ညီနောင်မဟာမိတ်(၃)ဖွဲ့ နှင့် စစ်ကောင်စီ ယာယီအပစ်ရပ်၊မြေပြင် တိုက်ပွဲဖြစ်ပွားဆဲ

ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် စစ်ကောင်စီတို့အကြား နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရေး သဘာတူညီမှုရရှိခဲ့သော်လည်း လက်ရှိအချိန်ထိ မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေဆဲကြောင်း သတင်းသိရသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့

ပြီးခဲ့တဲ့ (ဇန်နဝါရီလ ၁၀ ရက်မှ ၁၁ ရက်) အထိ နှစ်ရက်ကြာ တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့်သည် တရုတ်နိုင်ငံ ကူးမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဖက်တပ်ဖွဲ့ ယာယီအပစ်ခတ် ရပ်စဲရေး ဘဘောတူညီလိုက်ကြကြောင်း ဆွေးနွေးပွဲအတွင်း ပါဝင်သူတစ်ဦး၏ ပြောချက်အရ VOAသတင်းဌာနက ရေးသားဖော်ပြထားသည်။

လက်ရှိ ယာယီအပစ်ခတ်ရပ်စဲရေးတွင် သျှမ်းမြောက်ဒေသတစ်ခုသာ အကျုံးဝင်ပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ရက္ခိုင့်တပ်တော် AAတို့ တိုက်ပွဲဆင်နွဲရာ ရခိုင်ပြည်ထိပါ အပစ်ခတ်ရပ်စဲရန် ရှင်းရှင်းလင်းလင်းမသိရသေးကြောင်းလည်း ဆိုထားပြန်သည်။

သို့ရာတွင် ညီနောင်မဟာမိတ် (၃)ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့အကြား အပစ်ခတ် ရပ်စရေး ဘဘောတူညီကြသော်လည်း သျှမ်းမြောက်မြို့နယ် နေရာအချို့တွင် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။

ယနေ့ (ဇန်နဝါရီလ ၁၂ ရက်) မနက်ပိုင်းထိ မိုးမိတ်မြို့နယ် ကင်းချောင်းရွာတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ မိုးမိတ်မြို့နယ် ကင်းချောင်းရွာမှာ တိုက်ပွဲထပ်ဖြစ်တယ်။ လေယာဉ်နဲ့ကော ဗုံးကြဲတယ်။ မနေ့ကလည်း အုန်းကြောရွာသစ်နဲ့ ရွာဟောင်းဘက်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းပစ်လို့ အုန်းကြောရွာဟောင်းဘက်မှာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၄ အိမ်လုံးလက်နက်ကြီးမှန်ပြီး ပျက်သွားတယ်” ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

အလားတူ လားရှိုးမြို့နယ် ပန်ခေါ်ကျေးရွာ၊ ပန်ဖတ်ကျေးရွာ၊ ကောင်ဖြူကျေးရွာ၊ ပန်နားကျေးရွာ၊ ပန်ဟုံကျေးရွာနှင့် ကုန်းဆာကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးများကြဲသွားကြောင်း ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် ညပိုင်းတွင် TNLA ကထုတ်ပြန်ထားသည်။

ကုန်းဆာကျေးရွာနေ ဒေသခံတစ်ဦးက “အခုကျနော်တို့ရွာက စစ်တပ်ရဲ့ ပစ်မှတ်ဖြစ်နေပြီ။ မြို့ထဲကနေ လက်နက်ကြီးပစ်ထွက်လာရင် ကျနော်တို့ရွာဘက်ကို ကျနေတယ်။ သူတို့က ရမ်းသမ်း ပစ်တာ။ ကျနော်တို့ကတော့ အမြဲထိတ်တလန့်လန့် ကြောက်နေရတယ်။ လေယာဉ်နဲ့လည်း လာပစ်တယ်။ တစ်ခါတလေ ကျနော်တို့ ပုန်းခိုကျဉ်းထဲပြေးဝင်ရတာ”ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟိုနားကျေးရွာမှ နေအိမ် ၃ အိမ်၊ ကုန်းဆာကျေးရွာမှ ကျောင်းဇရပ် ၁ ဆောင်နှင့် စေတီတစ်ဆူ ထိခိုက်ပျက်ဆီးသွားသည်။

ထို့အပြင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ မိုင်းငေါ့မြို့နယ်သို့ လက်နက်ကြီးဖြင့် (၅) ကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ကုန်းဆာကျေးရွာ၊ ပန်းတာကျေးရွာနှင့် ပန်ဖတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၃၄) ကြိမ်နှင့် ညီပေါမြို့နယ် စစ်ကောင်စီတပ်မှ နမ့်ယွန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၃) ကြိမ်ဖြင့် (ဇန်နဝါရီလ ၁၁ ရက်)တည်းတွင် ပစ်ခတ်ခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ စစ်ဘေးရှောင်တစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့က နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင်မသိပါဘူး။ ဘယ်ဖက်က လက်နက်ကိုင် ဘဲဖြစ်ဖြစ် တိုက်ပွဲဖြစ်မယ်ဆိုရင် အသိပေးပါ။ ဒါမှကျနော်တို့ ကြိုတင်ပြေးလို့ရတာပေါ့။ ပြီးတော့ စစ်ဘေးရှောင် ခွဲခြားသိချင် ပါတယ်။ တစ်ခါက စစ်ကောင်စီဘက်မှ ဘယ်နေရာ၊ ဘယ်ကျောင်းမှာ သွားခိုလှုံပါဆိုပြီး ပြော တယ်။ နောက်ဆုံးတော့ သူတို့လေယာဉ်နဲ့ ကျောင်းဆောင်တွေ ပေါ်ဗုံးကြဲချသွားတာ ကျနော်တို့ဘဲ ခံရတယ်။ နေလည်းမနေရဲတော့ဘူး” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

သျှမ်းသံတော်ဆင့်မှ သီခြားကောက်ယူထားသည့် မှတ်တမ်းများအရ သျှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော်အတွင်း တိုက်ပွဲကြား ပြည်သူ ၂၀၀ နီးပါး သေဆုံးပြီး ၂၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...