနှင့်ပြန်ကြားရေးဌာနမှ ဧပြီလ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းသတင်းထုတ်ပြန်ချက်ထဲတွင် ဧပြီလ ၂၉ ရက်၌ MNDAA မှ SSPP/SSA လှုပ်ရှားနယ်မြေထဲ ကျူးကျော်ဝင်ရောက်လာပြီး SSPP တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရိုက်နှက်မှု၊ တပ်နေရာ အတင်းအကြပ် ပြောင်းရွှေ့ခိုင်းမှုကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ၂ နာရီနီးပါး ဖြစ်ပွားကာ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း ဆိုထားသည်။

SSPP/SSA

အလားတူ SSPP ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းကို ကိုးကန့်တပ် MNDAA မှ ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် SSPP/SSA မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း SSPP Info သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် သီပေါနှင့် လားရှိုးမြို့နယ်အတွင်း SSPP/SSA တပ်စခန်း တည်ရှိရာ ကျေးရွာများသို့ ကိုးကန့်တပ် MNDAA မှ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာသည့် အခြေအနေရှိကြောင်း ဒေသခံများက ပြောသည်။

သျှမ်းတပ် SSPP/SSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် ‘ဝ’တပ်ဖွဲ့ UWSA ဦးဆောင်ပြီး အဖွဲ့ဝင် (၇) ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ (FPNCC) တွင် မဟာမိတ်အဖြစ် ပါဝင်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...