MNDAA

ကိုးကန့်ဒေသ နေထိုင်သူများ အသက် ၁၆ နှစ်ပြည့်ပြီးပါက မည်သူမဆို စစ်မှုထမ်းရ

သျှမ်းပြည် အထူးဒေသ (၁) အတွင်း နေထိုင်သူများသည် အသက် ၁၆ နှစ်ပြည့်ပြီးပါက မည်သူမဆို စစ်မှုထမ်းဆောင်ရမည် ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပြောဆိုလိုက်သည်။ လက်ရှိ သျှမ်းမြောက်ဒေသ “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲတွင် အချိန်ကြာလာသည်နှင့်အမျှ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တို့ ကျဆုံးမှုများပြားလာချိန်တွင်...

လောက်ကိုင်-ကွမ်းလုံ-သိန္နီလမ်းမှ ဆိုင်ကယ်ဖြင့် စစ်ဘေးရှောင်လာသူများ လားရှိုးမြို့သို့ ဝင်ခွင့်မရ

သျှမ်းပြည် လောက်ကိုင်မြို့မှ ဆိုင်ကယ်ဖြင့် နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များသည် လောက်ကိုင်-ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီလမ်းမှတဆင့် လားရှိုးမြို့သို့ ရောက်ရှိလာရာ မြို့တွင်းသို့ ဝင်ခွင့်မရကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ ၂၆ ရက်မှစ၍ လောက်ကိုင်မြို့မှ ထွက်ခွာသည့် ထောင်နှင့်ချီသည့် နေရပ်ပြန် စစ်ဘေးရှောင်များတွင် ပါစင်ကျော်ကျေးရွာမှ ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီ လမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့် နေရပ်ပြန်သူများအထဲမှ ၄၀၀...

ပန်ဆိုင်းမြို့ တိုက်ပွဲကြောင့် ဘုန်ကြီးကျောင်းအပါအဝင် နေအိမ်  ၃၀ ကျော်ပျက်စီး

မြန်မာ-တရုတ်နယ်စပ် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တို့ အကြား တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အလုံးပေါင်း ၃၀ ကျော် ပျက်စီးသွားခဲ့ကြောင်း ဒေသအတွင်းစာရင်း ပြုစုထားချက်အရ သတင်းရရှိသည်။  ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၄ ရက်ထိ ပန်ဆိုင်းမြို့အတွင်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား...

လောက်ကိုင်မြို့တွင်း ပိတ်မိနေသူများ မြို့ကို ဆက်လက်စွန့်ခွာ

ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီး တိုက်ပွဲများကြောင့် မြို့တွင်း ပိတ်မိနေသည့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများကို MNDAA ဘက်မှ လမ်းဖွင့်ကာ ကယ်ထုတ်ပေးနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) ၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာလ ၂၆ရက် မနက် ၆နာရီကတည်းမှ စ၍ လောက်ကိုင်မြို့မှ ထွက်လာသူများကို ပါစင်ကျော်ကျေးရွာမှတစ်ဆင့် ချင်းရွှေဟော်-နမ့်တစ်လမ်းအတိုင်း...

MNDAA ကိုးကန့်တပ်မှ ကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေးဂိတ်ကို သိမ်းပိုက်။

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခု ဖြစ်သည့် ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာ ၂၅ ရက် မနက် ၁၀ နာရီဝန်းကျင်က ကိုးကန့်တပ် MNDAA မှ သိမ်းပိုက်လိုက်ကြောင်း ကိုးကန့် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ သျှမ်းပြည်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် အရေးပါ‌သော ဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်အနီး ဆဲဗင်းဟွာကျင့်...

သိန္နီမြို့နယ် ကိုးကန့်တပ်ဖွဲ့ MNDAA က လူငယ် ၂၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လူငယ် ၂၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး” စတင်လာသည့် အောက်တိုဘာ ၂၇ ရက်မှစ၍ သိန္နီမြို့နယ် နမ့်စလပ်နှင့် စယ်အူကျေးရွာအုပ်စုရှိ ကျေးရွာများမှ လူငယ် ၂၀ ဦးထက်မနည်းကို ကိုးကန့်တပ်ဖွဲ့ MNDAA...

မုံးကိုးမြို့ ဘုန်းကြီးကျောင်းရှိ ကိုရင်များကို MNDAA တပ်ဖွဲ့ စစ်သားစုဆောင်းမှု ပြုလုပ်

သျှမ်းပြည် မူဆယ်ခရိုင် မုံးကိုးမြို့အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ဘုန်းကြီးကျောင်းမှ ဆရာတော် အပါအဝင် ဒေသခံပြည်သူများကိုပါ စစ်သားစုဆောင်းမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် MNDAA တပ်ဖွဲ့သည် မုံးကိုးမြို့ ဘုန်းကြီးကျောင်းရှိ ကိုရင်များကို လူဝတ်လဲပြီး စစ်သားစုဆောင်းမှု ပြုလုပ်ခြင်း၊...

လောက်ကိုင်မြို့တွင် လက်နက်ကြီးကြောင့် လူ ၆ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ

သျှမ်းပြည် လောက်ကိုင်မြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် လောက်ကိုင်မြို့အထွက် တုန်ချိန်နှင့် ဆယ်တန်ဂိတ်တို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့်...

ပန်ဆိုင်းတွင် ညီနောင်မဟာမိတ် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး

သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၉ ရက်) ညနေ ၃ နာရီခွဲဝန်းကျင် တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ပန်ဆိုင်း(ကြူကုတ်)မြို့ပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ်...

ထွက်ပေါက်မရှိ နယ်စပ်မျဥ်းပေါ် ပိတ်မိနေသူများ

ခြုံပုတ်ထူထူထဲမှာ အစိမ်းရောင် ယာယီတဲကိုတည်ဆောက်ပြီးနေတဲ့သူကနေ၊ အချို့ကျတော့ နမ့်ယန်းချောင်းဘေးမှာ အိမ်စီးကားထိုးရပ်ပြီး အိပ်နေတဲ့သူကအိပ်၊ အချို့ကျတော့ ပုခတ်တွေဆင်ပြီးနေတဲ့သူက နေကြပါတယ်။ အများအမြင်မှာတော့ အဲ့ဒီလူတွေဟာ အပန်းဖြေခရီးထွက်လာတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒီမြင်ကွင်းကတော့ မြန်မာ - တရုတ်နယ်စပ် နယ်နိမိတ် ချိတ်ဆက်ထားပြီး တရုတ်ပြည်က ခြားထားတဲ့အုတ်တံတိုင်းဘေး ဖြစ်တဲ့ ကြူကုတ် (ပန်ဆိုင်း) ဒေသ...

Latest news