MNDAA
လားရှိုးမြို့ပေါ် ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၃၀၀၀ ကျော်ထိ တိုးလာ
SHAN -
သျှမ်းပြည် လားရှိုးမြို့နယ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့၏ “စစ်ဆင်ရေး-၁၀၂၇”ကြောင့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၃၀၀၀ ကျော်အထိ တိုးလာသည်ဟု စုံစမ်းသိရသည်။ လားရှိုးမြို့နယ်၌ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ညပိုင်းတွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုကြောင့် လားရှိုးမြို့ပေါ်နှင့် ကျေးရွာဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၃၀၀၀...
သျှမ်းမြောက် စစ်ကောင်စီ စခန်း များကို ညီနောင်မဟာမိတ် သိမ်းပိုက်
သျှမ်းပြည် စစ်ကောင်စီ စခန်းများကို ညီနောင်မဟာမိတ်သုံးဖွဲ့မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းသိရှိရသည်။ ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက် ၄ နာရီအချိန်မှစပြီး လားရှိုး၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ နမ့်ခမ်း၊ သိန္နီ စသည့်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ်သုံးဖွဲ့ မှ...
တိုက်ပွဲကြောင့် ကွမ်လုံနှင့် ဟိုပန်အကြား တံတားတစ်စင်း ပျက်စီး
SHAN -
သျှမ်းပြည် ကွမ်လုံနှင့် ဟိုပန်အကြား ဆက်သွယ်ထားသည့် တံတားတစ်စင်းသည် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။ သျှမ်းပြည်မြောက်ပိုင်း ကွမ်လုံနှင့် ဟိုပန်အကြား ဆက်သွယ်ထားသည့် ဖောင်ဆိပ် နိမ့်တိန်ချောင်း တံတားသည် ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်...
တိုက်ပွဲကြောင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပိတ်
SHAN -
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တလျှောက်ကို ယနေ့ (အောက်တိုဘာ ၂၇ ရက်) တွင် ယာယီပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ၄ နာရီအချိန်မှ စပြီး မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး အချက်အခြာကျသော သျှမ်းမြောက် လားရှိုး၊ ချင်းရွှေဟော်၊ မူဆယ်နှင့်...
နမ့်ဖတ်ကာတွင် လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံး၊ ၅ ဦးပြင်းထန် ဒဏ်ရာရ
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရပ်ကွက် ၄ အတွင်းရှိ လူနေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲ မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံးပြီး၊ ၅ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက်...
ချင်းရွှေဟော်မြို့ ပြည်သူ တမြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရ
သျှမ်းပြည် လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့တွင် ယနေ့ (အောက်တိုဘာလ ၂၇) ရက် နံနက် ၄ နာရီ အချိန်မှစပြီး စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲခဲ့ရာ တမြို့လုံးနီးပါး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းသိရသည်။ “ တမြို့လုံးကတော့ ထွက်ပြေးနေပြီ၊ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်က...
လားရှိုးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး၊ တစ်ဦး ဒဏ်ရာရ
SHAN -
သျှမ်းပြည် လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာတွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး ထိမှန်သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) ညအချိန် ၁၁ နာရီခွဲခန့်က ဟိုနမ့်ရွာတွင် ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချသည်ဆိုကာ ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ...
လားရှိုးမြို့ ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချနေရာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ
SHAN -
သျှမ်းပြည် လားရှိုးမြို့ ပန်စုံကျေးရွာရှိ မွေတော်စေတီ အနီးတွင် လာရောက်စခန်းချနေသည့် ကိုးကန့်တပ်ဖွဲ့ MNDAA ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၁၁နာရီခွဲကျော်တွင် လားရှိုးမြို့အနီး ကုန်းသာ၊ ပန်စုံကျေးရွာရှိ မွေတော်စေတီအနီး ကိုးကန့်တပ်ဖွဲ့ MNDAA...
မူဆယ်မြို့နယ် စစ်ကောင်စီစခန်းတခုကို KIA နှင့် MNDAA ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်
သျှမ်းပြည် မူဆယ်မြို့နယ် မိုင်းယနှင့် မုံးပေါ် ကြားရှိ စစ်ကောင်စီစခန်းတခုကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက်အစောပိုင်း အချိန်မှစပြီး မိုင်းယ နှင့် မုံးပေါ်ကြားရှိ...
တပ်ဖွဲ့ဝင် ၂၈ ဦး အလင်းဝင်သည့် သတင်းသည် မဟုတ်မှန်ကြောင်း MNDAA တုံ့ပြန်
သျှမ်းပြည်မြောက်ပိုင်း အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ဝင် ၂၈ ဦး အလင်းဝင်ခြင်း နှင့် ပတ်သက်ပြီး သတင်းအမှန် မဟုတ်ကြောင်း MNDAA တုံ့ပြန် ပြောဆိုထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်တွင် MNDAA မှ တပ်ဖွဲ့ဝင် ၂၈...





