အင်းလေးဒေသတွင် စစ်ကောင်စီ နှင့် PNO တို့ပူးပေါင်းပြီး ဒေသခံများထံ ဆက်ကြေးကောက်

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေး အနောက်ဘက်ခြမ်းရှိ အင်းတိမ်ရွာ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) တို့ ပူးပေါင်းပြီး ဆက်ကြေးကောက်ခံ ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

အင်းလေးဒေသ

အင်းလေးဒေသ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် သျှမ်းတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) ပူးပေါင်းတပ်ဖွဲ့ (၂) ဖွဲ့သည် ဂိတ်များကို တင်းကြပ်စွာ စစ်ဆေး ပြုလုပ်နေကြောင်း သိရှိရသည်။

ယခု သီတင်းပတ်အတွင်း အင်းလေးဒေသ အနောက်ဘက်ခြမ်းရှိ အင်းတိမ်ရွာ နှင့် ကျားတွန်ရွာမှ ကားရှိသည့် ဒေသခံများ၏ နေအိမ်ကို တစ်အိမ်လျှင် ကျပ်ငွေ (၇၀,၀၀၀) ရိက္ခာထောက်ပံ့ကြေးဟုဆိုပြီး စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့က ဆက်ကြေး ကောက်ခံနေကြောင်း အင်းလေးဒေသခံ အသက် ၂၀ နှစ်ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲဖြစ်ပြီးကတည်းက သူတို့ စစ်ဆေးရေး တင်းကြပ်ထားတာပါ။ အင်းအနောက်ဘက်ခြမ်းက ပြည်သူတွေကို ဆက်ကြေးကောက်တယ်။ ရိက္ခာထောက်ပံ့ကြေးဆိုပြီး ကားရှိတဲ့အိမ်ကို တစ်အိမ် (၇၀,၀၀၀) ကျပ် တောင်းသွားတယ်။ ဂိတ်တွေမှာလည်း ကြုံရင်ကြုံသလို တောင်းနေတယ် “ ဟု ၎င်းအမျိုးသားက ပြောသည်။

ထို့အပြင် ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းတိမ်ရွာရှိဂိတ်၊ မှော်ဘီဂိတ်၊ ထီရီးဂိတ် နှင့် ရွေဥဒေါင်း ဘုရားအနီးဂိတ်တွင် စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ယခင်ထက် စစ်ဆေးရေးများ ပြုလုပ်လာနေကြောင်း သိရသည်။

“ တိုက်ပွဲက ငြိမ်နေတယ်ဆိုပေမယ့် ဂိတ်တွေမှာတော့ စစ်ကောင်စီနဲ့ (PNO/PNA) တပ်သားတွေက စစ်ဆေးရေးတွေ တင်းကြပ်နေတယ်။ ဂိတ်ဖြတ်ပြီး သွားလာတဲ့ သူကို ကြုံရင်ကြုံသလို ပိုက်ဆံ ကောက်နေတာတွေ့ရတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် (ဇန်နဝါရီ ၃ ရက်) မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် သျှမ်းတောင် – ပြည်သူ့ကာကွယ်ရေး PDF တို့ အင်းလေးကန် အနောက်ဘက်ခြမ်း ဘုရားနီကျေးရွာ နှင့် သန်းတောင်ကျေးရွာကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...