Wednesday, April 24, 2024

တီကျစ် ကျောက်မီးသွေးတွင်းအနီး ယာဉ်မောင်းတစ်ဦး ပစ်သတ်ခံရပြီး လယ်သမားတစ်ဦးဒဏ်ရာရ

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် တီကျစ် ကျောက်မီးသွေးအနီး စစ်ကောင်စီ နှင့် PNO တို့ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးသွားပြီး လယ်သမားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှ ယနေ့ (ဇန်နဝါရီ ၁၈) ရက် တွင် ထုတ်ပြန်ထားသည်။

ပစ်ခတ်ခံရသည့် နေရာ

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက် ည ၈ နာရီဝန်းကျင်တွင် ပင်လောင်းမြို့ နယ် တီကျစ်ကျေး ရွာမှ ၃ မိုင်ခန့်ကွာဝေးသော အောင်ပန်း – ပင်လောင်း လမ်းမကြီးပေါ်မှ နေပြီး ဘုရားဖြူကျေးရွာဘက်သို့ မည်သည့်တိုက်ပွဲမှမရှိဘဲ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် နန်းဆောင်ကျေးရွာမှ အသက် ၄၀ ခန့် အမျိုးသားတစ်ဦးသည် လယ်ကွက်မှ ပြန်ချိန်တွင် လက်နက်ကြီး ထိမှန်ကာ ခြေထာက်တွင် လက်နက်ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုနောက် ည ၉ နာရီဝန်းကျင်တွင် အောင်ပန်း ပင်လောင်း ကားလမ်းပေါ်တွင် မောင်းလာသည့် အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသားသည် အမြန်မောင်းနှင်လာသောကြောင့် ပစ်ခတ်ခံရပြီး ဝမ်းဗိုက်အောက် အူမကြီးထိမှန်ဒဏ်ရာရကာ သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါ သေဆုံးသွားသည့် အမျိုးသားသည် ပင်လောင်းမြို့နယ် မွေးပြင်ကျေးရွာအုပ်စု ကင်မွန်းချူံကျေးရွာမှ ရွာသား ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို မိသားစုဝင်ထံ ပြန်ပေးခြင်းမရှိပဲ ဇန်နဝါရီ ၈ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ပင်လောင်းသုသာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင်လည်း ညောင်ရွှေမြို့နယ် အင်းလေးကန် အနောက်ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲကြောင့် စစ်ကောင်စီသည် ညောင်ရွှေမြို့နယ် ၊ ပင်လောင်းမြို့နယ် နှင့် တောင်ကြီးမြို့နယ်ထဲ တို့တွင် စစ်ဆေးရေး တင်းကြပ်လာလျက်ရှိသည်။

စစ်ကောင်စီ တပ်သားများ နှင့် PNO တပ်ဖွဲ့၀င်များသည် အောင်ပန်း – တီကျစ် – ပင်လောင်း လမ်းကို ဆက် လက်ပိတ်ဆို့ထားပြီး အဆိုပါ လမ်းပေါ်၌ ကလောအခြေစိုက် စစ်ကောင်စီတပ် ခမရ ၇ နှင့် တီကျစ်အခြေစိုက် ခမရ ၅၁၁၊ ခမရ ၅၂၂ အပါအဝင် PNO တပ်များ လှုပ်ရှားလျက်ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article