ဘုရားထီးတင်ပွဲအတွက် PNO မှ တစ်အိမ်လျှင် ၅,၀၀၀ ကျပ် လိုက်ကောက်

သျှမ်းပြည် တောင်ကြီးခရိုင် ကျောက်တလုံးမြို့တွင် တည်ထားကိုးကွယ်ထားသည့် မဟာဝံသ ဗုဒ္ဓဂါယာ စေတီတော်မြတ်ကြီး ဘုရားထီးတင်ပွဲဟုဆိုပြီး ပအိုဝ်းပြည်သူ့စစ် (PNO/ PNA) သည် တစ်အိမ်လျှင် ၅,၀၀၀ ကျပ်ဖြင့် လိုက်လံကောက်နေကြောင်း သတင်းရရှိသည်။

ကျောက်တလုံးကြီးမြို့၏ မဟာဝံသဗုဒ္ဓဂါယာ စေတီတော်မြတ်ကြီး

ကျောက်တလုံးမြို့၏ မြောက်ဘက်အရပ်ရှိ မဟာဝံသ ဗုဒ္ဓဂါယာ စေတီတော်မြတ်ကြီးကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက စတင်ပြီး ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ခေါင်းဆောင် ဦးအောင်ခမ်းထီးက ဦးဆောင်ကာ တည်ဆောက်လာကြောင်း ဖြစ်သည်။

လာမည့် တပေါင်းလဆန်း ၁၄ ရက်မှာ တည်ထားကိုးကွယ်ထားသည့် မဟာဝံသဗုဒ္ဓဂါယာ စေတီတော်မြတ်ကြီး ဘုရားထီးတင်ပွဲကို ပြုလုပ်မည်ဖြစ်သောကြောင့် တစ်အိမ်လျှင် ၅,၀၀၀ ကျပ် အလှူငွေထည့်ရန် ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်က အိမ်တိုင်ရာရောက် စာပို့ခဲ့ကြောင်း သိရှိရသည်။

“ဘုရားထီးတင်ပွဲကို တပေါင်းလဆန်း ၁၄ ရက် လုပ်မယ်လို့တော့ ပြောတယ်။ ဦးအောင်ခမ်းထီး တို့က ဦးဆောင်ပြီး အထူးဒေသ (၆) ထဲရှိ ပြည်သူတွေကိုလည်း သူက ဖိတ်မယ်ထင်တယ်။ စေတနာ ရှိသလောက်တော့ သူတို့အလှူခံတယ်။ အနီးနားက ရွာတွေတော့ ဝါးလုံးရေ ဘယ်လောက်ဆိုပြီး အကန့်သတ်နဲ့ လာလှူဖို့တော့ ပြောတယ် “ ဟု ကျောက်တလုံးမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပွဲဖြစ်မြောက်ရေး အလှူငွေကို တပို့တွဲ လဆန်း (၁) ရက်နေ့တွင် နောက်ဆုံးထားပြီး ထည့်ပေးရန် ၎င်း စာစောင်ထဲတွင် ပအိုဝ်းစာဖြင့် ရေးသားဖော်ပြထားသည်။

ထို့အပြင် တစ်အိမ်လျှင် ၅,၀၀၀ ကျပ် အလှူငွေ တောင်းခံမှုနှင့်ပတ်သက်ပြီး ၎င်းက “တချို့လူတွေက များများလှူရတာ မကြိုက်လို့လားတော့ မပြောတတ်ဘူးဗျ။ ဒါက ကျနော်တို့ ဗုဒ္ဓဘာသာဝင်အနေ နဲ့ ဝဋ်ကြွေးလှူဒါန်း နိုင်အောင် ကျနော်တို့မှာ အားလုံးတာဝန်ရှိပါတယ်။ တချို့ မလှူနိုင်လည်းဘဲ သာဓုခေါ်ယုံလောက်သာ ကုသိုလ်ရတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ဘုရားထီးတင်ပွဲ၏ ပွဲဖြစ်မြောက်ရေး အလှူငွေအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆီဆိုင်၊ ဟိုပုံး နှင့် ပင်လောင်းမြို့နယ် အပြင် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) လှုပ်ရှားနယ်မြေ တောင်ကြီး၊ ညောင်ရွှေ၊ လွိုင်လင် တို့ကိုလည်း အလှူငွေ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ PNO အနေဖြင့် အိမ်တိုင်ရာရောက် တအိမ်လျှင် ၅,၀၀၀ ကျပ်ထည့်ရန် လာရောက်စာပို့ခြင်းသည် ပိုက်ဆံရသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သို့မဟုတ် ထည့်ချင်သည်ဖြစ်စေ မထည့်ချင်သည်ဖြစ်စေ ပါဝင်ရမည်ဖြစ်ကြောင်း အလှူသဘော သဘာဝသည် မိမိစိတ်တွင် လှူဒါန်းချင်စိတ်ရှိမှတာ အလှူမြှောက်ကြောင်းလည်း တောင်ကြီးဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...