တီကျစ် ကျောက်မီးသွေးတွင်းအနီး ယာဉ်မောင်းတစ်ဦး ပစ်သတ်ခံရပြီး လယ်သမားတစ်ဦးဒဏ်ရာရ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် တီကျစ် ကျောက်မီးသွေးအနီး စစ်ကောင်စီ နှင့် PNO တို့ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးသွားပြီး လယ်သမားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှ ယနေ့ (ဇန်နဝါရီ ၁၈) ရက် တွင် ထုတ်ပြန်ထားသည်။

ပစ်ခတ်ခံရသည့် နေရာ

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက် ည ၈ နာရီဝန်းကျင်တွင် ပင်လောင်းမြို့ နယ် တီကျစ်ကျေး ရွာမှ ၃ မိုင်ခန့်ကွာဝေးသော အောင်ပန်း – ပင်လောင်း လမ်းမကြီးပေါ်မှ နေပြီး ဘုရားဖြူကျေးရွာဘက်သို့ မည်သည့်တိုက်ပွဲမှမရှိဘဲ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် နန်းဆောင်ကျေးရွာမှ အသက် ၄၀ ခန့် အမျိုးသားတစ်ဦးသည် လယ်ကွက်မှ ပြန်ချိန်တွင် လက်နက်ကြီး ထိမှန်ကာ ခြေထာက်တွင် လက်နက်ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုနောက် ည ၉ နာရီဝန်းကျင်တွင် အောင်ပန်း ပင်လောင်း ကားလမ်းပေါ်တွင် မောင်းလာသည့် အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသားသည် အမြန်မောင်းနှင်လာသောကြောင့် ပစ်ခတ်ခံရပြီး ဝမ်းဗိုက်အောက် အူမကြီးထိမှန်ဒဏ်ရာရကာ သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါ သေဆုံးသွားသည့် အမျိုးသားသည် ပင်လောင်းမြို့နယ် မွေးပြင်ကျေးရွာအုပ်စု ကင်မွန်းချူံကျေးရွာမှ ရွာသား ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို မိသားစုဝင်ထံ ပြန်ပေးခြင်းမရှိပဲ ဇန်နဝါရီ ၈ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ပင်လောင်းသုသာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင်လည်း ညောင်ရွှေမြို့နယ် အင်းလေးကန် အနောက်ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲကြောင့် စစ်ကောင်စီသည် ညောင်ရွှေမြို့နယ် ၊ ပင်လောင်းမြို့နယ် နှင့် တောင်ကြီးမြို့နယ်ထဲ တို့တွင် စစ်ဆေးရေး တင်းကြပ်လာလျက်ရှိသည်။

စစ်ကောင်စီ တပ်သားများ နှင့် PNO တပ်ဖွဲ့၀င်များသည် အောင်ပန်း – တီကျစ် – ပင်လောင်း လမ်းကို ဆက် လက်ပိတ်ဆို့ထားပြီး အဆိုပါ လမ်းပေါ်၌ ကလောအခြေစိုက် စစ်ကောင်စီတပ် ခမရ ၇ နှင့် တီကျစ်အခြေစိုက် ခမရ ၅၁၁၊ ခမရ ၅၂၂ အပါအဝင် PNO တပ်များ လှုပ်ရှားလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...