ပင်လောင်း၊ ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

သျှမ်းပြည် ပင်လောင်းနှင့် ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံ ပြည်သူ့စစ် PNO က အင်အားဖြည့်တင်းနေလျက်ရှိကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့ စစ်အခြေခံလေ့ကျင့်ရေးတပ်အတွင်း ဧပြီလ ၁ ရက်နေ့ကတည်းက လူအင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာပြီး ၎င်းရှေ့ရက်မတိုင်ခင်ကလည်း ပင်လောင်းမြို့ကို စစ်ကောင်စီ၏ စစ်ကား ၅ စီးဖြတ်သန်းသွားခဲ့ကြောင်း ပင်လောင်းမြို့ဒေသခံတစ်ဦးက ပြောသည်။

“အခုသူတို့နောင်ဝိုးတံတားကို ဖျက်ထားတယ်ဆိုတော့ ဆောင်းပြောင်းကိုသူတို့တပ်အင်အား ထပ်ပို့ထားတယ်။ ရှေ့ရက်ကလည်း ပင်လောင်းစစ်လေ့ကျင့်ရေးတပ်စခန်းကို လူသစ်တွေထပ်လာပို့ထားတယ်။ ဘယ်ကနေ လာမှန်းတော့မသိဘူး။ သူတို့တပ်သားသစ်တွေက အသက်ငယ်ငယ်လေးတွေ၊ လူငယ်လေးတွေ အားကောင်းမောင်းသန်တဲ့အရွယ်တွေပဲ။ အနည်းဆုံးကားတစ်စီးထဲမှာ လူ ၃၀ ယောက်ပါတယ်။ အရင်ရက်တွေ ကတော့ စစ်ကား ၅ စီးလောက်ဆင်းလာသေးတယ်” ဟု ၎င်းကပြောသည်။

အလားတူ ညောင်ရွှေမြို့နယ် အင်းလေးတောင်ဘက်ခြမ်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ် PNO တို့ ဧပြီလ ၁ ရက်တွင် အင်အားအများအပြားဖြင့် ရောက်ရှိနေပြီး၊ ညောင်လေးပင်ရွာနှင့် ရေပူရွာကို နှစ်ရက်ဆက်တိုက် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်မှ သီခြားအတည်မပြုနိုင်သည့် သတင်းအချက်အရ ပင်လောင်းမြို့နယ်တွင် နေပြည်တော်မှ ဖြည့်တင်းလာသည့် တင့်ကားများလည်း ရောက်ရှိနေကြောင်း သိရသည်။ ပင်လောင်းမြို့နယ်သည် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ၈၅ မိုင်သာ ကွာဝေးသောကြောင့် စစ်ရေးအရ အရေးပါသည့်ဒေသ ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသဘက်ကို ထိုးစစ်ဆင်ရန်အတွက် အင်အားဖြည့်တင်းနေခြင်းဖြစ်ပြီး တစ်ဖက်တွင် ပူးပေါင်းတော်လှန်ရေးအင်အားစုတပ်ဖွဲ့များကခုခံရန် အင်အားဖြည့်တင်းနေသည့်အတွက် စစ်ရေးတင်းမာနေလျက်ရှိသည်။

“PDF ဘက်ကလည်း နေရာတိုင်းလိုလိုမှာရှိနေပြီ။ ဒီပင်လောင်းဘက်မှာလည်း တစ်ဝက်ကျော်လောက် ရောက်နေပြီ။ စစ်ကောင်စီဘက်ကလည်း အင်းအားဖြည့်နေတယ်ဆိုတော့ အခုလောဆယ် စစ်ရေးတင်းမာ နေတာတော့ရှိတယ်။ တိုက်ပွဲကတော့ ဒီထက်ပြင်းလာနိုင်တဲ့အခြေအနေရှိတယ်” ဟု ပင်လောင်းမြို့ခံ တစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ လမ်းကြောင်းများ ပိတ်ဆို့လာနိုင်သဖြင့် ဒေသခံအပါအဝင် စစ်ဘေးရှောင်များအတွက် လိုအပ်သည့် စားနပ်ရိက္ခာများ၊ ဆေးဝါး ပြတ်တောက်လာနိုင်ကြောင်း စစ်ဘေးရှောင် အမျိုးသားတစ်ဦး ပြောသည်။

“အကယ်၍တိုက်ပွဲက ဒီထက်ပြင်းထန်လာနိုင်တော့ စားနပ်ရိက္ခာအပိုင်းမှာ အခက်ခဲအများကြီး ဒုက္ခရောက်မှာပေါ့။ ဘာလို့ဆို အခုလမ်းတွေကတော်တော်များပိတ်ထားတယ်။ အခုဂျာမနီလမ်းဘက်ကိုဘဲ ဖွင့်ထားတာ။ အခြေအနေကထပ်ပြီးဆိုးရွာလာနိုင်မယ်ဆိုရင် စစ်ကောင်စီက လမ်းတွေထပ်ပိတ်မယ်ဆိုရင်တော့ ဒီဘက်မှာစားနပ်ရိက္ခာပြတ်တောက်သွားတဲ့သဘောရှိတယ်” ဟု အဆိုပါစစ်ဘေးရှောင် အမျိုးသားကပြောသည်။

ပင်လောင်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ကလေးနှင့် အမျိုးသမီးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၃ ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...