လောက်ကိုင်မြို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ

သျှမ်းပြည် လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။

လောက်ကိုင်မြို့

လောက်ကိုင်မြို့ရှိ အိုလုံတုံ့နေရာကို ဒီဇင်ဘာလ ၂၃ ရက်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်များ ခိုလှုံရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သား ၃ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်မီဒီယာက ယမန်နေ့ (ဒီဇင်ဘာလ ၂၄ ရက်)တွင် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၃ ရက် တစ်ရက်တည်းတွင် မြန်မာ-တရုတ် နယ်စပ်မှတ်တိုင် (၁၂၃)အနီး စစ်ဘေးရှောင်စခန်းရှိ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ထင်းကောက်နေစဉ် စစ်ကောင်စီထောင်ထားခဲ့သော မိုင်းနင်းမိခြင်းကြောင့် ခြေနှစ်ချောင်းလုံး ထိမှန်ပြီး ညာခြေထောက် ကျိုးပြတ်သွားခဲ့သည်ဟု သိရသည်။

အလားတူ သိန္နီမြို့နယ်တွင်လည်း ဒီဇင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်မှ သိန္နီရဲစခန်းအနီးသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လောက်ကိုင်

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် ဒီဇင်ဘာလ ဒုတိယပတ်အတွင်းက တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယာယီအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု တရုတ်နိုင်ငံဘက်က ပြောဆိုသော်လည်း မြန်မာ-တရုတ်နယ်စပ်ရှိ နမ့်ခမ်း၊ မူဆယ်နှင့် လောက်ကိုင်မြို့တို့တွင် တိုက်ပွဲဖြစ်ပွားမှု လျော့ကျသွားခြင်း မရှိပေ။

ထို့အပြင် စစ်ကောင်စီတပ်သည် စစ်ပွဲငြိမ်းဆဲမှုကို ချိုးဖောက်ပြီး ဒီဇင်ဘာလ ၁၈ ရက်မှ ၂၁ ရက်အတွင်း ကိုးကန့်ဒေသရှိ MNDAA တပ်ဖွဲ့၏ ခံတပ်နေရာများနှင့် လောက်ကိုင်မြို့တွင်းသို့ လေကြောင်းဖြင့် အကြိမ် ၅၀ နီးပါး လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူထိခိုက်သေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုတို့ကို အသေးစိတ် မသိရှိရသေးကြောင်း ကိုးကန့်မီဒီယာက ဒီဇင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ကိုးကန့်ခရိုင် အထွေထွေအတွင်းရေးမှူးနှင့် နိုင်ငံရေးဌာန ဒု-ဌာနမှူးတို့ ဦးဆောင်သည့် အလုပ်အမှုဆောင်အဖွဲ့သည် မြန်မာ-တရုတ် နယ်စပ်အနီးရှိ BP-125 စစ်ဘေးရှောင်စခန်းသို့ လာရောက်ခဲ့ပြီး စစ်ကောင်စီတပ်အနေဖြင့် လောက်ကိုင်မြို့နယ်ကို အချိန်မရွေး လာရောက်ဗုံးကြဲ တိုက်ခိုက်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...