Wednesday, January 28, 2026

PNO

ဆီဆိုင်မြို့နယ် ဒေသခံများထံ PNLO မှ ရိက္ခာအတွက် ထော်လာဂျီတစ်စီး ကျပ်ငွေ ၁ သိန်းကောက်ခံ

သျှမ်းပြည် ဆီဆိုင်မြို့နယ် ထော်လဂျီရှိနေအိမ်များထံ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှရိက္ခာအတွက် ဟုဆိုပြီး တစ်စီးလျှင် ကျပ်ငွေ ၁ သိန်း သတ်မှတ် ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၄ ရက်တွင် PNLO မှ ရိက္ခာထောက်ပံ့ရန်ဟုဆိုပြီး ဆီဆိုင်မြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာပေါင်း ၂၀...

မူးယစ်ဆေးသုံးစွဲသည့် ပုံးအင်းဒေသ အသက်မပြည့် လူငယ်များကို PNO မှ ဖမ်းဆီး ငွေတောင်း

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသရှိ ဝမ်မိုင်ကျေးရွာမှ မူးယစ်ဆေးသုံးစွဲသော အသက်မပြည့်သေးသည့် လူငယ် ၃ ဦး အပါအဝင် အမျိုးသား ၁ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ (PNO) မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေညစ်တောင်းယူနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ရက်တပတ်အတွင်း ညသန်းခေါင်၌ ပုံးအင်းဒေသရှိ ဝမ်မိုင်ကျေးရွာမှ...

ဆီဆိုင်မြို့နယ် နိုင်ငံတကာ သံတမန်ယာဉ်တန်းကို PNO က ပစ်ခတ်ခဲ့သည်ဟု PNFC ထုတ်ပြန်

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် နိုင်ငံတကာ အာဆီယံ အဖွဲ့အစည်း သံတမန်ယာဉ်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က ပစ်ခတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ဟိုပုံး - ဆီဆိုင် ပြည်ထောင်စု...

ပင်လောင်းမြို့နယ် ဒေသခံများထံ PNO မှ အကြောင်းပြချက်မျိုးစုံ ပိုက်ဆံတောင်း

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်အတွင်းရှိ ဒေသခံများထံ ပြည်သူ့စစ်တပ်ဖွဲ့ (PNO) မှ အကြောင်းပြချက် အမျိုးမျိုးယူပြီး စစ်ရိက္ခာအတွက် ပိုက်ဆံတောင်းခံနေလျက်ရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလပိုင်းမှစပြီး ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းဒေသရှိ ကျေးရွာဒေသခံများထံ ပြည်သူ့စစ် PNO မှ ကျည်ဆံဖိုးအတွက်ဆိုပြီး တစ်အိမ်ကို ၇ သောင်း ကောက်ခံခဲ့ပြီး...

စားဝတ်နေရေး ကြပ်တည်းသည့် ကာလအတွင်း PNO မှ ကျည်းဖိုး ၈ သောင်းကျပ်ထိ ကောက်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ် အတွင်း ပြည်သူများ စားဝတ်နေရေး ကြပ်တည်းနေချိန် ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကျည်ဆံဖိုးအတွက်ငွေကြေး ၈ သောင်းကျပ်ထိ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (မတ်လ) မှစပြီး ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာ...

ဆီဆိုင်မြို့နယ် PNO မှ ကျည်ဆံဖိုး ကားဘီး ၁ ဘီး တစ်သိန်းကျပ် ကောက်ခံ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်တွင် ဒေသခံ လုံခြုံရေးအကြောင်းပြ၍ ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကားရှိသည့် ဒေသခံနေအိမ်ထံ ကားဘီး ၁ ဘီးလျှင် ကျပ်ငွေ ၁ သိန်း သတ်မှတ်ပြီး ကျည်ဆံဖိုးကောက်ခံ နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လမှစပြီး ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု၊ တောင်ရှေ့ကျေးရွာအုပ်စု...

ပင်လောင်းမြို့နယ် ကျေးရွာလုံခြုံရေးအတွက် ဒေသခံများ  စောင့်ဆိုင်းရမည်ဟု PNO အမိန့်ထုတ်

