ညီနောင်မဟာမိတ် သိမ်းပိုက်ခဲ့သည့် ဟိုပန် နှင့် ပန်လုံမြို့ကို UWSA ထံပြန်လွှဲပေး 

သျှမ်းပြည် မြောက်ပိုင်းအတွင်း ဆင်နွဲနေသည့် ၁၀၂၇ စစ်ဆင်ရေးမှ ညီနောင်မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ သည့် ဟိုပန်မြို့ နှင့် ပန်လုံမြို့တို့ကို UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အဖြစ် လွှဲအပ် ပေးခဲ့ကြောင်း စုံစမ်း သိရသည်။ 

ယမန်နေ့ (ဇန်နဝါရီလ ၁၀) ရက်တွင် Wa Channel လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ဟိုပန်မြို့ နှင့် ပန်လုံမြို့ တို့ကို “ဝ” တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ နယ်မြေအတွင်း လွဲအပ်ပေးခဲ့ကြောင်း ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ဟိုပန်မြို့ နှင့် ပန်လုံမြို့တို့သည် စစ်ကောင်စီ တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်ရေး နှစ်လကျော်ကြာမြင့်လာပြီးသည့်နောက် ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့၌ စစ်ကောင်စီ တပ်စခန်းများ ကျရှုံးပြီး အဆိုပါ မြို့နှစ်မြို့ကို မဟာမိတ် တပ်ဖွဲ့ဝင်များက ထိန်းချုပ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ 

ဟိုပန်မြို့ နှင့် ပန်လုံမြို့ကို ဝ ပြည်သူ့ အစိုးရထံ လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားကို ဟိုပန်မြို့ရှိ မြို့တော် ခန်းမ၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဝ ပြည်သူ့ အစိုးရ ကိုယ်စား မိုင်းမောခရိုင်မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။ 

ဟိုပန်မြို့သည်  ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် ကွမ်းလုံမြို့၏ အရှေ့ဘက် ၁၁ မိုင်ဝန်းကျင်သာ ကွာဝေးလျက်ရှိပြီး ချင်းရွှေဟော်မြို့နှင့် အနောက်ဘက် ၉ မိုင်ဝန်းကျင်သာ ကွာဝေးလျက်ရှိကြောင်းလည်း စုံစမ်းသိရသည်။ 

ယင်းကဲ့သို့ မြို့နယ်များကို “ဝ” ပြည်သူ့ အစိုးရထံ လွဲပြောင်းပေးအပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို တယ်ရီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။ 

ဟိုပန်မြို့ နှင့် ပန်လုံမြို့သည် စစ်တပ်မှ ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့များလည်း ဖြစ်သည်။ 

တစ်ဖက်တွင်လည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း “ဝ” တပ်ဖွဲ့ UWSA အနေဖြင့် မည်သူဘက်မှ ပါဝင်မည် မဟုတ်သော်လည်း ၎င်းတို့ဒေသအတွင်း စစ်ရေးအရ ကျူးလွန်လာပါက လက်တုံ့ပြန်သွားမည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...