MNDAA
ကွတ်ခိုင် ညီနောင်မဟာမိတ်အချင်းချင်းကြား ခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွား
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား အချင်းချင်း ခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၁၉ ရက်နေ့တွင် ကွတ်ခိုင်မြို့နှင့် တာမိုးညဲမြို့အကြားရှိ မော်ဟန်ကျေးရွာအုပ်စုအနီး တအာင်း(ပလောင်) တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့...
သိန္နီမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံး
သျှမ်းပြည် သိန္နီမြို့နယ် တွင်နေထိုင်သည့် အမျိုးသားတစ်ဦး မြေမြုပ် မိုင်းနင်းမိ၍ သေဆုံးခဲ့ပြီး ကြောင်း စုံစမ်း သိရသည်။ သျှမ်းပြည် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာတွင် ယမန်နေ့ (ဧပြီလ ၂၁ ရက်) နံနက်ပိုင်း၌ အမျိုးသား တစ်ဦး အိမ်ခြံနောက်ဖေးတွင် ဟင်းသွားခူးရာမှ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ...
ကွတ်ခိုင်အရပ်သားတစ်ဦး MNDAA ဖမ်းဆီးရိုက်နှက် သေဆုံး၊ ဖြေရှင်းချက်မပေးဘဲ တာဝန်မယူဟုပြော
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် အရပ်သားတစ်ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးရိုက်နှက်၍ သေဆုံးခဲ့ရပြီး ၎င်းအမှုကိစ္စကို ဖြေရှင်းချက်မပေးဘဲ တာဝန်မယူဟု ပြောဆိုကြောင်း စုံစမ်းသိရသည်။ မတ်လဆန်းပိုင်းက ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ် ရပ်ကွက် (၂) တွင် နေထိုင်သည့် အသက် ၃၅ နှစ်ခန့်ရှိ ဇော်ဆိုင်း ဆိုသူသည်...
သိန္နီမြို့နယ် SSPP/SSA နှင့် MNDAA တိုက်ပွဲအတွင်း တပ်သားအပြန်အလှန် ဖမ်းဆီးမှုရှိ
သျှမ်းပြည် သိန္နီမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တိုက်ပွဲအတွင်း နှစ်ဘက်တပ်သား အချင်းချင်း ဖမ်းဆီးမှု ရှိနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၆ နှင့် ၂၇ ရက်တို့တွင် သိန္နီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သျှမ်းတပ် SSPP/SSA နှင့် ကိုးကန့်တပ်ဖွဲ့...
အပစ်ရပ်ဆိုပေမယ့် ပြန်နေစရာ အိမ်မရှိတော့တဲ့အခါ ဘယ်သူတာဝန်ယူမှာလဲ
တိတ်ဆိတ်နေတဲ့ နံနက်အရုဏ်ဦးမှာ တရုတ်ကျူရှင်သွားဖို့ ပြင်ဆင်နေတဲ့ သမီးလေးဟာ ကျယ်လောင်တဲ့ ပစ်ခတ်သံ ရုတ်တရက် ထွက်ပေါ်လာတာကြောင့် တုန်လှုပ်ခြောက်ခြား သွားပါတယ်။ အဲ့ဒီကျယ်လောင်တဲ့ ပစ်ခတ်သံဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနစ် အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီကျော်က စတင်ကြားလာပြီး မိုးလင်းလာတော့ တဖြည်းဖြည်းနဲ့...
သိန္နီမြို့နယ် SSPP/SSA နှင့် MNDAA တို့ အချင်းချင်း စတင်ပစ်ခတ်မှု ဖြစ်ပွား
သျှမ်းပြည် သိန္နီမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ အချင်းချင်း စတင်ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ညဦးပိုင်းမှ စတင်ပြီး သိန္နီမြို့နယ်ရှိ နမ့်စလပ်တိုက်နယ်အတွင်း သွားလာလှုပ်ရှားနေသည့် SSPP/SSA နှင့်...
MNDAA ဖမ်းဆီးထားသည့် လူငယ်များကို ပြန်လွှတ်ပေးရန် တအာင်းအရပ်ဘက်အဖွဲ့ တောင်းဆို
သျှမ်းပြည် လောက်ကိုင်မြို့မှ နေရပ်ပြန်လာစဉ် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခံထားရသည့် လူငယ်များကို ပြန်လွှတ်ပေးရန် တအာင်း(ပလောင်) အရပ်ဘက်အဖွဲ့များ က တောင်းဆိုလိုက်သည်။ တအာင်း(ပလောင်) အရပ်ဘက်အဖွဲ့များ ဖြစ်ကြသည့် တအာင်းအမျိုးသမီးအဖွဲ့ (TWO)၊ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့ (TSYU) နှင့် တအာင်း...
စစ်ကောင်စီနှင့် အပေးအယူလုပ်ပြီးနောက် MNDAAက ချင်းရွှေဟော် နယ်စပ်ဂိတ်ပြန်ဖွင့်
သျှမ်းပြည် လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် တို့ အပေးအယူလုပ်ပြီးနောက် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၁ ရက်) မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့...
စစ်ပြေးဖမ်းရန် နယ်ကျွံခဲ့သည့် ‘ဝ’တပ်သားကို ကိုးကန့်တပ်သားများ ရိုက်နှက်၊ UWSA စာထုတ်တောင်းပန်ခိုင်း
သျှမ်းပြည် လောက်ကိုင်မြို့တွင် စစ်ပြေးဖမ်းဆီးရန် နယ်ကျွံသွားရောက်ခဲ့သော “ဝ”တပ်ဖွဲ့မှ တပ်ခွဲမှူးအဆင့်ရှိသူတစ်ဦးကို ကိုးကန့်တပ်သားများက ရိုက်နှက်ခြိမ်းခြောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၅ ရက်တွင် လောက်ကိုင်မြို့သို့ စစ်ပြေးလာသူများကို ဖမ်းဆီးရန်အတွက် “ဝ”တပ်ဖွဲ့ UWSA ၏ နမ့်တစ်ဒေသ တပ်ခွဲမှူးအဆင့်ရှိသူက သွားရောက်ခဲ့သည်။ မတ်လ ၆ရက်တွင် အဆိုပါ UWSA...
လောက်ကိုင်မြို့ ဈေးမီးလောင် တရုတ်ယွမ်ငွေ ၁၀ သန်းခန့် ပျက်စီးဆုံးရှုံး
သျှမ်းပြည် လောက်ကိုင်မြို့ ဆုံဖုန်းထ အပိုင်းရှိ ဈေးဟောင်းတွင် မီးလောင်ခဲ့ခြင်းကြောင့် တရုတ်ယွမ်ငွေ ၁၀ သန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သတင်းသိရသည်။ ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ်ပိုင်းတွင် လောက်ကိုင်မြို့ ရပ်ကွက်(၃) ဆုံဖုန်းထ အပိုင်းရှိ ဈေးဟောင်းတွင် မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ကုန်စုံဆိုင်၊ အဝတ်အထည်ဆိုင် အပါအဝင် ဆိုင်ခန်း...





