မိုင်းဆတ်မြို့ စစ်ကောင်စီ ဦးဆောင် MNDAA တပ်သားစေတီဖျက်ဆီးမှု ရှုတ်ချပွဲကျင်းပ

သျှမ်းပြည် မိုင်းဆတ်မြို့တွင် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီ၊ ပုထိုး ဖျက်ဆီးသူများကို ဆန့်ကျင်ရှုတ်ချပွဲကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းဆတ် ဆန္ဒပြပွဲ

ယနေ့ (ဇန်နဝါရီ ၁၃)ရက် နံနက် ၉နာရီတွင် MNDAA တပ်သားမှ ဘုးရား၊စေတီ ပုထိုးဖျက်ဆီးသည့်ကိစ္စကို ဆန့်ကျင်ရှုတ်ချကြောင်း မိုင်းဆတ်မြို့ သဗ္ဗညုဘုန်းတော်ကြီးကျောင်းရှေ့မှ စ၍ ကျဒယ်လမ်းဆုံ၊မြို့မဈေးလမ်းဆုံမှ အ.ထ.က(မိုင်းဆတ်) ကျောင်းရှေ့အထိ ကျင်းပခဲ့ကြောင်း ဒေသခံပြည်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

” ဒီရှုတ်ချပွဲက ဌာနဆိုင်ရာတွေက ဦးစီးပြီး လုပ်တာပါ။ လေယာဉ်ကွင်းဖက်တွေလည်း ပတ်တာပဲ။ဒါမဲ့ ကြည့်ရတာ မြို့ထဲကလူတွေတောင် သိပ်မပါဘူး။ ဘာမှ မသိနားမလည်တဲ့ ရွာဘက်ကလူတွေကို ခေါ်ပြီးလုပ်သွားတာပါ။” ဟု မိုင်းဆတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုဆန့်ကျင်ရှုတ်ချပွဲတွင် အမျိုးသားရေးထောက်ခံသူ ဓာတ်စွမ်းဟုန်ကျောင်းတိုက်မှ ဆရာတော် ဥူးခေမိန္ဒက သာသနာတော်နှင့် နိုင်ငံတော်အားစောင့်ရှောက်ရန် ဗုဒ္ဓဘာသာဝင် နိုင်ငံသားတိုင်း တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူ အကြမ်းဖက် သမားများအား ဆန့်ကျင်သင့်ကြောင်း၊ လိုအပ်ပါက တပ်မတော်နှင့်အတူ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းရွက်ဖို့ အဆင်သင့်ရှိနေမည်ဖြစ်ကြောင်း စသည့် တို့ဖြင့် ကြွေးကြော်ခဲ့သည်။

ယမန်နေ့ ( ဇန်နဝါရီ ၁၂)ရက်တွင် လည်း သျှမ်းပြည် မြို့တော် တောင်ကြီးမြို့တွင် စစ်ကောင်စီနှင့် PNO တို့ ဦးစီးပြီး MNDAA စေတီပုထိုးဖျက်ဆီးမှုနှင့်ပတ်သက်ပြီး ဆန့်ကျင်ရှုတ်ချပွဲပြုလုပ်ခဲ့သေးသည်။

ပြီးခဲ့သည့် (ဇန်နဝါရီလ ၄ ရက်)တွင် လောက်ကိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြန်လည်ထိန်းချုပ် နိုင်ပြီဟု ကြေညာလိုက်ပြီးနောက် ယင်းမြို့၏မြောက်ဘက်အရပ်ရှိ ပွိုင့် ၂၂၀၂ တောင်းကုန်းပေါ်၌ တည်းထားကိုးကွယ်သည့် စေတီပုထိုးအား ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဖျက်ဆီးသည့် ဗီဒီယိုဖိုင်ထွက်ပေါ်ခဲ့သည်။

ထိုစေတီပုထိုးသည် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားများမှ တည်ထားကိုးကွယ်သည့်စေတီဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဖျက်ဆီးနေသည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖြန့်ချိနေကြသည်။

ထို့အပြင် သံတူဖြင့် ဘုရားစေတီတော်ရိုက်ထုခြင်းသည် MNDAA မှ အမိန့်ပေးခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ်ဖြစ်ကြောင်း၊ MNDAA အနေဖြင့် လက်အောက်ငယ်သားများ၏ တပ်စည်းမျဉ်းစည်းကမ်းး ညံ့ဖျင်းမှုနှင့် အရည်အချင်းမရှိသော လုပ်ဆောင်မှုအတွက် လွန်စွာတောင်းပန်ကြောင်း (ဇန်နဝါရီလ ၉ ရက်)တွင် MNDAA မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...