Tuesday, April 30, 2024

လောက်ကိုင် စစ်ကောင်စီတပ် ဒကစ ညှိနှိုင်း လက်နက်ချ၊ မြို့ကို ကိုးကန့်တပ် အလုံးစုံ သိမ်းပိုက်

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသ၏ မြို့တော် လောက်ကိုင် အနီး ကျန်ရှိနေသည့် တစ်ခုတည်းသော စစ်တပ် စခန်း ဖြစ်သည့် စစ်ကောင်စီ၏ ဒကစ တပ် ယနေ့ ညှိနှိုင်း လက်နက်ချလိုက်ပြီဟု ဒေသတွင်း သတင်းရင်းမြစ်က အတည်ပြုသည်။

လောက်ကိုင်မြို့တွင်း တစ်နေရာ

ကိုးကန့်ဒေသတွင်း နောင်ဆုံး ကျန်ရှိနေသည့် အင်အားကြီးမားသည့် စစ်ကောင်စီ ဒကစ တပ်စခန်းအား သိမ်းပိုက်နိုင်ရေး MNDAA လနှင့်ချီ တိုက်ခိုက်ပြီးနောက် ယခုကဲ့သို့ လက်နက်ချခဲ့ခြင်း ဖြစ်သည်။

“စခန်းက စစ်သားရော မိသားစုတွေရော အကုန်လုံး ကိုးကန့်တပ်က လားရှိုးကို ပို့ပေးမယ်ဆိုပြီး ညှိပြီး လက်နက်ချတယ်လို့ သိရတယ်။ အခုညနေ ဒကစတပ်က အားလုံး ထွက်လာပါပြီ။ ဒစကထဲက မိသားစုတွေ ကလေးတွေ အကုန်ပါတယ်” ဟု သတင်းရင်းမြစ်က အတည်ပြု ပြောသည်။

သို့သော် လက်နက်ခဲယမ်း အားလုံးကို MNDAA ထံ အပ်နှံခဲ့ရသည့်အတွက် ဒကစတပ် တာ၀န်ရှိသူများ အရေးယူ ခံရနိုင်သည်ဟု ၄င်းကသုံးသပ်သည်။

ယခုကဲ့သို့ ကြီးမားလှသည့် ဒကစ တပ်စခန်း သိမ်းပိုက်နိုင်မှုကြောင့် ကိုးကန့်ဒေသအတွင်း စစ်ကောင်စီတပ် စခန်း မကျန်ရှိတော့ဘဲ လွတ်မြောက်နယ်မြေ ဖြစ်သွားပြီဟု သတင်းရင်းမြစ်က သုံးသပ်သည်။

လောက်ကိုင်ဒေသ ဒကစ စခန်း သိမ်းပိုက်နိုင်မှုနှင့် တကွ နောက်ဆက်တွဲ အခြေအနေ အသေးစိတ်အား သျှမ်းသံတော်ဆင့်က စုံစမ်း မေးမြန်းနေဆဲ ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article