Wednesday, January 28, 2026

ဆီဆိုင်မြို့နယ် လယ်ထွန်စက်ရှိအိမ်ကို PNO/PNA ပိုက်ဆံကောက်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စုမှ လယ်ထွန်စက် ရှိသည့် နေအိမ်များကို ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ PNO/PNA များက ပိုက်ဆံ အဆမတန်ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့( ဒီဇင်ဘာလ ၂၃) ရက် နံနက်ပိုင်း ၁၀ နာရီတွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု နောင်မိုကျေးရွာကို ပအိုဝ်းပြည်သူ့စစ် PNO/PNA တပ်သား ၄ ဦးက ရိက္ခာ ထောက်ပံ့ကြေးအနေဖြင့် လယ်ထွန်စက်ရှိသည့် အိမ်ကို တစ်စီးလျှင် (၅) သောင်း ကောက်ခံနေကြောင်း နောင်မိုဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့ထောက်ပံ့ကြေးဆိုပြီး လယ်ထွန်စက်ရှိတဲ့အိမ်ကို တစ်စီးကို ၅သောင်း ကျပ်ဆိုပြီး ကောက်သွားတယ်။ သူတို့ကို PNO/PNA တပ်သားလို့လည်း ပြောတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ယခင် စစ်အာဏာမသိမ်းခင်က ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ PNO/PNA သည် ဒေသခံများကို တစ်ကြိမ်တစ်ခါမျှ ပိုက်ဆံကောက်ခံခြင်းမရှိခဲ့ကြောင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ကောက်ခံလာနေကြောင်း ဆီဆိုင်မြို့နယ်ဒေသခံများက ပြောသည်။

လက်ရှိ ကုန်စျေးနှုန်းမြင့်တက်နေသည့်အချိန် ဒေသခံပြည်သူများထံ ပိုက်ဆံအဆမတန် ကောက်ခံခြင်း သည် ပြည်သူများကို ပိုပြီးအခက်အခဲဖြစ်နေစေကြောင်း ၎င်းကထပ်လောင်းပြောသည်။

“ အခုကာလက ကုန်ဈေးနှုန်းတွေ ဈေးကြီးတယ်။ နိုင်ငံရေးကမကောင်းတာနဲ့ အလုပ်ကလည်း အဆင်မပြေဘူး။ သူတို့လာကောက်တာ မပေးရင်လည်း ကြောက်ရတယ်။ သူတို့ စားဖို့သောက်ဖို့လည်း ခဏခဏ သွားပို့ဖူးပြီးပြီ။ အခုလည်း ပိုက်ဆံထပ်ပေးရတော့ အဆင်မပြေတော့ဘူး “ ဟု ၎င်းကထပ်လောင်း ပြောသည်။

ထို့အပြင် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ PNO/PNA လှုပ်ရှားနယ်မြေ ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စုအပြင် ပုံးအင်း၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်အတွင်း ကျေရွာများကို ကောက်ခံနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...