Tuesday, January 27, 2026

သိန္နီမြို့နယ်အတွင်း စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် အမျိုးသမီး ၁ ဦးသေဆုံး

သျှမ်းပြည် သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုရှိ ပိန်းဟုန်းရွာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၁ ဦးသေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၂ ရက်) ညနေပိုင်း ၅ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုရှိ ပိန်းဟုန်းရွာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲချသွားပြီး ကျောင်းဇရပ်ကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၁ ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit

“မနေ့ ညနေ သူတို့လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ။ ကျောင်းဇရပ်ပေါ်ကို ကျပြီးကွဲသွားတာ။ အမျိုးသမီး ၁ ယောက် ကျည်စထိမှန်ပြီး ဆုံးသွားတယ်။ အဲ့ကျောင်းဇရပ်က အခု ကိုးကန့်စစ်သားတွေ နေတဲ့နေရာ နဲ့နီးတယ်” ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ပိန်းဟုန်းရွာရှိ ကျောင်းဇရပ်အနီးတဝိုက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ လူမရှိသည့် နေအိမ်များကို ဝင်ရောက်တပ်စွဲနေထိုင်သဖြင့် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လာရာ အရပ်သားအပေါ် ထိခိုက်လာကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီမှ အဆင်မခြင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံများ စိုးရိမ်မှု မြင့်တက်နေလျက်ရှိသည်။

“အခုတစ်အိမ်လုံး မိသားစုလိုက်ပြေးရင် နေအိမ်သိမ်းခံရမှာ ကြောက်တယ်။ ကိုးကန့်စစ်သားတွေက သူတို့ကို မကြောက်ဖို့ ပြောတယ်။ ဒါပေမယ့် သူတို့ကလည်း ရွာထဲမှာရှိတဲ့ လူငယ်၊ မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူကိုလိုက်ဖမ်းနေတာတွေ့တော့ မကြောက်လို့လည်း မရဘူး။ ကြောက်တယ်လေ။ ပြီးတော့ လေယာဉ်သံကြားရင်လည်း အိမ်ကနေအပြင်ကို မထွက်ရဲတော့ဘူး”ဟု ကွန်ကောက်ကျေးရွာ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ ယနေ့ (ဒီဇင်ဘာလ ၂၃) ရက်တွင်လည်း သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုအနီး သေနတ်ပစ်ခတ်သံများ တစ်ရက်နီးပါး ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA က သိန္နီမြို့နယ်အတွင်း အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်နိုင်ရန် ညွှန်ကြားချက် ၆ ချက်အကြောင်းကို ကျေးရွာသူကြီးများခေါ်ယူပြီး အစည်းအဝေးပြလုပ်နေလျက် နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...