တောင်ကြီး စစ်တပ်နှင့် PNO တို့ နေ့စားခငှားပြီး ညီနောင်မဟာမိတ် အလိုမရှိ ဆန္ဒပြခိုင်း

တောင်ကြီးမြို့ပေါ်တွင် စစ်တပ်နှင့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) တို့မှ ပူးပေါင်းပြီး ပြည်သူများကို နေ့စားခပေးကာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ညီနောင်မဟာမိတ် အလိုမရှိ တောင်ကြီးမြို့ပေါ်ဆန္ဒပြ

ယနေ့( ဇန်နဝါရီလ ၁၂) ရက် တွင် တောင်ကြီးမြို့ပေါ်တွင် စစ်တပ်နှင့် PNOတို့ ပူးပေါင်းပြီး ညီနောင် မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ပလောင်တပ် TNLA၊ ကိုးကန့်တပ် MNDAA နှင့် ရက္ခိုင်တပ်တော် (AA) တို့ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဆန္ဒပြပွဲတွင် ပါဝင်သည့် သူများကို နေ့စားခ ၁ သောင်းခွဲ ပေးပြီး ခေါ်ထားကြောင်း စုံစမ်းသိရှိရပါသည်။

ထိုကဲ့သို့ ဆန္ဒပြပွဲ ပြုလုပ်ရာတွင် လမ်းတလျှောက်တွင် လုံခြုံရေးများ သေချာစွာ ချထားကြောင်းကို ဒေသခံတစ်ဦးက ယခုလို ပြောသည်။

ညီနောင်မဟာမိတ် အလိုမရှိ တောင်ကြီးမြို့ပေါ်ဆန္ဒပြ

” မနက်က သူတို့ ရွာကလူတွေ ကားနဲ့ တက်လာတာ တွေ့တယ်။ တောင်ကြီး ဘောလုံးကွင်းမှာ လူစုကြတာ။ အဲနားတစ်ဝိုက်ကလည်း မော်တော်ပီကယ်တွေ ရဲတွေ လုံခြုံရေးယူနေတာ အများကြီး ရှိတယ်”လို့ ဆိုပါတယ်။

အဆိုပါ ဆန္ဒပြ ပွဲတွင် စစ်တပ်နှင့် PNO အဖွဲ့ အပြင် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူ၊ ပျူစောထီး နှင့် ပအိုဝ်း တိုင်းရင်းသားတွေပါဝင်ခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါသည်။

ထို့အပြင် ဆန္ဒပြပွဲတွင် ပါဝင်နေသူများမှာ ပအိုဝ်းလူမျိုးများ အများဆုံးပါဝင်တာကြောင့် လူမျိုးစုအချင်းချင်း အထင်မြင်လွဲမှားမည်ကိုစိုးရိမ်ကြောင်းယခုလိုဆိုသည်။

” မနက်ကကြည့်တာ ပအိုဝ်း လူမျိုးတွေပဲ များတယ်။ အများစုက ရွာကနေတက်လာကြတာ။ဘာမှသိဟန် မတူဘူး။ နေ့စားခရလို့ လိုက်လာတာတင်တယ်။ ဒီလိုတွေလုပ်တော့ ဒီလူမျိုးစု တိုင်းရင်းသားတွေကြားမှာ အထင်မြင် လွဲမှား မှုတွေဖြစ်လာမာကို စိုးရိမ်တယ်။”လို ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောပါသည်။

လူအင်အား ၁ ထောင်နီးပါးခန့် ပါဝင်သည့်ဆန္ဒပြသူများသည် အနောက်မြို့ပတ်လမ်း၊ ရတနာသီရိ အုပ်ချုပ်ရေးမှူးရုံးမှ စတင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက် ချီတက်ဆန္ဒပြကာ ပြီးဆုံးခဲ့ကြောင်းစုံစမ်းသိရှိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...