သိန္နီမြို့ရှိ ခလရ-၆၉ ကို ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်

သျှမ်းပြည် သိန္နီမြို့အခြေစိုက် ခလရ-၆၉ ကို ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။

သိန္နီ ညီနောင်မဟာမိတ် ဆက်လက်သိမ်းပိုက်နေ

ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) နံနက် ၉ နာရီအချိန်ခန့်က သိန္နီမြို့နယ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၉ ကို ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲအကြား ပြည်သူထိခိုက်သေဆုံးမှုလည်း ရှိနေကြောင်း သိန္နီမြို့နယ်ဒေသခံများက ပြောသည်။

“သိန္နီက ခလရ-၆၉ တပ်လည်း ကျပြီလို့ ပြောလို့ရပြီ။ မနေ့က မနက် ၉ နာရီ‌လောက်ကတည်းက ကျသွားပြီ။ ခလရ-၆၉ နဲ့ စကစ-၁၆ က ကပ်ရပ်ပဲ၊ ခြံစည်းရိုးပဲ ခြားတယ်။ သိန္နီတပ်တွေကိုလည်း မနက်ဖန်တောင် မကျော်ဘူးထင်တယ်၊ မဟာမိတ်တပ်တွေ အကုန်သိမ်းနိုင်လောက်ပြီ။” သိန္နီမြို့မှ လားရှိုးမြို့သို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နှစ်ဘက်တိုက်ပွဲကြား ပြည်သူထိခိုက်သေဆုံးမှုရှိကြောင်း ၊လက်ရှိမှာ ဖုန်းလိုင်း အဆင်မပြေကြောင်း ၎င်းက ဆိုသည်။

သိန္နီ ညီနောင်မဟာမိတ် ဆက်လက်သိမ်းပိုက်နေ

သိန္နီမြို့ရှိ ခလရ-၆၉ တပ်ရင်းကို ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်သည့် အခြေအနေကို သျှမ်းသံတော်ဆင့်မှ TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူရုံးထံသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်ဘက်ကလည်း သိန္နီမြို့ကို နေ့စဉ်နီးပါး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး တပ်မ-၅၅/၈၈/၉၉ များမှ တပ်သားများကို လေယာဉ်ဖြင့် စကခ-၁၆ သို့ အင်အားအများအပြား ဖြည့်တင်းနေကြောင်း သိန္နီမြို့ဒေသခံများထံမှ သိရသည်။

“သိန္နီမှာက ခလရ-၆၉ ရယ်၊ စကခ-၁၆ နဲ့ ခမရ-၃၂၃ တွေ ရှိတယ်ဆိုပေမဲ့လည်း စစ်ကောင်စီတပ်က တပ်မ-၅၅/၈၈/၉၉ က တပ်သားတွေကို လေယာဉ်နဲ့အများကြီး ထပ်လာချသွားသေးတယ်။ လေယာဉ်ပျံနဲ့ နေ့တိုင်းလာတိုက်နေတာ တစ်နေကုန်ပဲ၊ ညလည်း သွားနေတာပဲ။ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ လောက်ကိုင်ပေါ့ ဒီဟာတွေကို သွားတာနေမှာ”ဟု သိန္နီမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း သိန္နီမြို့ရှိ စစ်ဘေးရှောင်များ ခိုလှုံရာ ကျောင်းခမ်းဘုန်းကြီးကျောင်းကို မည်သည့်လက်နက်ကိုင်အဖွဲ့၏ ဒရုန်းဟု မသိရဘဲ ဗုံးကြဲချမှုကြောင့် စစ်ဘေးရှောင်ကျောင်းသူ ၁ ဦး သေဆုံးသွားပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကျောင်းခမ်းဘုန်းကြီးကျောင်းထဲတွင် စစ်ဘေးရှောင် ၄၀၀ကျော်ကျန်ရှိနေသေးကြောင်း၊ ထိုစစ်ရှောင်များသည် သေနတ်သံ၊ လက်နက်ကြီးသံကြားမှ ထပ်မံထွက်ပြေးတိမ်းရှောင်ရန်ကြိုးစားနေကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း သိန္နီမြို့ကို ညီနောင်မဟာမိတ်တပ်ဖွဲ့သုံးဖွဲ့မှ ထိန်းချုပ်နိုင်ပြီဟု ကြေညာထားသော်လည်း သိန္နီမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ စကခ-(၁၆) ကို သိမ်းပိုက်နိုင်ရန် ကျန်ရှိနေသေးသည်။

လက်ရှိတွင် သိန္နီမြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာလျက်ရှိကာ သိန္နီမြို့နယ်ဒေသခံ ထက်ဝက်ကျော်သည် တိုက်ပွဲကြောင့် အခြားဒေသများသို့ စစ်ဘေးရှောင်နေရပြီး နေရပ်ပြန်လည် နေထိုင်နိုင်ခြင်း မရှိသေးကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...