သိန္နီမြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူး ကို MNDAA စစ်ဆေးရိုက်နှက် သေဆုံး

သျှမ်းပြည် သိန္နီမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးကို ကိုးကန့်တပ်မတော် ( MNDAA) မှခေါ်ယူစစ်ဆေးပြီး ရိုက်နှက်ကာ အလောင်းကို ပြန်ပို့ခဲ့ကြောင်း စုံစမ်းသိရသည်။

MNDAA စစ်သား

သိန္နီမြို့နယ် မိုင်းလီကျေးရွာ အုပ်ချုပ်ရေးမှူးကို ဇန်ဝါရီလ ၂၀ ရက် နံနက် ၇ နာရီဝန်းကျင်တွင် MNDAAမှ လာရောက် ခေါ်ယူ စစ်ဆေးခဲ့ပြီး ရိုက်နှက်ထားသည့် ဒဏ်ရာ ဒဏ်ချက်ဖြင့် ညနေ ၃ နာရီဝန်းကျင်တွင် အလောင်း ပြန်လာပို့ခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“MNDAA ကလူတွေနဲ့ အရင်က ကျေးရွာအုပ်ချုပ်ရေးမှူးလည်းပါတယ်။ လာခေါ်တုန်းကတော့ ကောင်းကောင်း လာခေါ်သွားတာပဲ။ လာပို့တုန်းကတော့ သူ့ကိုစစ်ဆေးတာ သွေးတိုးပြီး သေသွားတယ်လို့ပဲပြောတယ်။ သေချာကြည့်လိုက်တော့ ရိုက်ထားတဲ့ ဒဏ်ရာတွေနဲ့ ညိုမဲနေတာပဲ။ ဘာကြောင်း ကြောင့် မသိဘဲ ဘာလို့အဲ့လိုလုပ်လည်း ဆိုတာ ဘယ်သူမှ မသိရသေးဘူး”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုရိုက်နှက်ခံရ၍ သေဆုံးသွားသော အမျိုးသားသည် စိုင်းဘဌေး ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနစ်ဒီဇင်ဘာလ ၁၆ ရက် တွင် သိန္နီမြို့နယ်အတွင်းရှိ စယ်အူနှင့် နမ့်စလပ်ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က ဆင့်ခေါ်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် အရေးကြီးအချက် ၆ ချက် ပြောဆိုခဲ့သည်။

ထိုအချက်များမှာ ကိုးကန့်တပ်ဖွဲ့ထံ ဆရာဝန် နှင့် ဆရာ/ ဆရာမ စာရင်းပေးပို့ရန်၊ ကိုးကန့်စစ်သားများ ပြည်သူများကို အနိုင်ကျင့်လျှင် တိုင်ကြားရန်၊ ကိုးကန့်တပ် က ဦးဆောင်ပြီး ကူးသန်းရောင်းဝယ်ရေး အဆင်ပြေရန် လုပ်ဆောင်ပေးမည်။ ကိုးကန့်တပ် ထိန်းချုပ်နယ်မြေထဲ အခြားတပ်များက ဆက်ကြေးလာကောက်လျှင် လုံးဝ မထည့်ရန်၊ အင်တာနက်သုံးသည့် လူစာရင်းပေးရန် နှင့် မူးယစ်ဆေးဝါး၊ယာဘ သုံးသည့်သူများကို ဖမ်းမိလျှင် ပြန်မလွှတ်ပေးဘဲ စစ်သားစုဆောင်းခံရမည် ဟုအမိန့်ပေးညွှန်ကြားခဲ့သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...