ဟိုပုံး-မိုင်းပွန်ကြား စစ်ကောင်စီ နှင့် PNO တို့ လမ်းပိတ်၊ ကားများပိတ်မိနေ

သျှမ်းပြည် ဟိုပုံး နှင့် မိုင်းပွန်တွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့ စစ်တို့ လမ်းပိတ်ထားသဖြင့် ကားများပိတ်မိနေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကြားရှိ ထမ်စမ်းဂူအနီးတွင် ယနေ့ (ဖေဖော်ဝါရီလ ၂၁) ရက် နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့ စစ်တို့ လမ်းများပိတ်ထားပြီး ဖြတ်သန်းသွား လာခွင့်မပြုကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မိုင်းပွန်ကနေ ဟိုပုံးလမ်းကို ပိတ်ထားလိုက်ပြီ။ ထမ်စမ်းဂူမှာ စစ်ကောင်စီက သေနတ်နဲ့ပစ်ဖို့စောင့်နေတာတဲ့ ။ စေတီကနေ ပုံအယ်ကျေးရွာထဲကို ပစ်နေတာ။ ကျနော်တို့ ဆီအွန်ကျေးရွာမှာတော့ လမ်းတွေကို အကုန်လုံးပိတ်ထားလိုက်ပြီ။ ကျနော်တို့ အခုလည်း အိမ်ပြန်လို့မရတော့ဘူး”ဟု စစ်ဘေးရှောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် ဟိုပုံးမြို့နယ်ထဲတွင် စစ်ကောင်စီက ထမ်စမ်းဂူ စေတီအနီးတွင် တပ်စွဲထားပြီး ခရီးသွားလာနေသူများကို သေနတ်ဖြင့် ပစ်ခတ်နေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

မိုင်းရှူး-တောင်ကြီးတို့ သွားနေသောကားများသည် မိုင်းပွန်နှင့် ဟိုပုံးလမ်း ဖြတ်သန်း သွားလာခွင့် မရှိသည့်အတွက် လှည့်ပြန်နေသော ကားများလည်းရှိနေကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မိုင်းပွန်-ထမ်စမ်းဂူနာ သူတို့ စစ်သားတွေစောင့်နေတာ။၁၀ နာရီလောက်မှာ ဟိုပုံးနား ရောက်တော့ ကားတွေအများကြီး တန်းစီပြီးတော့ ရပ်ထားတယ်။ အဲ့နဲ့ပြန်လှည့် လာလိုက်ရတယ်။ စောင့်နေတာ စစ်သားတွေက များတာပေါ့။မိုင်းရှူးကတော့လာတဲ့ကားတွေကတော့ လွိုင်လင် တောင်မှာ ပိတ်ထားတယ်ပြောလာတယ်။”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ကားသမားတစ်ဦးက ပြောသည်။

ဟိုပုံးမြို့နယ်အတွင်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှစပြီးတော့ စစ်ကောင်စီက လေကြောင်းလိုင်းနဲ့ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAနှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က တင့်ကား၊ သံချပ်ကာကားများ အပါအဝင် စစ်အင်အား အလုံးအရင်း အသုံးပြု ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ (ဖေဖော်ဝါရီ ၂၀ ရက်) မှာ သျှမ်းသံတော်ဆင့်ကို ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...