PNO ပါတီမှ စစ်ကောင်စီထံ နိုင်ငံရေးပါတီ မှတ်ပုံတင် တင်သွင်းထား

သျှမ်းပြည် အခြေစိုက် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO/PNA) မှ စစ်ကောင်စီတို့ လုပ်ဆောင်မည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ အတွက် နိုင်ငံရေး မှတ်ပုံတင် တင်သွင်းထားကြောင်း သတင်းသိရသည်။

၂၀၂၀ ရွေးကောက်ပွဲကာလက မြင်တွေ့ရသည့် ပါတီစည်းရုံးရေးဆင်းစဥ်

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ အရ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO/PNA) က နိုင်ငံရေးပါတီ အဖြစ် ဆက်လက်တည်ထောင်ရန် နိုင်ငံရေး မှတ်ပုံတင် တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း စစ်ကောင်စီပိုင် ကြေးမုံသတင်းစာတွင် ရေးသားထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO/PNA) ပါတီမှ နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည် လိုခွင့် နှင့် မှတ်ပုံတင်ခွင့် တင်သွင်းရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆက်လက် စိစစ်နေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်သည် စစ်အာဏာသိမ်းမှု မဖြစ်ခင် ပြီးခဲ့သည့် ၂၀၁၅ မှ ၂၀၂၀ အစိုးရသက်တမ်းတွင် ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ပြည်နယ်လွှတ်တော်မှ ၆ ဦး၊ ပြည်သူ့လွှတ်တော်မှ ၃ ဦး၊ အမျိုးသား လွှတ်တော်မှ ၁ ဦး ဖြင့် အနိုင်ရ တိုင်းရင်းသား ပါတီ တစ်ခုဖြစ်သည်။

၂၀၂၃ ရွေးကောက်ပွဲအတွက် စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ ဆိုင်ရာ ဥပဒေသစ်အရ တနိုင်ငံလုံး အဆင့်ဖြင့် ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီများသည် ပါတီရန်ပုံငွေ ကျပ်သိန်း ၁ ထောင် တင်ပြနိုင်မှသာ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်လျှောက်ထားနိုင်မည် ဖြစ်သည်။

ပြည်နယ်/တိုင်းမှာပဲ ရွေးကောက်ပွဲဝင်မည့် ပါတီများသည်လည်း ယခင် အရပ်သား အစိုးရလက်ထက်က ပေးသွင်း ရသည့် ရန်ပုံငွေ ကျပ် ၃ သိန်းအစား ဥပဒေသစ်အရ ကျပ်သိန်း ၁၀၀ ပြနိုင်မှသာလျှင် နိုင်ငံရေး ပါတီ မှတ်ပုံတင် တင်နိုင်မည် ဖြစ်သည်။

ထို့အပြင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်မည့်ပါတီသည် ပါတီမှတ်ပုံတင်ပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား ၁ သိန်း ရှိရမည်ဖြစ်ပြီး ပြည်နယ် နှင့် တိုင်းအဆင့် ဝင်ပြိုင်မည့် ပါတီအတွက် ပါတီဝင် လူအင်အား ၁ ထောင် စည်းရုံးနိုင်ရမည်ဟု သတ်မှတ်ထားသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ် မေလမှ စပြီး ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) က တစ်အိမ် လျှင် ငွေ ၃ သောင်း နှင့် ဆန်တစ်ပြည်ကို တောင်းခံခဲ့ပြီး ရပ်ရွာလုံခြုံရေးအတွက် ကျေးရွာတစ်ခုကို အမျိုးသား လူငယ် အယောက် ၂၀ တောင်းခံမှု ပြုလုပ်ခဲ့သည်။

လက်ရှိတွင်လည်း ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) စစ်သင်တန်းခေါ်ယူခြင်းသည် စုစုပေါင်း (၇) ကြိမ်မြောက် ရှိလာပြီဖြစ်ရာ အဆိုပါ ရပ်ရွာလုံခြုံရေးအကြောင်းပြသည့် PNO/PNA စစ်သင်တန်းကို ဒေသခံလူငယ်များက သဘောမကျ ကြကြောင်းလည်း စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...