သိန္နီမြို့သို့ နေရပ်ပြန် စစ်ရှောင်များ အိမ်ခြံဝန်းထဲ စစ်သားအလောင်းများတွေ့

သျှမ်းပြည်သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆အနီးရှိ နေအိမ်များတွင် စစ်သားအလောင်းများတွေ့ရှိကြောင်း စုံစမ်းသိရသည်။

လက်ရှိ သိန္နီမြို့နယ်တွင် တိုက်ပွဲများငြိမ်သက်နေသဖြင့် စစ်ဘေးရှောင်များသည် မိမိနေအိမ်သို့ ပြန်သွားကြည့်ချိန် နေအိမ်ခြံဝန်းအတွင်း စစ်သားအလောင်းများအား တွေ့ရှိပြီး ပြန်လည်တူးဖော်ကာ အခြားနေရာသို့သွားမြုပ်ပေးနေရကြောင်း သိန္နီမြို့ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ စစ်သားအလောင်းများသည် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တိုက်ပွဲကြောင့် ကျဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများ ဖြစ်သည်။

“မနေ့က ကျမတို့အိမ်ပြန်ပြီး ရှင်းလင်းရေးလုပ်တုန်း တွေ့တာ။ ဘယ်စစ်သားမှ လာမထုတ်ပေးဘူး။ အလောင်း ထုတ်ရဲတဲ့သူတွေကတော့ တူးပြီးအခြားနေရာမှာ သွားမြုပ်ထားလိုက်တယ်။ အလောင်းမထုတ်ရဲတဲ့ သူကတော့ လူငှားပြီးတူးခိုင်းရတယ်” ဟု ကောင်းဟော်ရွာ အမျိုးသမီး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ဒေသခံနေအိမ်ခြံဝန်းအတွင်း တွေ့ရှိထားသည့် စစ်သားအလောင်းများမှာ ၁၀ လောင်းထက်မနည်း ရှိပြီးဖြစ်သလို ဆက်ပြီးတွေ့ရှိနေသေးသည့် အလောင်းများလည်း ရှိနေသေးကြောင်း ဆိုသည်။

“အရင်ရှေ့ရက်တွေလည်း အလောင်းတွေ့ထားတယ်။ အလောင်းတွေကတော့ ရေတွက်လို့ တောင်မရတော့ဘူး။ ထပ်တွေ့တဲ့အလောင်းတွေကော၊ မမြုပ်ရသေးတဲ့အလောင်းတွေ ရှိနေတာ”ဟု ၎င်းဒေသခံတစ်ဦးက ဆက်ပြောသည်။

ထို့အပြင် တိုက်ပွဲကြောင့် သိန္နီမြို့ ဒေသခံအများစုသည် လားရှိုးမြို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ တိုက်ပွဲငြိမ်သက်သော်လည်း နေအိမ်ပျက်စီးများပျက်စီးသွားခြင်းကြောင့် နေရပ်သို့ပြန်လည်နေထိုင်ခြင်း မပြုကြသေးပေ။

တစ်ဖက်တွင် သိန္နီမြို့ကို ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAAတပ်ဖွဲ့က နေရပ်သို့ ပြန်လာခြင်းမရှိသည့် ဒေသခံနေအိမ်များကို ချိတ်ပိတ်ခြင်း၊ သိမ်းဆည်းခြင်း ပြုလုပ်နေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...