သီပေါမြို့နယ် SSPP ထိန်းချုပ် စိန်ကျော့တပ်စခန်းအနီး MNDAA ဆက်လက်ပိတ်ဆို့တပ်စွဲထား

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ဧပြီလ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် MNDAA တို့အကြား စစ်ရေးပဋိပက္ခသည် နှစ်ပတ်ကျော် ကြာသည်အထိ ဆက်လက်တင်းမာနေပြီး SSPP ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဆင်ကျော့ကို ဦးတည်ထားတဲ့ လမ်းတွေ သူတို့ (MNDAA) အကုန်ဝင်ထားတယ်။ နမ္မကနေ ဆင်ကျော့၊ ပြီးတော့ ဟိုတိမှာ လာပေါက်တဲ့လမ်းရော။ တချို့လည်း ထပ်ဖြည့်တယ်လို့ ပြောတယ်။ ကိုးကန့်နဲ့ ခင်တဲ့လူတွေ ပြောတာကျတော့ သူတို့ ပြန်ဆုတ်တော့မယ်လို့လည်း ကြားတယ်။ ကိုးကန့်တွေ သီပေါထဲက ဆုတ်ပေးရင် SSPP ဘက်ကလည်း လားရှိုးဘက် နမ့်ပေါင်ကနေ ဆုတ်ပေးရမယ်ဆိုတော့ စကားပြောလို့ မပြီးသေးဘူး”ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

SSPP ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းကို ဧပြီလ ၂၉ ရက် ညနေပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ခေတ္တထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသော်လည်း ဧပြီလ ၃၀ ရက်တွင် SSPP/SSA မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်ထားသည်။

MNDAA တပ်သား

၎င်းနောက်တွင် သီပေါနှင့် လားရှိုးမြို့နယ်အတွင်း SSPP/SSA တပ်စခန်း တည်ရှိရာ ကျေးရွာများသို့ MNDAA မှ အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဘက်တပ်ဖွဲ့ စစ်ရေးတင်းမာသည့် အနေအထားရှိကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ သီပေါမြို့နယ် ဆင်ကျော့ကျေးရွာအခြေစိုက် SSPP ၏ စိန်ကျော့တပ်စခန်းကို MNDAA ဘက်မှ လားရှိုးမြို့နယ် အစပ်ရှိ နမ္မကျောက်မီးသွေးတွင်းဘက်မှလည်းကောင်း၊ သီပေါမြို့ဘက်မှ လာသည့် ပန်ညုကျေးရွာဘက်မှလည်းကောင်း၊ မိုင်းရယ်မြို့နယ်ဘက်မှ လာသည့် ဟိုတိကျေးရွာဘက်တွင်လည်းကောင်း စစ်ကြောင်း (၃) ကြောင်းခွဲကာ ဝိုင်းရံပိတ်ဆို့ ထားကြောင်း ဒေသခံများက ပြောသည်။

“နမ္မဘက်ကျတော့ အခု ကိုးကန့်ပဲ နေရာယူထားတာ။ တိုက်ပွဲဖြစ်တဲ့နေ့ကတည်းက နမ္မဘက်ကနေ SSPP ဆုတ်လာတာ။ တန်ပြန်တိုက်စစ် ပြန်မဖွင့်သေးဘူး။ ဆွေးနွေးတယ်ပြောပြီး နှစ်ဖက်တပ်ကလည်း ရောက်တဲ့နေရာ ရပ်ထားကြတာ”ဟု သီပေါဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သီပေါမြို့နယ်အတွင်း SSPP/SSA တပ်စခန်းများ တည်ရှိရာ နားနန်းကျေးရွာ၊ နားတော်ကျေးရွာ၊ ခိုနန်းဖ၊ တင်းဟိုင်းကျေးရွာ၊ ဆင်ကျော့၊ နားတောင့်၊ နားမခေါ်၊ ဖာစေ စသည့် နေရာများ၌ ကိုးကန့်တပ်ဖွဲ့ MNDAA မှ အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာသည့် အခြေအနေများ ရှိနေကြောင်းလည်း SSPP Info မှ ဧပြီလ (၃၀) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မေလဆန်းပိုင်းတွင် SSPP ဘက်မှ ဗဟိုနိုင်ငံရေးကော်မတီနှင့် MNDAA ဘက်မှ ဗဟိုအဆင့် တာဝန်ရှိသူများသည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ် ပန်ဆန်းမြို့၌ လက်ရှိဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှု အခြေအနေများကို တွေ့ဆုံဆွေး‌နွေးခဲ့ကြသည်။

ထိုသို့ နှစ်ဘက်တွေ့ဆုံ ဆွေးနွေးမှုအတွင်း MNDAA ဘက်မှ မူဆယ်၊ ကွတ်ခိုင် တကြောရှိ SSPP တပ်စခန်းများကို ဆုတ်ခွာပေးရန် သို့မဟုတ် ပြည်ထောင်စုလမ်းမကြီးတလျှောက် SSPP မှ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် တောင်းဆိုခဲ့ခြင်းကြောင့် ဆွေးနွေးညှိနှိုင်းမှုအတွင်း သဘောတူညီမှု တစုံတရာ မရရှိခဲ့ဘဲ အစည်းအဝေး ပြီးဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မေလ (၈) ရက်တွင် သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...