ပအိုဝ်းလက်နက်ကိုင်များ ဖမ်းဆီးခံထားရသည့် အရပ်သား ၁၆ ဦး ပြန်မလွှတ်ပေးသေး

သျှမ်းပြည် ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ် တိုက်ပွဲကြားအတွင်း နှစ်ဘက် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးထားသည့် အရပ်သား ၁၆ဦး သည် ယနေ့ထိ ပြန်မလွှတ်မြောက် သေးကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် အရပ်သား ၂၀ ဦးထဲတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဘက်မှ အရပ်သား ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် PNA ဘက်မှ အရပ်သား ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ PNA ဘက်က ၄ဦးပြန်လည်လွတ်ပေးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးထံမှ သိရသည်။

“ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်တိုက်ပွဲကြားမှာ ဖမ်းဆီးခံရတဲ့သူ (၂၀)ဦး ရှိတယ်။ အဲထဲမှာ (၄)ဦး ပြန်လည် လွတ်မြောက်လာတယ်။ ဖမ်းဆီးထိန်းသိမ်းခံရဆဲ သူတွေရဲ့ အခြေအနေများကို ကျမတို့ ဆက်လက်စုံစမ်းနေတယ်။ တချို့က လုံးဝ သတင်းအစအန လိုက်လို့မရတာတွေလည်း ရှိတယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုဖမ်းဆီးခံရသူများသည် ဖေဖော်ဝါရီလ နှင့် မတ်လ အတွင်းဖမ်းဆီးခံရသူများဖြစ်သည်။

ယင်းကဲ့သို့ အရပ်သားဖမ်းဆီးမှုနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA၏ ပြန်ကြားရေး တစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ ပြည်သူတွေ ဖမ်းခံရတာတော့ ကျနော်တို့ နယ်ထဲမှာအနည်းစုရှိတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

သို့သော် ဖမ်းဆီးထားသူ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ဘယ်နှစ်ဦးကို ဖမ်းဆီးထားကြောင်း အသေးစိတ်ကို မသိရှိရသေးကြောင်း PNLA ပြန်ကြားရေး တစ်ဦးက ဆိုပြန်သည်။

အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်တွင်လည်း ဘန်းယဉ်ကျေးရွာမှ ဆီဆိုင်မြိုသို့ နေရပ်ပြန်ပြီး ပစ္စည်းသယ်ယူသည့် အသက် ၁၉ နှစ်အရွယ် မောင်အောင်မြတ်ကျော်၊ အသက် ၂၀ နှစ်ကျော် မောင်အောင်ပြည့်စုံနှင့် မောင်ဇာနည်သူ စုစုပေါင်း လူငယ် ၃ ဦးသည်လည်း ၁ လနီးပါးကြာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေ လျှက်ရှိသည်။

“ပျောက်သွားတဲ့ကနေ ဒီနေ့ထိပြန်မတွေ့သေးဘူး။ တချို့ပြန်တွေ့တယ်လို့လည်း ဖုန်းဆက်အကြောင်း ကြားလာတာလည်းမရှိဘူး။ ဘာသတင်းမှမကြားဘူး။ ဖုန်းဆက်လို့လည်း မရဘူး။ ဒီကစိတ်ပူနေတယ်” ဟု မောင်အောင်မြတ်ကျောက်၏ မိခင်ဖြစ်သူက ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲသည် ၁ လကျော်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ တိုက်ပွဲငြိမ်းစဲ သွားခြင်းမရှိဘဲ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသကဲ့သို့ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်နေလျှက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီလအတွင်း ဆီဆိုင်မြို့သို့ ပစ္စည်းသယ်ယူရန် ပြန်လာကြသည့် အသက် ၁၈ နှစ်မှ ၄၅ နှစ်အရွယ် အမျိုးသမီးအပါအဝင် အမျိုးသား စုစုပေါင်း ၁၀ ဦးခန့် လမ်းတစ်ဝက်မှာပျောက်ဆုံးနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...