Wednesday, January 28, 2026

ပအိုဝ်းလက်နက်ကိုင်များ ဖမ်းဆီးခံထားရသည့် အရပ်သား ၁၆ ဦး ပြန်မလွှတ်ပေးသေး

သျှမ်းပြည် ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ် တိုက်ပွဲကြားအတွင်း နှစ်ဘက် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးထားသည့် အရပ်သား ၁၆ဦး သည် ယနေ့ထိ ပြန်မလွှတ်မြောက် သေးကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် အရပ်သား ၂၀ ဦးထဲတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဘက်မှ အရပ်သား ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် PNA ဘက်မှ အရပ်သား ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ PNA ဘက်က ၄ဦးပြန်လည်လွတ်ပေးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးထံမှ သိရသည်။

“ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်တိုက်ပွဲကြားမှာ ဖမ်းဆီးခံရတဲ့သူ (၂၀)ဦး ရှိတယ်။ အဲထဲမှာ (၄)ဦး ပြန်လည် လွတ်မြောက်လာတယ်။ ဖမ်းဆီးထိန်းသိမ်းခံရဆဲ သူတွေရဲ့ အခြေအနေများကို ကျမတို့ ဆက်လက်စုံစမ်းနေတယ်။ တချို့က လုံးဝ သတင်းအစအန လိုက်လို့မရတာတွေလည်း ရှိတယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုဖမ်းဆီးခံရသူများသည် ဖေဖော်ဝါရီလ နှင့် မတ်လ အတွင်းဖမ်းဆီးခံရသူများဖြစ်သည်။

ယင်းကဲ့သို့ အရပ်သားဖမ်းဆီးမှုနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA၏ ပြန်ကြားရေး တစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ ပြည်သူတွေ ဖမ်းခံရတာတော့ ကျနော်တို့ နယ်ထဲမှာအနည်းစုရှိတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

သို့သော် ဖမ်းဆီးထားသူ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ဘယ်နှစ်ဦးကို ဖမ်းဆီးထားကြောင်း အသေးစိတ်ကို မသိရှိရသေးကြောင်း PNLA ပြန်ကြားရေး တစ်ဦးက ဆိုပြန်သည်။

အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်တွင်လည်း ဘန်းယဉ်ကျေးရွာမှ ဆီဆိုင်မြိုသို့ နေရပ်ပြန်ပြီး ပစ္စည်းသယ်ယူသည့် အသက် ၁၉ နှစ်အရွယ် မောင်အောင်မြတ်ကျော်၊ အသက် ၂၀ နှစ်ကျော် မောင်အောင်ပြည့်စုံနှင့် မောင်ဇာနည်သူ စုစုပေါင်း လူငယ် ၃ ဦးသည်လည်း ၁ လနီးပါးကြာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေ လျှက်ရှိသည်။

“ပျောက်သွားတဲ့ကနေ ဒီနေ့ထိပြန်မတွေ့သေးဘူး။ တချို့ပြန်တွေ့တယ်လို့လည်း ဖုန်းဆက်အကြောင်း ကြားလာတာလည်းမရှိဘူး။ ဘာသတင်းမှမကြားဘူး။ ဖုန်းဆက်လို့လည်း မရဘူး။ ဒီကစိတ်ပူနေတယ်” ဟု မောင်အောင်မြတ်ကျောက်၏ မိခင်ဖြစ်သူက ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲသည် ၁ လကျော်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ တိုက်ပွဲငြိမ်းစဲ သွားခြင်းမရှိဘဲ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသကဲ့သို့ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်နေလျှက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီလအတွင်း ဆီဆိုင်မြို့သို့ ပစ္စည်းသယ်ယူရန် ပြန်လာကြသည့် အသက် ၁၈ နှစ်မှ ၄၅ နှစ်အရွယ် အမျိုးသမီးအပါအဝင် အမျိုးသား စုစုပေါင်း ၁၀ ဦးခန့် လမ်းတစ်ဝက်မှာပျောက်ဆုံးနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...