PNO/ PNA အဖွဲ့ ပုံးအင်းဒေသ၌ ဆက်ကြေးတိုးကောက်နေ

သျှမ်းတောင် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေသည့် ပအိုဝ်းပြည်သူ့စစ် PNO/PNA အဖွဲ့က ပုံးအင်းဒေသရှိ ဒေသခံများထံ  ဆက်ကြေး တိုးကောက်လာနေကြောင်း စုံစမ်းသိရသည်။ 

ဆီဆိုင်မြို့နယ် ဆိုင်လဲကျေးရွာအုပ်စုအတွင်း နေထိုင်သည့် (ရွာပေါင်း ၃၅ ရွာ) ဒေသခံများအနေဖြင့် မဖြစ်မနေ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ထံသို့ အခွန်ဆောင်ရန် မတ်လ ၉ ရက်နေ့၌ ဆိုင်လဲကျေးရွာအုပ်စုရေးမှူး ဦးလုံးဇွဲနေအိမ်တွင် အစည်းအဝေးခေါ်ပြီး ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

အိမ်စီးကားရှိပါက ၁ စီးကို ၁ သိန်း၊ သဲ/ကျောက် တင်ကား ၁ စီးကို ၄ သိန်း၊ လယ်ထွန်စက် ၁ စီးကို ၆ သိန်း၊ စပါးရိုက်စက် ၁ စီးကို ၇ သိန်းနှင့်ဆန်စက်ရုံ ၁ ရုံကို ၁၀ သိန်းအထိ အခွန်ဆောင်ခိုင်းခဲ့ကြောင်း ပုံးအင်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရွာသူကြီးတွေ၊ ကားရှိသူတွေကို ခေါ်ပြီးတော့ ကားအခွန်ကောက်မယ်၊ အခွန်အမျိုးမျိုးကောက်မယ်ဆိုပြီး ပြောတယ်။ လာမယ့် မတ်လ ၅ ရက်နေ့ကျရင် စာရင်းတွေ ပေးထားရမယ်။ မပေးရင် ဒဏ်ငွေရိုက်မယ်၊ ၁ သိန်းကနေ ၂ သိန်းအထိ တိုးကောက်သွားမယ်ဆိုပြီး ခြိမ်းခြောက်အခွန်ဆောင်ခိုင်းတာ” ဟု ၎င်းကပြောသည်။ 

လက်ရှိတွင် နိုင်ငံရေးခေတ်ကာလမကောင်းသည့်အပြင် စီးပွားရေးလည်း ကျဆင်းနေသည့်အတွက် ဒေသခံများအနေဖြင့် အခွန်ဆောင်ရန် ငွေရေးကြေးရေးမှာ အခက်ခဲရှိနေကြောင်း၊ တချို့မှာ စားဝတ်နေရေးအတွက် အနိုင်နိုင်ကြိုးစားရုံးကန်ရှာဖွေနေရကြောင်း ဒေသခံများကဆိုသည်။ 

ယင်းကဲ့သို့ အခက်ခဲများစွာဖြင့် ဒေသခံများကြုံတွေ့နေရသော်လည်း ပအိုဝ်းပြည်သူ့စစ် PNO ဘက်က အကြောင်းပြချက်မျိုးစုံဖြင့် ပိုက်ဆံတောင်းခံနေလျှက်ရှိသည်ဟု သိရသည်။ 

“ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း ရပ်ရွာနဲ့ပြည်သူလုံခြုံရေးအတွက်ဆိုပြီးတော့ လာတောင်းသေးတယ်။ အဲ့တုန်းကလည်း တစ်အိမ်ကို ၅ သောင်းထည့်ရတယ်။ ပြီးရင် ကက္ကူဘုရားပွဲ (တပေါင်းပွဲ) အတွက်ဆိုပြီး တော့လည်း တစ်အိမ်ကို ၄ ထောင်ထည့်ရသေးတယ်။ မတ်လဆန်းပိုင်းတုန်းကလည်း စစ်ဘေးရှောင်တွေ အတွက်ဆိုပြီး တောင်းခဲ့သေးတယ်။ ဒီလထဲမှာ ၄ ခေါက်လောက်တောင် တောင်းနေပြီ၊ အခုလည်း ထပ်တောင်းတော့ ပေးဖို့ကအဆင်မပြေတော့ဘူး” ဟု အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

စစ်တပ်အာဏာသိမ်းချိန်မှစပြီး ပအိုဝ်းပြည်သူ့စစ် PNO/PNA အဖွဲ့သည် ၎င်းတို့ထိန်းချုပ်ရာဒေသအတွင်း၌ တပ်သားသစ် အဓ္ဓမစုဆောင်းခြင်း၊ အခွန်ဆောင်ခိုင်းခြင်းများ ဆက်တိုက်ပြုလုပ်လာသောကြောင့် တပ်သားသစ် မပြုလိုသည့် လူငယ်များက ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။ 

ထို့အပြင် ပအိုဝ်းပြည်သူ့စစ် PNO/PNA အဖွဲ့သည် စစ်ကောင်စီနှင့်ပူးပေါင်း၍ ဇန်နဝါရီလ ၂၇ ရက်ကတည်းက ၎င်းတို့ထိန်းချုပ်ရာဒေသဖြစ်သည့် ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်း ဒေသခံများကို တပ်သားသစ် အဓ္ဓမစုဆောင်းပြီး တစ်ယောက်ကို သေနတ် ၁ လတ် တပ်ဆင်ပေးနေကြောင်း သိရသည်။

ပုံစာ – ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်က ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့က ပုံးအင်းဒေသရှိ ဒေသခံများထံသို့ သွားရောက်တွေ့ဆုံနေစဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...