စစ်ကောင်စီ ကျေးရွာတွင်း တပ်စွဲနေထိုင်မှုကြောင့် ပင်လောင်းမြို့နယ် ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးနေရ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင်း စစ်ကောင်စီ၊ PNO တို့ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့နှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူ (၅,၀၀၀) ဝန်းကျင်က ထွက်ပြေးတိမ်းရှောင် နေရကြောင်း စုံးစမ်းသိရသည်။

ပုံ – ကြယ်တံခွန် လူမှုကူညီရေးပရဟိတအသင်း

ပင်လောင်းမြို့နယ် ၈ ရက်သာ တိုက်ပွဲအတွင်း ဒေသခံ ပြည်သူများ နေ့စဉ်ဆက်တိုက် ထွက်ပြေး တိမ်းရှောင်နေရသည်။

ထို့အပြင် စစ်ကောင်စီက ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် နယ်စပ်တွင်ရှိသည့် ကျေးရွာများထဲတွင် တပ်စွဲနေထိုင်သောကြောင့် ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေးလာနေရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများကပြောသည်။

“ စစ်ကောင်စီ နဲ့ PNO တို့က ကျေးရွာထဲမှာ တပ်စွဲပြီး နေထိုင်နေတာရှိတယ်။ ပြီးတော့ ရွာထဲမှာလည်း ပြည်သူအိမ်တွေကို မီးရှို့တာလည်းရှိတယ်။ ပြည်သူတွေကလည်း စိုးရိမ်ပြီးတော့ မနေရဲဘူး။ ထွက်ပြေးနေရတယ်။ အခုဆိုရင် ၅,၀၀၀ ကျော်လောက် ရှိနေပြီ” ဟု ၎င်းက ပြောသည်။

Credit: Voice Of Pinlaung

အဆိုပါ စစ်ဘေးရှောင်များသည် ပင်လောင်းမြို့ နှင့် နောင်တရားပေါ်ရှိ ဘုန်းကြီးကျောင်းထဲတွင် သွားရောက် ခိုလှုံနေကြပြီး၊ အချို့စစ်ဘေးရှောင်များသည် ဆွေမျိုးအိမ်တွေမှာ သွားရောက်ခိုလှုံကြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်သဖြင့် နေအိမ်များ ပျက်စီးသွားကြောင်း သိရသည်။

Credit: Voice Of Pinlaung

ထို့အပြင် တိုက်ပွဲအတွင်း PNO တပ်ဖွဲ့သည် ပျူစောထီးများသည့်အတွက်ကြောင့် ကျဆုံးမှု အများပြားရှိနေကြောင်း PDF နှင့် ရင်းနှီးသူထံမှ သိရသည်။

“PNO တပ်ဖွဲ့က စစ်သင်တန်း တက်ထားတဲ့ သူတွေဖြစ်တယ်။ အဲ့ကြောင့် သူတို့ဘက်က အကျဆုံးများတာ။ ပြီးခဲ့တဲ့ရက်က ၁၀ ယောက်သေတယ်လို့ ကြားတယ်။ သူတို့က စစ်သင်တန်းဆင်းတွေကိုလည်း တစ်ခါထဲ တိုက်ပွဲသွားဝင်ခိုင်းတယ်လေ” ဟု ၎င်းက ပြောသည်။

လက်ရှိ စစ်ကောင်စီ နှင့် PDF တို့သည် ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာ ၊ မြောက်စလုံးကျေးရွာ တို့ဘက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ၊ တိုက်ပွဲကြောင့် စစ်ကောင်စီသည် ညဘက်အချိန်တွင် ကျေးရွာအတွင်း နှင့် စစ်ဘေးရှောင်စခန်းထဲသို့ လက်နက်ကြီးများကို ရမ်းသမ်း ပစ်ခတ်နေလျက်ရှိသည်။

ထိုသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ည ၇ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာတွင်း ကျရောက်ခဲ့ပြီး ကျောင်းသား ၁ ဦး အပါဝင် ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ၆ ဦးခန့် ပျောက်ဆုံးနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...