Wednesday, January 28, 2026

ပန်ဆိုင်းပြည်သူများ MNDAAအတွက် စားဖွယ်စရာ နေ့စဉ်ချက်ပေးနေရ

သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့ဒေသခံများက ကိုးကန့်အဖွဲ့ ( MNDAA) စစ်သားများအတွက် တစ်ရက် လျှင် လူဦးရေ ၂၀ဦး စားဖွယ်စရာသွားရောက် ချက်ပြုတ်ပေး နေရကြောင်း စုံစမ်းသိရသည်။

ပန်ဆိုင်း

ပန်ဆိုင်းမြို့အတွင်းသို့ MNDAA မှ စတင်ထိန်းချုပ်သည့်အချိန် နိုဝင်ဘာ လကုန်မှစပြီး ဒေသခံ ၂၀ဦးသည် MNDAA စစ်သားများအတွက် နေ့စဥ်စားဖွယ်စရာ သွားရောက်ပြင်ဆင်ပေးရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုက ကိုးကန့်အဖွဲ့ရဲ့ အမိန့်ပါ။ ယောက်ျား ၁၀ယောက်၊ မိန်းကလေး ၁၀ယောက် သွားရတယ်။ မသွားရင်တော့ တစ်ယောက်ကို တစ်ယောက် တရုတ်ယွမ် ၁၂၀ (မြန်မာငွေ ၆သောင်းကျပ်)ပေးရတယ်” ဟု ၎င်းအမျိုးသားက ဆိုသည်။

ဆက်လက်ပြီး အဆိုပါ MNDAA အတွက် စားနပ်ရိက္ခာများသွားရောက်ပြင်ဆင်ပေးသူများသည် နေ့လည် ၁နာရီစတင်သွားပါက နောက်တစ်ရက် နေ့လည် ၁နာရီမှသာ အိမ်ပြန်ခွင့်ရကြောင်း၊ သွားရောက်အလုပ်လုပ်ရချိန် ၂၄နာရီရှိကြောင်းလည်း သိရသည်။

” ကျနော်တို့က ချက်ပြုတ်ပြီးရင် ထမင်းထုပ် ဟင်းထုပ် ပြန်လုပ်ရတယ်။ သူတို့က လာယူပြီး ရှေ့တန်းရောက်တဲ့ စစ်သားတွေဆီ ပြန်ပို့တာပေါ့။ သွားရင်တော့ အားလုံး အဲ့မှာ အိပ်ရတယ်” ဟု MNDAA အတွက် စားစရာသွားပြင်ဆင်ပေးသည့် အမျိုးသားက ဆက်လက်ပြောသည်။

လက်ရှိမှာ မူဆယ်ခရိုင်အတွင်း တိုက်ပွဲများငြိမ်နေသော်လည်း နေရပ်ပြန်နေရန် ခက်ခဲနေကြောင်း သိရသည်။

ထို့အပြင် ပန်ဆိုင်းမြို့တွင် ဒီဇင်ဘာလ လလယ်မှစ၍ လျှပ်စစ်မီးကို MNDAA က တရုတ်နိုင်ငံမှ တဆင့် သွယ်တန်းပေးပြီး တစ်ယူနစ်လျှင် တရုတ်ယွမ်ငွေ ၂ ယွမ် (မြန်မာငွေ ၈၀၀ ကျပ်) ဖြင့် MNDAA ထံပေးသွင်းပြီး ပန်ဆိုင်းမြို့၏ ၈၀ ရာခိုင်နှုန်းခန့်သော နေအိမ်များသည် တရုတ်နိုင်ငံမှ လာသော လျှပ်စစ်မီးများကို စတင်သုံးစွဲနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...