ရပ်စောက်မြို့နယ် လောင်းကစားဝိုင်းကြောင့် အိမ်ထောင်ကွဲမှုများလာ

သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာထဲတွင် လောင်းကစားများကို လွတ်လပ်စွာ ကစားခွင့်ရှိလာသည့် အတွက်ကြောင့် အိမ်ထောင်ကွဲမှုများလာခဲ့ကြောင်း သတင်းရရှိသည်။

ပင်ဖြစ်ကျေးရွာ

ပင်ဖြစ်ကျေးရွာထဲတွင် လောင်းကစားဝိုင်ဖွင့်သူများက စစ်ကောင်စီ နှင့် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့ကို အခွန်ဆောင်ပြီး လောင်းကစားဝိုင်းကို ဖွင့်ခွင့်ရထားသည့် အတွက်ကြောင့် ပြည်သူများအတွက် ထိခိုက်လာခဲ့ကြောင်းသိရသည်။

“ သူတို့ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေကြောင့် ကျနော်တို့ရွာမှာ အိမ်ထောင်တွေကွဲကုန်တဲ့သူတွေ မနည်းတော့ဘူး။ ရွာမှာက ယောကျာ်းဖြစ်တဲ့သူတွေက ဆိုင်ကယ်ပေါင် ဖုန်းပေါင်ပြီးတော့ လောင်းကစား လုပ်ကြတယ်။ အဲကြောင့် မိန်းမဖြစ်သူတွေနဲ့ စကားများပြီး ရန်ဖြစ်ပြီး ကွဲကြတာပါ” ဟု ပင်ဖြစ်ကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် သမိုင်းကုန်းကျေးရွာတွင်လည်း အခွန်မဆောင်ဘဲ ဖွင့်လှစ်ထားသည့် ကြက်ဝိုင်းများလည်း PNO တပ်ဖွဲ့များက ဆိုင်ကယ်လိုက်လံသိမ်းယူပြီး တစ်ယောက်ကို ၈ သောင်းကျပ်ဖြင့် ပြန်လာလှဲယူခိုင်း ကြောင်းသိရသည်။

“ သမိုင်းကုန်းရွာမှာ လုပ်တဲ့ အပျော်တမ်းကြက်ဝိုင်းကိုကြတော့ သူတို့ကို အခွန်မဆောင်လို့ ဆိုပြီး ရွာသားတွေကို ငွေကျပ် ၃၆ သိန်း တောင်းတယ်။ သူတို့ကစားဝိုင်းထဲပါတဲ့သူတွေရဲ့ ဆိုင်ကယ်ကို သိမ်းလိုက်တာ။ အဲတာ ၁ ယောက်ကို ၈ သောင်းနဲ့ ပြန်သွားရွေးခိုင်းတာ။ သွားဆော့တဲ့သူတွေက အယောက် ၁၅၀ လောက်ရှိတယ်” ဟု ပင်ဖြစ်ကျေးရွာ ဒေသခံများက ပြောသည်။

ပင်ဖြစ်ကျေးရွာထဲတွင် စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကာလတွင် စစ်ကောင်စီတပ်ဖွဲ့များကို အခွန်ဆောင်ပြီး လောင်းကစားဝိုင်း များကို လွတ်လပ်စွာဖွင့်နေကြကြောင်းသိရသည်။

ထို့အပြင် ချဲဒိုင်းများလည်း တစ်လကို ၂ သိန်းနှုန်းဖြင့် အခွန်ဆောင်ပေးနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...