MNDAA
MNDAA ထိန်းချုပ်တဲ့ ပန်ဆိုင်းမြို့ရဲ့ ကြပ်တည်းမှု
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ကို “၁၀၂၇ စစ်ဆင်ရေး”အတွင်း ၂၀၂၃ နိုဝင်ဘာလ ၂ ရက်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ထိန်းချုပ်ထားခဲ့သည်။ မြန်မာ-တရုတ် နယ်စပ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ကို ရပ်ကွက် ၅ ခုဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၉ ခုနှစ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန...
သိန္နီမြို့အဝင် ဖျက်ဆီးခံခဲ့ရသည့် တံတား MNDAA ပြန်လည်ပြုပြင်ပေးဟုဆို
သျှမ်းပြည် သိန္နီမြို့အဝင်ရှိ စစ်ဆင်ရေးအတွင်း ဖျက်ဆီးခံလိုက်ရသည့် တံတားကို ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်လည်ပြင်ဆင်ပြီး ဒေသခံများ စတင်အသုံးပြု သွားလာနေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး”အစပိုင်းတွင် ဖျက်ဆီးခံလိုက်ရသည့် သိန္နီမြို့အဝင် နမ္မတူတံတားကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ကာ...
သိန္နီမြို့သို့ နေရပ်ပြန် စစ်ရှောင်များ အိမ်ခြံဝန်းထဲ စစ်သားအလောင်းများတွေ့
သျှမ်းပြည်သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆အနီးရှိ နေအိမ်များတွင် စစ်သားအလောင်းများတွေ့ရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ သိန္နီမြို့နယ်တွင် တိုက်ပွဲများငြိမ်သက်နေသဖြင့် စစ်ဘေးရှောင်များသည် မိမိနေအိမ်သို့ ပြန်သွားကြည့်ချိန် နေအိမ်ခြံဝန်းအတွင်း စစ်သားအလောင်းများအား တွေ့ရှိပြီး ပြန်လည်တူးဖော်ကာ အခြားနေရာသို့သွားမြုပ်ပေးနေရကြောင်း သိန္နီမြို့ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ အဆိုပါ စစ်သားအလောင်းများသည် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တိုက်ပွဲကြောင့် ကျဆုံးသွားသည့်...
ကိုးကန့်တပ်ဖွဲ့က လက်နက်ခဲယမ်းထိန်းချုပ်မှုနှင့် မြေယာငှားရမ်းရောင်းဝယ်မှု စည်းကမ်းချက်ထုတ်ပြန်
သျှမ်းပြည် အထူးဒေသ(၁)တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လက်နက်ခဲယမ်း ထိန်းချုပ်မှုနှင့် မြေယာငှားရမ်းရောင်းဝယ်မှုတို့နှင့် ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်လာသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA က သျှမ်းပြည် အထူးဒေသ(၁)အဖြစ် သတ်မှတ်ထားသည့် လွတ်မြောက်ဒေသများတွင် ပုဂ္ဂလိကပိုင် လက်နက်ကိုင်ဆောင်မှုနှင့် ရောင်းဝယ်မှုများကို ဥပဒေနှင့်အညီ တားမြစ်ကြောင်း အထူးဒေသ(၁) စစ်ရေးအုပ်ချုပ်မှုကော်မတီမှ...
သိန္နီမြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူး ကို MNDAA စစ်ဆေးရိုက်နှက် သေဆုံး
သျှမ်းပြည် သိန္နီမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးကို ကိုးကန့်တပ်မတော် ( MNDAA) မှခေါ်ယူစစ်ဆေးပြီး ရိုက်နှက်ကာ အလောင်းကို ပြန်ပို့ခဲ့ကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့နယ် မိုင်းလီကျေးရွာ အုပ်ချုပ်ရေးမှူးကို ဇန်ဝါရီလ ၂၀ ရက် နံနက် ၇ နာရီဝန်းကျင်တွင် MNDAAမှ လာရောက် ခေါ်ယူ စစ်ဆေးခဲ့ပြီး ရိုက်နှက်ထားသည့်...
