ကိုးကန့်တပ်ဖွဲ့က လက်နက်ခဲယမ်းထိန်းချုပ်မှုနှင့် မြေယာငှားရမ်းရောင်းဝယ်မှု စည်းကမ်းချက်ထုတ်ပြန်

သျှမ်းပြည် အထူးဒေသ(၁)တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လက်နက်ခဲယမ်း ထိန်းချုပ်မှုနှင့် မြေယာငှားရမ်းရောင်းဝယ်မှုတို့နှင့် ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်လာသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က သျှမ်းပြည် အထူး‌ဒေသ(၁)အဖြစ် သတ်မှတ်ထားသည့် လွတ်မြောက်ဒေသများတွင် ပုဂ္ဂလိကပိုင် လက်နက်ကိုင်ဆောင်မှုနှင့် ရောင်းဝယ်မှုများကို ဥပဒေနှင့်အညီ တားမြစ်ကြောင်း အထူးဒေသ(၁) စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ဇန်နဝါရီလ ၂၁ ရက် နေ့စွဲဖြင့် လက်နက်ခဲယမ်းထိန်းသိမ်းရေး စည်းကမ်းချက်များ ထုတ်ပြန်လာခဲ့သည်။

ထုတ်ပြန်ချက်တွင် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ရုပ်သေးအဖွဲ့ အုပ်ချုပ်စဉ်အချိန်က ထုတ်ပေးထားသော လက်နက်ခဲယမ်းများကို ကိုးကန့်တပ်ဖွဲ့ MNDAA ထံ ဖေဖော်ဝါရီလ ၅ ရက်နေ့မတိုင်ခင် လာရောက်အပ်နှံရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လာရောက်အပ်နှံခြင်း မရှိပါက ဖုံးဝှက်ထားသော လက်နက်ခဲယမ်းအဖြစ် သတ်မှတ်ပြီး အရေးယူခံရမည်ဟု ပါရှိသည်။

ထို့အပြင် အထူးဒေသ(၁) အတွင်းရှိ စစ်သားနှင့်အရပ်သား အချင်းချင်းကြား လက်နက်ခဲယမ်း ရောင်းဝယ်ခြင်းကို တွေ့ရှိပါက ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

အလားတူ ကိုးကန့်အထူးဒေသ(၁) အပြည့်အဝ ပြန်လည်မထူထောင်ခင်အချိန်တွင် မြေယာရောင်းဝယ်ခြင်း ဟိုတယ်လွှဲပြောင်းခြင်းများကို ရပ်ဆိုင်းထားရန်၊ သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်မရှိဘဲ အိမ်ဆောက်ခြင်း၊ မြေယာနှင့် မော်တော်ယာဉ်များကို ရောင်းဝယ်ခြင်းနှင့် လွှဲပြောင်းခြင်းများ ပြုလုပ်ပါက တရားမဝင် လုပ်ဆောင်ချက်များအဖြစ် မှတ်ယူမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၉ ရက် နေ့စွဲဖြင့် စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ထုတ်ပြန်ထားသည်။

လောက်ကိုင်ဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် စခန်းများမှ သိမ်းဆည်း ရမိထားသည့် လက်နက်ခဲယမ်းများကို စနစ်တကျ ပြန်အသုံးချရန် စစ်ကောင်စီ တပ်စခန်းတခုကို ကိုးကန့်တပ်ခေါင်းဆောင် ဦးဖုန်တဲရင် သွားရောက်စစ်ဆေးစဉ် မှာကြားနေသည့် ရုပ်သံကို ဇန်နဝါရီ ၁၈ ရက်တွင် တရုတ်လူမှုကွန်ရက်များတွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေးတာဝန်ရှိသူများမှ ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ ဒေသအတွင်း ပျက်စီးသွားသည့် လမ်းနှင့် လျှပ်စစ်မီးများ ပြန်လည်ပြုပြင်ပေးပြီး စားနပ်ရိက္ခာများလည်း ထောက်ပံ့ပေးခဲ့သည်ဟု တာမိုးညဲဒေသခံများထံမှ သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အထူးဒေသ(၁) အုပ်ချုပ်ရေးနယ်မြေများအဖြစ် ကိုးကန့်ခရိုင်၊ မုံးကိုးခရိုင်၊ သိန္နီခရိုင်နှင့် ကွတ်ခိုင်ခရိုင်ဟူ၍ ခရိုင်(၄)ခုဖြင့် ဖွဲ့စည်းထားကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက သျှမ်းသံတော်ဆင့်ကို နိုဝင်ဘာလအတွင်းက ဖြေကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...