Wednesday, January 28, 2026

PNO/PNA ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီမှ လက်နက် အများအပြား ဖမ်းဆီးမိ

သျှမ်းပြည်တောင်ပိုင်း PNO/PNA ထိန်းချုပ်နယ်မြေ ဟိုပုံးမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ လက်နက် အများအပြား ဖမ်းဆီးရမိကြောင်း သတင်း သိရသည်။

စစ်ကောင်စီမှ ဖမ်းဆီးရမိသည့် လက်နက်များ

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်တွင် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီး Type 81 ချေမှုန်းရေး ရိုင်ဖယ် အလက် ၄၉၉ လက် နှင့် ကျည်အိမ် ၄၉၈ ခု အပါအဝင် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီက ဒီဇင်ဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ PNO /PNA ထိန်းချုပ်နယ်မြေ အတွင်း၌ လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိခြင်း နှင့် ပတ်သက်ပြီး လမ်းကြောင်းအများအပြား ရှိနေသည့်အတွက် လက်နက်သယ်ဆောင်မှုသည် မည်သည့် လမ်းကြောင်းမှ ပေါ်လာခြင်းကို မသိရကြောင်း PNO/PNA တပ်ဖွဲ့ မှ ဗိုလ်မှူးသန်းကြွယ်က ပြောသည်။

“ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ လက်နက်တွေ အများကြီး ဖမ်းမိသွားတာတော့ သတင်းသိရတယ်၊ ဒီ PNO/ PNA ထိန်းချုပ်နယ်မြေထဲမှာလည်း လမ်းကြောင်းတွေ အများကြီးရှိတယ်၊ ကျနော်တို့လည်း လမ်းကြောင်း အားလုံးကို လိုက်မပိတ်နိုင်ဘူးလေ၊ အဓိက အရေးကြီးတဲ့ လမ်းတွေပဲ ပိတ်ထားတော့ ဒီလက်နက်တွေက ဘယ်ကနေ ဝင်လာမှန်း မသိရဘူး” ဟု ဗိုလ်မှူးသန်းကြွယ်က ပြောသည်။

ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများသည် အာဏာသိမ်း စစ်တပ်ကို လက်နက်ကိုင် တိုက်နေသည့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များထံ ပေးပို့မည့် လက်နက်များ ဖြစ်ကြောင်းလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကဲ့သို့ လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိခြင်းသည် ဒေသအတွင်း လုံခြုံရေး နှင့် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာနိုင်ကြောင်းလည်း ဗိုလ်မှူးသန်းကြွယ်က ပြောဆိုသုံးသပ်ထားသည်။

“အခုလို လက်နက် အများအပြား ဖမ်းဆီးမိနေမှတော့ လုံခြုံရေးတော့ တင်းကြပ်မှာပဲ၊ ဒီလို လက်နက်တွေက နည်းနည်းနောနော မဟုတ်တော့ ဘယ်တပ်ဖွဲ့ကမဆို ဒီဒေသက ဒီနေရာကိုတော့ လုံခြုံရေးထပ်တိုးမှာလို့ ကျနော်ကတော့ ယူဆတယ်၊ လက်နက်က အများကြီးဆိုတော့လေ” ဟု ဗိုလ်မှူး သန်းကြွယ်က ပြောသည်။

အဆိုပါ လက်နက်များသည် PDF များထံ ပေးပို့မည့် လက်နက်များဖြစ်ပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအား ဖြတ်သန်း သယ်ဆောင်စဉ် သတင်းပေါက်ကြားသဖြင့် ဖမ်းဆီးခံလိုက်ရသည့် သတင်းလည်း ထွက်လာသည်။

ပြီးခဲ့သည့် မေလပိုင်းတွင်လည်း သျှမ်းပြည် ရပ်စောက်မြို့ နယ်ရှိ စစ်ကောင်စီ၏ မင်းကြီးသုံးပါး စစ်ဆေးရေးဂိတ် တွင် ကားဖြင့် သယ်ဆောင်လာသည့် Type 81 ရိုင်ဖယ် အလက် ၅၀ နှင့် ဆက်စပ် ခဲယမ်းများ အပါအဝင် လက်နက် သယ်ဆောင်လာသည့် လူငယ်၂ ဦး အဖမ်းခံခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...