သိန္နီမြို့အဝင် ဖျက်ဆီးခံခဲ့ရသည့် တံတား MNDAA ပြန်လည်ပြုပြင်ပေးဟုဆို

သျှမ်းပြည် သိန္နီမြို့အဝင်ရှိ စစ်ဆင်ရေးအတွင်း ဖျက်ဆီးခံလိုက်ရသည့် တံတားကို ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်လည်ပြင်ဆင်ပြီး ဒေသခံများ စတင်အသုံးပြု သွားလာနေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

“၁၀၂၇ စစ်ဆင်ရေး”အစပိုင်းတွင် ဖျက်ဆီးခံလိုက်ရသည့် သိန္နီမြို့အဝင် နမ္မတူတံတားကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖေဖော်ဝါရီလ ၃ ရက်‌နေ့မှ စတင်ကာ ၈ ရက်နေ့အထိ ပြန်လည်တည်ဆောက်ပေးခဲ့ပြီး တန် ၈၀ ခံနိုင်မည့် သံမဏိ သံဘောင်အမျိုးအစားဖြစ်ကြောင်း ကိုးကန့်မီဒီယာမှ ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်)တွင် သတင်းထုတ်ပြန်လာသည်။

“ကိုးကန့်တပ်တွေက ကြံတောင်သူတွေ ကြံတင်ပို့ဖို့အတွက် တံတားပြန်ပြင်ပေးတယ်လို့ ပြောတယ်။ တောင်သူတွေ ကြံတင်ပို့ရမယ့် ရာသီရောက်ပြီပေါ့။ နမ္မတူမြစ် တစ်ဘက်ကမ်းက မိုင်းပါး၊ တိုင်ယက် ဒီရွာတွေက ကြံခင်းတွေ အများကြီးပဲ၊ တရုတ်ပြည်ကို ပို့မှာ”ဟု သိန္နီမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သိန္နီယာယီတံတားကို ကားသေးများ ဖြတ်သန်းနေပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်လည်တည်ဆောက်ပေးခဲ့သည့် သိန္နီမြို့အဝင် နမ္မတူတံတားကြီးပေါ်မှ ယာဉ်ဖြတ်သန်းခ မည်မျှကောက်ခံမည်ကို မသိရှိရသေးကြောင်း သိန္နီဒေသခံများက ပြောသည်။

“သိန္နီမှာ ခုထိ မီးလည်း မရသေးသလို စည်ပင်ရေလည်း မရသေးဘူး။ ဖုန်းလိုင်းလည်း အက်တမ်လိုင်း တစ်ခုပဲရတယ်၊ ရှာယူမှရတာ လယ်ကွင်းထဲထိ ရှာယူရတယ်”ဟု သိန္နီမြို့သို့ နေရပ်ပြန်သွားသည့် ၎င်းဒေသခံအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ သိန္နီမြို့နယ်တွင် တိုက်ပွဲများငြိမ်သက်နေသဖြင့် စစ်ဘေးရှောင်များသည် မိမိနေအိမ်သို့ ပြန်သွားကြည့်ချိန် နေအိမ်ခြံဝန်းအတွင်း စစ်သားအလောင်းများအား တွေ့ရှိပြီး ပြန်လည်တူးဖော်ကာ အခြားနေရာသို့သွားမြုပ်ပေးနေရကြောင်း သိန္နီမြို့ဒေသခံများထံမှ သိရသည်။

ညီနောင်မဟာမိတ်တပ်များဘက်ကလည်း ၎င်းတို့ သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများအတွင်း နယ်စပ်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပျက်စီးသွားသည့် လမ်းတံတားများ ပြန်လည်ပြုပြင် တည်ဆောက်ရေးတို့ကို ဆောင်ရွက်နေကြောင်း ဖေဖော်ဝါရီလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...