Tuesday, January 27, 2026

PNO

နိုင်ငံရေး ရှုပ်ထွေးနေချိန် ပုံးအင်းဒေသတစ်ခုလုံးကို PNO လက်အောက်ထဲ သိမ်းယူရန် ကြိုးပမ်းနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က နိုင်ငံရေး ရှုပ်ထွေးနေချိန် အခွင့်ကောင်းယူပြီး သိမ်းယူရန် ကြိုးပမ်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ပုံးအင်းဒေသသည် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် ဆီဆိုင်မြို့နယ် (၃) မြို့နယ် ပါဝင်ဖွဲ့စည်းထားသည်။ ထိုပုံးအင်းဒေသအတွင်းရှိ ကျေးရွာများကိုလည်း မြစ်ချောင်းအဖြစ် ခြားထားပြီး...

PNO မှ ပစ်ခတ်လိုက်သည့် ဆိုက်ခေါင်အမျိုးသမီး သေဆုံးသွား

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ ပအိုဝ်းပြည်သူ့စစ် (PNO) က ပစ်ခတ်လိုက်သည့် အသက် (၂၂) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ဇွန် (၁၄) ရက်တွင် ဆိုက်ခေါင်စံပြကျေးရွာ သီရိရပ်ကွက်နေ နန်းခမ်းအွမ် ကို ပအိုဝ်းပြည်သူ့စစ် (PNO) က ပစ်ခတ်လိုက်ပြီးနောက် စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု...

ဖယ်ခုံမြို့နယ်စစ်ကောင်စီ နှင့် PNO မှ စစ်ရှောင်နေအိမ်များထံ ပစ္စည်းဝင်ယူနေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO) တို့သည် စစ်ရှောင်ပြည်သူ နေအိမ်များထံ ပစ္စည်းဝင်ယူသွားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ နှင့် PNO တို့သည် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာ၊ ဆောင်နန်းခဲကျေးရွာ၊ လဟယ်ကျေးရွာ နှင့် မခေခမ်းကျေးရွာတွင် တပ်ဆွဲထားပြီး စစ်ရှောင်နေကြသည့် ပြည်သူများ၏...

ဒေသလုံခြုံရေး အကြောင်းပြ စစ်ကောင်စီ အတွက် တပ်သားစုပေး

“PNO က စစ်သားကောက်မယ်ဆိုတဲ့ သတင်းကြောင့် ကျနော် အခု တောင်ကြီးမြို့ပေါ် ရှောင်လာတာ။ ကျနော့်သူငယ်ချင်းတွေလည်း ရွာထဲမှာ မရှိတော့ဘူး” အသက် ၂၂ အရွယ်ရှိ ပအိုဝ်းလူငယ် အမျိုးသားတစ်ဦးက လက်ရှိ အခြေအနေကို ပြောပြလာပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်လို့လည်းခေါ် ပအိုဝ်းပြည်သူ့စစ်လို့လည်း လူသိများတဲ့ (PNO) ဟာ တောင်ကြီးခရိုင်အတွင်းရှိ...

လူငယ်ချင်းရန်ဖြစ် PNO တပ်ဖွဲ့မှ သေနတ်ဖောက် အမျိုးသမီးတစ်ဦး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအတွင်း လူငယ်အချင်းချင်း ရန်ဖြစ်ရာမှ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့မှ သေနတ်ဖောက်ကာ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဆိုက်ခေါင်စံပြကျေးရွာမှာ ဇွန် ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်တွင် လူငယ်များ သောက်စားပျော်ပါးပြီး အချင်းချင်း စကားများရန်ဖြစ်ရာမှ PNO...

ဆီဆိုင်မြို့နယ် ဒေသခံများ PNO နှင့် PDF တို့ကြား နေထိုင်ရ ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဒေသခံများက စစ်ကောင်စီ လက်အောက်ခံ PNO နှင့် PDF တို့ကြား နေထိုင်ရတာ ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ယခုရက်ပိုင်း PNO တပ်ဖွဲ့က ဆီဆိုင်မြို့နယ်အတွင်း လာမည့် ဇွန် ၂၇ ရက်နေ့တွင် နောက်ဆုံးထားကာ တပ်သားသစ်ကောက်ယူနေပြီး၊ တစ်ဖက်မှာလည်း PNO တပ်ထဲ...

တောင်ကြီးမြို့ နှင့်ထိစပ်နေသည့် နမ့်ဆီးကျေးရွာအုပ်စုထိ PNO တပ်မှ တပ်သားသစ်စာရင်း နှင့် ငွေကောက်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့်ထိစပ်နေသည့် နမ့်ဆီးကျေးရွာအုပ်စုထိ PNO တပ်ဖွဲ့က တပ်သားသစ် နှင့် ငွေကြေး လိုက်တောင်းခံ နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။လွန်ခဲ့သည့် မေလ ၂၀ ရက်နေ့က တောင်ကြီးမြို့နယ် (၄) မိုင် နှင့် (၆) မိုင်ကျေးရွာတွင် နေထိုင်သည့် ပြည်သူများကို PNO တပ်ဖွဲ့က...

တောင်ကြီးမြို့ ပြည်သူ့နေအိမ်တလုံးကို PNO တပ်ဖွဲ့ကဖျက်ဆီး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အထက် (၄) မိုင် ဘုရား ၉ ဆူ ကျေးရွာ နေအိမ်တစ်ခုကို ပအို၀်း အမျိုးသားအဖွဲ့အစည်း (PNO )က စစ်ကောင်စီ နှင့် ပူးပေါင်းပြီး ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မေလ ၂၈ ရက်နေ့က PNO တပ်သား ၊...

ဖယ်ခုံ လွိုင်ပေါကျေးရွာအုပ်စု စစ်ကောင်စီ နှင့် PNO ၀င်မွှေ တန်ဖိုးကြီးပစ္စည်းများယူသွား

သျှမ်းတောင် ဖယ်ခုံမြို့နယ် လွိုင်ပေါကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် ပအို၀်းပြည်သူ့စစ် (PNO)တို့သည် ပြည်သူနေအိမ်များကို ၀င်ရောက်မွှေနှောက်ယူ ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများ ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့သည် မေ ၁၂ရက် နံနက်ပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ်အတွင်း တိုက်လေယာဥ်သုံးကာ ပစ်ခတ်ခဲ့ပြီးနောက် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုထွက်ပြေးတိမ်းရှောင်လာပြီးနောက် လွန်ခဲ့သည့် ရက်တပတ်အတွင်း စစ်ကောင်စီ...

ဟိုပုံးမြိုနယ် အတွင်း PNOမှ တအိမ် ၃သောင်းကျပ်နှင့် စစ်သားသစ်စုဆောင်းရန် စာရင်းကောက်နေ

သျှမ်းတောင် ဟိုပုံးမြို့နယ် အတွင်းရှိ ကျေးရွာတချို့ကို ပအိုဝ်းပြည်သူ့စစ် (PNO)မှ တအိမ်ထောင်စုလျှင် ကျပ်ငွေ ၃သောင်းကျပ်နှင့် စစ်သားသစ်စုဆောင်းရန် စာရင်းများလာကောက်နေကြောင်း စုံစမ်းသိရသည်။ PNO မှ နယ်မြေလုံခြုံရေး ဟုပြောဆိုပြီး အသက် ၁၈နှစ်မှ အသက် ၅၀ အောက်များ၏ နာမည်စာရင်းကို ကောက်ပေးရန် နှင့် လုံခြုံရေးလှုပ်ရှားရန်...

Latest news