Tuesday, January 27, 2026

အင်းလေးဒေသတွင် စစ်ကောင်စီ နှင့် PNO တို့ပူးပေါင်းပြီး ဒေသခံများထံ ဆက်ကြေးကောက်

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေး အနောက်ဘက်ခြမ်းရှိ အင်းတိမ်ရွာ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) တို့ ပူးပေါင်းပြီး ဆက်ကြေးကောက်ခံ ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

အင်းလေးဒေသ

အင်းလေးဒေသ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် သျှမ်းတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) ပူးပေါင်းတပ်ဖွဲ့ (၂) ဖွဲ့သည် ဂိတ်များကို တင်းကြပ်စွာ စစ်ဆေး ပြုလုပ်နေကြောင်း သိရှိရသည်။

ယခု သီတင်းပတ်အတွင်း အင်းလေးဒေသ အနောက်ဘက်ခြမ်းရှိ အင်းတိမ်ရွာ နှင့် ကျားတွန်ရွာမှ ကားရှိသည့် ဒေသခံများ၏ နေအိမ်ကို တစ်အိမ်လျှင် ကျပ်ငွေ (၇၀,၀၀၀) ရိက္ခာထောက်ပံ့ကြေးဟုဆိုပြီး စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့က ဆက်ကြေး ကောက်ခံနေကြောင်း အင်းလေးဒေသခံ အသက် ၂၀ နှစ်ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲဖြစ်ပြီးကတည်းက သူတို့ စစ်ဆေးရေး တင်းကြပ်ထားတာပါ။ အင်းအနောက်ဘက်ခြမ်းက ပြည်သူတွေကို ဆက်ကြေးကောက်တယ်။ ရိက္ခာထောက်ပံ့ကြေးဆိုပြီး ကားရှိတဲ့အိမ်ကို တစ်အိမ် (၇၀,၀၀၀) ကျပ် တောင်းသွားတယ်။ ဂိတ်တွေမှာလည်း ကြုံရင်ကြုံသလို တောင်းနေတယ် “ ဟု ၎င်းအမျိုးသားက ပြောသည်။

ထို့အပြင် ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းတိမ်ရွာရှိဂိတ်၊ မှော်ဘီဂိတ်၊ ထီရီးဂိတ် နှင့် ရွေဥဒေါင်း ဘုရားအနီးဂိတ်တွင် စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ယခင်ထက် စစ်ဆေးရေးများ ပြုလုပ်လာနေကြောင်း သိရသည်။

“ တိုက်ပွဲက ငြိမ်နေတယ်ဆိုပေမယ့် ဂိတ်တွေမှာတော့ စစ်ကောင်စီနဲ့ (PNO/PNA) တပ်သားတွေက စစ်ဆေးရေးတွေ တင်းကြပ်နေတယ်။ ဂိတ်ဖြတ်ပြီး သွားလာတဲ့ သူကို ကြုံရင်ကြုံသလို ပိုက်ဆံ ကောက်နေတာတွေ့ရတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် (ဇန်နဝါရီ ၃ ရက်) မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် သျှမ်းတောင် – ပြည်သူ့ကာကွယ်ရေး PDF တို့ အင်းလေးကန် အနောက်ဘက်ခြမ်း ဘုရားနီကျေးရွာ နှင့် သန်းတောင်ကျေးရွာကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...