စစ်ကောင်စီတပ်ထံက သိမ်းဆည်းထားသည့် လက်နက်များ စနစ်တကျ ပြန်အသုံးချဖို့ ကိုးကန့်ခေါင်းဆောင် မှာကြား
SHAN -
သျှမ်းပြည် လောက်ကိုင်ဒေသ တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ် စခန်းများမှ သိမ်းဆည်း ရမိထားသည့် လက်နက် ခဲယမ်းများကို စနစ်တကျ ပြန်အသုံးချရန် ကိုးကန့် ခေါင်းဆောင် မှာကြားနေသည့် ရုပ်သံကို ယနေ့ (ဇန်နဝါရီ ၁၈ ရက်) တွင်တရုတ် လူမှုကွန်ရက်များတွင် ဖော်ပြထားသည်။ လောက်ကိုင်ဒေသကို စိုးမိုးထားသည့်...
ကိုးကန့်ဒေသ စစ်ကောင်စီ အုပ်ချုပ်ရေး အမိန့်ကို MNDAA မှ ပယ်ဖျက်ကြောင်း ကြေညာ
သျှမ်းပြည်ရှိ ကိုးကန့် ဒေသအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး အမိန့် ကြေညာချက်များကို ပယ်ဖျက်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ကိုးကန့်တပ်ဖွဲ့) MNDAA က ထုတ်ပြန်ကြေညာလာခဲ့သည်။ ကိုးကန့်တပ်(MNDAA)ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”စတင်ပြီး သီတင်းပတ် ၂ ပတ်...
မိုင်းဆတ်မြို့ စစ်ကောင်စီ ဦးဆောင် MNDAA တပ်သားစေတီဖျက်ဆီးမှု ရှုတ်ချပွဲကျင်းပ
သျှမ်းပြည် မိုင်းဆတ်မြို့တွင် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီ၊ ပုထိုး ဖျက်ဆီးသူများကို ဆန့်ကျင်ရှုတ်ချပွဲကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီ ၁၃)ရက် နံနက် ၉နာရီတွင် MNDAA တပ်သားမှ ဘုးရား၊စေတီ ပုထိုးဖျက်ဆီးသည့်ကိစ္စကို ဆန့်ကျင်ရှုတ်ချကြောင်း မိုင်းဆတ်မြို့ သဗ္ဗညုဘုန်းတော်ကြီးကျောင်းရှေ့မှ စ၍...
စစ်ပွဲကြားက တရုတ်၏ နယ်စပ်ကုန်သွယ်ရေး အိပ်မက် အလုပ်ဖြစ်နိုင်လား
SHAN -
“စစ်ပွဲ ယာယီ ရပ်စဲရေး” လက်မှတ်ထိုးခဲ့ပြီ ဖြစ်သည်။ သို့သော် မြေပြင်တွင်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ရာ စစ်ပွဲ ယာယီ ရပ်တန့်ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်စလိုသည့် တရုတ်၏ အိပ်မက် လက်တွေ့ကျ မကျမှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာသည်။ သျှမ်းမြောက် စစ်ပွဲများ အရှိန်ပြင်းထန်နေပြီး...
တောင်ကြီး စစ်တပ်နှင့် PNO တို့ နေ့စားခငှားပြီး ညီနောင်မဟာမိတ် အလိုမရှိ ဆန္ဒပြခိုင်း
SHAN -
တောင်ကြီးမြို့ပေါ်တွင် စစ်တပ်နှင့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) တို့မှ ပူးပေါင်းပြီး ပြည်သူများကို နေ့စားခပေးကာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ယနေ့( ဇန်နဝါရီလ ၁၂) ရက် တွင် တောင်ကြီးမြို့ပေါ်တွင် စစ်တပ်နှင့် PNOတို့ ပူးပေါင်းပြီး ညီနောင် မဟာမိတ်...





