Tuesday, January 27, 2026

ညီနောင်မဟာမိတ်(၃)ဖွဲ့ နှင့် စစ်ကောင်စီ ယာယီအပစ်ရပ်၊မြေပြင် တိုက်ပွဲဖြစ်ပွားဆဲ

ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် စစ်ကောင်စီတို့အကြား နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရေး သဘာတူညီမှုရရှိခဲ့သော်လည်း လက်ရှိအချိန်ထိ မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေဆဲကြောင်း သတင်းသိရသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့

ပြီးခဲ့တဲ့ (ဇန်နဝါရီလ ၁၀ ရက်မှ ၁၁ ရက်) အထိ နှစ်ရက်ကြာ တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့်သည် တရုတ်နိုင်ငံ ကူးမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဖက်တပ်ဖွဲ့ ယာယီအပစ်ခတ် ရပ်စဲရေး ဘဘောတူညီလိုက်ကြကြောင်း ဆွေးနွေးပွဲအတွင်း ပါဝင်သူတစ်ဦး၏ ပြောချက်အရ VOAသတင်းဌာနက ရေးသားဖော်ပြထားသည်။

လက်ရှိ ယာယီအပစ်ခတ်ရပ်စဲရေးတွင် သျှမ်းမြောက်ဒေသတစ်ခုသာ အကျုံးဝင်ပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ရက္ခိုင့်တပ်တော် AAတို့ တိုက်ပွဲဆင်နွဲရာ ရခိုင်ပြည်ထိပါ အပစ်ခတ်ရပ်စဲရန် ရှင်းရှင်းလင်းလင်းမသိရသေးကြောင်းလည်း ဆိုထားပြန်သည်။

သို့ရာတွင် ညီနောင်မဟာမိတ် (၃)ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့အကြား အပစ်ခတ် ရပ်စရေး ဘဘောတူညီကြသော်လည်း သျှမ်းမြောက်မြို့နယ် နေရာအချို့တွင် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။

ယနေ့ (ဇန်နဝါရီလ ၁၂ ရက်) မနက်ပိုင်းထိ မိုးမိတ်မြို့နယ် ကင်းချောင်းရွာတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ မိုးမိတ်မြို့နယ် ကင်းချောင်းရွာမှာ တိုက်ပွဲထပ်ဖြစ်တယ်။ လေယာဉ်နဲ့ကော ဗုံးကြဲတယ်။ မနေ့ကလည်း အုန်းကြောရွာသစ်နဲ့ ရွာဟောင်းဘက်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းပစ်လို့ အုန်းကြောရွာဟောင်းဘက်မှာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၄ အိမ်လုံးလက်နက်ကြီးမှန်ပြီး ပျက်သွားတယ်” ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

အလားတူ လားရှိုးမြို့နယ် ပန်ခေါ်ကျေးရွာ၊ ပန်ဖတ်ကျေးရွာ၊ ကောင်ဖြူကျေးရွာ၊ ပန်နားကျေးရွာ၊ ပန်ဟုံကျေးရွာနှင့် ကုန်းဆာကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးများကြဲသွားကြောင်း ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် ညပိုင်းတွင် TNLA ကထုတ်ပြန်ထားသည်။

ကုန်းဆာကျေးရွာနေ ဒေသခံတစ်ဦးက “အခုကျနော်တို့ရွာက စစ်တပ်ရဲ့ ပစ်မှတ်ဖြစ်နေပြီ။ မြို့ထဲကနေ လက်နက်ကြီးပစ်ထွက်လာရင် ကျနော်တို့ရွာဘက်ကို ကျနေတယ်။ သူတို့က ရမ်းသမ်း ပစ်တာ။ ကျနော်တို့ကတော့ အမြဲထိတ်တလန့်လန့် ကြောက်နေရတယ်။ လေယာဉ်နဲ့လည်း လာပစ်တယ်။ တစ်ခါတလေ ကျနော်တို့ ပုန်းခိုကျဉ်းထဲပြေးဝင်ရတာ”ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟိုနားကျေးရွာမှ နေအိမ် ၃ အိမ်၊ ကုန်းဆာကျေးရွာမှ ကျောင်းဇရပ် ၁ ဆောင်နှင့် စေတီတစ်ဆူ ထိခိုက်ပျက်ဆီးသွားသည်။

ထို့အပြင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ မိုင်းငေါ့မြို့နယ်သို့ လက်နက်ကြီးဖြင့် (၅) ကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ကုန်းဆာကျေးရွာ၊ ပန်းတာကျေးရွာနှင့် ပန်ဖတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၃၄) ကြိမ်နှင့် ညီပေါမြို့နယ် စစ်ကောင်စီတပ်မှ နမ့်ယွန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၃) ကြိမ်ဖြင့် (ဇန်နဝါရီလ ၁၁ ရက်)တည်းတွင် ပစ်ခတ်ခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ စစ်ဘေးရှောင်တစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့က နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင်မသိပါဘူး။ ဘယ်ဖက်က လက်နက်ကိုင် ဘဲဖြစ်ဖြစ် တိုက်ပွဲဖြစ်မယ်ဆိုရင် အသိပေးပါ။ ဒါမှကျနော်တို့ ကြိုတင်ပြေးလို့ရတာပေါ့။ ပြီးတော့ စစ်ဘေးရှောင် ခွဲခြားသိချင် ပါတယ်။ တစ်ခါက စစ်ကောင်စီဘက်မှ ဘယ်နေရာ၊ ဘယ်ကျောင်းမှာ သွားခိုလှုံပါဆိုပြီး ပြော တယ်။ နောက်ဆုံးတော့ သူတို့လေယာဉ်နဲ့ ကျောင်းဆောင်တွေ ပေါ်ဗုံးကြဲချသွားတာ ကျနော်တို့ဘဲ ခံရတယ်။ နေလည်းမနေရဲတော့ဘူး” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

သျှမ်းသံတော်ဆင့်မှ သီခြားကောက်ယူထားသည့် မှတ်တမ်းများအရ သျှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော်အတွင်း တိုက်ပွဲကြား ပြည်သူ ၂၀၀ နီးပါး သေဆုံးပြီး ၂၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...