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကျေးရွာလုံခြုံရေးအတွက် ဒေသခံများကို ၂၄နာရီအတွင်း  ဂိတ်ဆောက်လုပ်ခိုင်းပြီး စောင့်ဆိုင်းရန် အမိန်စာထုတ် ပြန်ခဲ့ကြောင်း သတင်းသိရှိရသည်။ အဆိုပါ အမိန့်ထုတ်ပြန်စာစောင်ကို (မတ်လ ၂၅) ရက်က ထုတ်ပြန်ခဲ့ပြီး ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၏ လုံခြုံရေးကို ဒေသခံများအနေဖြင့် ရွာအဝင်အထွက်ကို ၂၄နာရီ ဂိတ်ဆောက်လုပ်ခိုင်းပြီး ဂိတ်စောင့်ခိုင်းကြောင်း၊ မစောင့်ဆိုင်းနိုင်ပါက တစ်ရက်လျှင် ကျပ် (၂၀,၀၀၀) ဒဏ်ငွေဆောင်ရန် ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားသည်။ “ ရွာအဝင် သံပန်းနဲ့တောင် လုပ်ခိုင်းတယ်။ PNO ကကျည်ဆံ ဝယ်ဖို့လည်း တစ်အိမ်ကို ၆ သောင်း ကောက်တယ်။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး “ ဟု ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အလားတူ ပြည်သူ့စစ်တပ်ဖွဲ့ PNO အသုံးပြုရန် ကားဝယ်ဖို့အတွက် တစ်အိမ်ကို ကျပ်ငွေ ၂၀၀၀ နှင့် ရေပိုက်ဝယ်ရန် ကျပ်ငွေ ၅၀၀ မထည့်မနေရကောက်ခံမည်ဖြစ်ကြောင်း၊ ယခု (မတ်လ ၃၀) ရက်နောက်ဆုံးထားပြီး ထည့်ပေးရန် ရေးသားဖော်ပြထားသည်။ ထို့အပြင် ဒေသခံများအနေဖြင့် ရွာလုံခြုံရေးအတွက် ဂိတ်ဖွင့်ပြီး စောင့်ဆိုင်းရန်၊ ကျည်ဆံဖို့အတွက် ပိုက်ဆံ ထည့်ရန် ငွေရေးကြေးရေး အခက်ခဲရှိနေကြောင်း သိရသည်။ “ ဒီလိုအချိန်က ပိုက်ဆံရှာရခက်တဲ့အချိန်လေ။ အခုနောက်ပိုင်း PNO က ခေါင်းစဥ်အမျိုးမျိုးနဲ့ ပြည်သူဆီ ပိုက်ဆံကောက် တယ်” ဟု ပအိုဝ်း လူငယ်တစ်ဦးက ပြောသည်။  PNO သည် စစ်ကောင်စီ၏ လက်အောက်ခံ တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ လက်ရှိ သျှမ်း-ကရင်နီ( ကယားပြည်) ဘက်...

ရှုပ်ထွေးတဲ့ နိုင်ငံရေးကြား ဘိန်းစိုက်ပျိုးမှု တဖန်ပြန်ရှင်သန်လာ

တောင်တန်းတွေ အကြားမှာ အရမ်းကို လှပတဲ့ ရောင်စုံပန်းတွေဟာ ပန်းဥယျာဥ်ခြံ အလား ထင်ရအောင် ဝေဝေဆာဆာ ဖူးပွင့်နေကြပါတယ်။ အလှမ်းဝေးတဲ့ နေရာကနေ ကြည့်ရင်တော့ ရောင်စုံ အလှပန်းများလားလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါတွေဟာ အလှပန်း စိုက်တဲ့ခြံမဟုတ်ဘဲ ဘိန်းစိုက်ခင်းတွေသာ ဖြစ်ပါတယ်။ ဘိန်းစိုက်ခင်း အဲ့ဒီ ရောင်စုံပန်းလို့ထင်ရတဲ့ ဘိန်းစိုက်ခင်းတွေဟာ...

ကရင်နီ နဲ့ ပအိုဝ်းကြား ပဋိပက္ခ ကြီးထွားအောင် စစ်ကောင်စီလုပ်နေ

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က တောင်ကြီးမြို့နယ် ကံကြီးရပ်ကွက် တပေါင်းကွင်းမှာ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO/PNA ရဲ့ ညွှန်ကြားမှု နဲ့ ပအိုဝ်းတိုင်းရင်းသားတွေ အများစုကတော့ KNDF / PDF မလိုအပ်ကြောင်း ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ ဒီဆန္ဒပြပွဲဟာ ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအတွင်းမှာ...

တောင်ကြီးတွင် စစ်ကောင်စီ လက်အောက်ခံ PNO မှ ဦးဆောင်ပြီး KNDF နဲ့ PDF တပ်ဖွဲ့ကို အလိုမရှိကြောင်း ဆန္ဒပြ

သျှမ်းပြည် တောင်ကြီးမြို့ ကံကြီးရပ်ကွက် တပေါင်းကွင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) မှ ဦးဆောင်ပြီး နမ့်နိန်းကျေးရွာအတွင်း သတ်ဖြတ်မှု နှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် PDF တို့ကို အလိုမရှိ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၁၅...

Latest news