ကိုးကန့်ဒေသ စစ်ကောင်စီ အုပ်ချုပ်ရေး အမိန့်ကို MNDAA မှ ပယ်ဖျက်ကြောင်း ကြေညာ

သျှမ်းပြည်ရှိ ကိုးကန့် ဒေသအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး အမိန့် ကြေညာချက်များကို ပယ်ဖျက်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ကိုးကန့်တပ်ဖွဲ့) MNDAA က ထုတ်ပြန်ကြေညာလာခဲ့သည်။

ကိုးကန့်တပ်(MNDAA)ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”စတင်ပြီး သီတင်းပတ် ၂ ပတ် အကြာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်တွင် ကိုးကန့်ဒေသမှ ကုန်းကြမ်းမြို့ နှင့်လောက်ကိုင်မြို့နယ် တို့ကို စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အချိန်တွင် အဆိုပါ စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချက်များကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ စစ်ရေးအုပ်ချုပ်မှု ကော်မတီမှ ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

“အာဏာသိမ်းစစ်ကောင်စီနဲ့ သူ့လက်အောက် ရုပ်သေးရုပ် ကိုးကန့် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ အမိန့်၊ ကြေညာချက်နဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်လိုက်ကြောင်းနဲ့ လိုအပ်တာတွေကို သက်ဆိုင်ရာ ဒေသန္တရ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တယ်’’ ဟု ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန် ကြေညာ ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာလာခြင်းဖြစ်ပြီး ပြည်သူများ အနေဖြင့် လိုအပ်ပါက ဒေသန္တရအာဏာပိုင် အဖွဲ့အစည်း နှင့် ဆက်သွယ် ချိတ်ဆက်နိုင်ကြောင်းလည်း ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန် ကြေညာထားသည်။


ဇန်နဝါရီ ၄ ရက် ညပိုင်းတွင် နောက်ဆုံးကျန်ရှိခဲ့သည့် ဒေသကွပ်ကဲမှု စစ်ဆင်ရေးဌာန ချုပ် (ဒကစ-လောက်ကိုင်) မှ ဗိုလ်မှူးချုပ် ၆ ဦးနှင့်အတူ ထောင်နှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခဲ့ပြီး နောက် ကိုးကန့်ဒေသ တခုလုံးအား သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း MNDAA က ကြေညာခဲ့သည်။

ကိုးကန့်ဒေသအား အလုံးစုံသိမ်းပိုက်ပြီးနောက် ဒေသတွင်း အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ အကောင်အထည် ဖော်နေသည့် MNDAA အနေဖြင့် စစ်ကောင်စီလက်အောက်ခံ ဒေသဦးစီးအဖွဲ့ဟောင်းလက် အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့သော ဌာနဆိုင်ရာ ဝန်ထမ်းများအနေ ဖြင့် ဇန်နဝါရီ ၃၁ ရက်နောက်ဆုံး ထားကာ ကိုယ်ရေးအချက်အလက်များ ပေးပို့ရန်လည်း ဇန်နဝါရီ ၁၃ ရက်က ကြေညာထားသည်။

သတ်မှတ်ရက်အတွင်း ကိုယ်ရေးအချက်အလက်များ စာရင်းလာရောက်ပေးသွင်းခြင်းမရှိသော စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းဟောင်းများအနေဖြင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအား တာဝန်ယူရမည်ဖြစ် ကြောင်းလည်း သတိပေးထားသည်။

လက်ရှိ အချိန်၌ ကိုးကန့်ဒေသဖြစ်သည့် လောက်ကိုင်မြို့နှင့် ကုန်းကြမ်းမြို့တို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) မှ နေရာယူ ထိန်းချုပ်ထားလျက်ရှိပြီး ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားများ စတင်နိုင်ရန်အတွက် စတင်ပြင်ဆင် လုပ်ဆောင်မှုများ ရှိနေကြောင်းလည်း သတင်းသိရသည်။

ထို့အပြင် သျှမ်းပြည် အထူးဒေသ (၁) ဖြစ်သည့် ကိုးကန့် ဒေသကို ပြန်လည်ထူထောင်ရေး လုပ်မည်ဟု ကိုးကန့်တပ်ဖွဲ့ (MNDAA) စစ်ဦးစီးချုပ် ဦးဖုန်တဲရင်မှ နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောဆို ထား သည်ကို လေ့လာတွေ့ရှိရသည်။

SHANBurmese

Shannews

သျှမ််းသံတော်ဆင့်

ပင်လောင်း #စစ်ရှောင် #ရေခက်ခဲမှု

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...