MNDAA
သျှမ်းမြောက် စစ်ရေးတင်းမာ၊ ပြည်သူများ သတိရှိရန်လိုအပ်
SHAN -
သျှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ စစ်ရေးတင်းမာမှု အမြင့်ဆုံး အခြေအနေ ရောက်ရှိနေသဖြင့် ဒေသခံပြည်သူများ အနေဖြင့် လုံခြုံရေးသတိဖြင့် ကြိုတင်ပြင်ဆင်ရန် လိုအပ်နေပြီဟု ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇွန်လ ၁၃ ရက်) တွင် အကြံပြု ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊...
MNDAA က ဒေသတွင်း ရာဇဝတ်မှု အမျိုးအစား (၈)မျိုးအတွက် ပြစ်မှု ပြစ်ဒဏ်ထုတ်ပြန်လာ
သျှမ်းပြည် အထူးဒေသ(၁) ကိုးကန့်ဒေသ တရားစီရင်ရေးတွင် ကျင့်သုံးသွားမည့် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA က မေလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ “၁၀၂၇ စစ်ဆင်ရေး”အတွင်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် နယ်မြေများတွင် တရားဥပဒေစိုးမိုးရေးအတွက် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ စစ်ရေးအုပ်ချုပ်မှုကော်မတီက ရာဇဝတ်မှု အမျိုးအစား...
သိန္နီမြို့နယ် နှစ်လအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ
သျှမ်းပြည် သိန္နီမြို့နယ်တွင် နှစ်လအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၁၄ ရက် နံနက် ၁၀ နာရီကျော်တွင် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာအုပ်စုရှိ ဟိုတာ့ကျေးရွာမှ အသက် ၃၁ နှစ်အရွယ်ရှိ စိုင်းဆိုင်လျန်း သည် တောင်ယာရှင်းလင်းနေစဉ်...
သိန္နီမြို့ ခရစ်ယာန်ဘုရားကျောင်းဝန်း သန့်ရှင်းရေးဝင်လုပ်သည့် အမျိုးသား ၂ ဦးမိုင်းနင်းမိ၊ ၁ ဦးသေဆုံး
သျှမ်းပြည် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာအုပ်စု ဟိုတာရွာရှိ ဆောက်လုပ်လက်စ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် သန့်ရှင်းရေးဝင်လုပ်သည့် အမျိုးသား ၂ ဦး မြေမြုပ်မိုင်းနင်းမိပြီး၊ ၁ ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ မေလ ၆ ရက် နံနက်ပိုင်း ၁၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး မိုင်းနင်းမိသူ အမျိုသား ၂...
ပန်ဆိုင်းမြို့ နယ်စပ်ဂိတ် MNDAA ပြန်ဖွင့်သော်လည်း ဒေသခံများ ဝင်ထွက်သွားလာခွင့် မရသေး
သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ဒေသခံများ ဝင်ထွက်သွားလာ၍ မရသေးကြောင်း စုံစမ်းသိရသည်။ မေလ (၁) ရက်မှ စတင်ပြီး မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း မြန်မာဘက်ခြမ်းမှ...
မဟာမိတ် အချင်းချင်းကြား နယ်မြေစိုးမိုးမှုအကွဲအပြဲ စတင်နေပြီလား
သျှမ်းမြောက်မှာ အွန်လိုင်းလောင်းကစားလိမ်လည်မှု ကျားဖြန့်ပပျောက်ရေး ရည်ရွယ်ချက်နဲ့ “၁၀၂၇ စစ်ဆင်ရေး”ကို ညီနောင်မဟာမိတ် (၃) ဖွဲ့က စတင်ခဲ့ရာ စစ်ကောင်စီတပ်စခန်းပေါင်း ၄၀၀ ကျော်ကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ပြီး မြို့ပေါင်း ၂၀ နီးပါးကို သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးကို ၃ လနီးပါး ဆင်နွှဲခဲ့ပြီးနောက်မှာတော့ တရုတ်ရဲ့...
ကွတ်ခိုင် MNDAA တပ်စွဲနေရာကို TNLA က အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်နေရာယူ
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) တပ်စွဲသည့်နေရာကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်နေရာယူသဖြင့် အချင်းချင်းကြားစစ်ရေးတင်းမာမှုရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၇ ရက်) နေ့လယ်အချိန်တွင် ကွတ်ခိုင်မြို့ ကောင်းခါးလမ်းခွဲရှိ စိုက်ပျိုးရေးခြံတွင် တပ်စွဲထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA...
MNDAA က ပြစ်မှုကျူးလွန်သူ (၁၀) ဦးကို သေဒဏ်ပေးခြင်းအား ဥရောပသမဂ္ဂ ကန့်ကွက်
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြစ်မှုကျူးလွန်သူ (၁၀) ဦးကို သေဒဏ်ပေးခဲ့ခြင်းနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂ (EU) က ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်သည်။ ဧပြီလ ၂၄ ရက်တွင် လောက်ကိုင်မြို့၌ ပြစ်မှုကျူးလွန်သူ (၁၀) ဦးကို အများပြည်သူရှေ့မှောက် ကိုးကန့်တပ်ဖွဲ့ MNDAA...
လောက်ကိုင် MNDAA အရာရှိအပါအဝင် (၇)ဦး သေဒဏ်ပေးခံရ
ကိုယ်ကန့်ဒေသ လောက်ကိုင်မြို့ရှိ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( MNDAA)၏ အရာရှိအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ ၇ ကို ဥပဒေနှင့်အညီ သေဒဏ်ပေးခဲ့ကြောင်း MNDAA ယမန့်နေ့ (ဧပြီ ၂၄)ရက်တွင် ထုတ်ပြန်ခဲ့သည်။ အပြစ်ကျူလွန်ပြီး သေဒဏ်ပေးခံရသည့် အမျိုးသား ၁၀ ဦးသည် MNDAA ၏ ဒုတပ်ရင်းမှူး၊ပြည်သူ့စစ်၊စစ်ကြောင်မှူးနှင့်...
အထူးဒေသ (၁) ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း ဖွင့်လှစ်ခွင့်မပြု MNDAA ထုတ်ပြန်
သျှမ်ပြည် အထူးဒေသ( ၁) ပြန်လည် ထူထောင်ရေလုပ်ငန်းစဉ်တွင် ပုဂ္ဂလိက ဆေးရုံ နှင့် ဆေးခန်းအသစ် ဖွင့်လှစ်ရန် ခွင့်မပြုကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က ယမန်နေ့ (ဧပြီ ၂၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အထူးဒေသ (၁)တွင် ကျန်းမာရေးဆိုင်ရာလုပ်ငန်း၏ စီမံခန့်ခွဲမှုကို ပိုမိုစနစ်တကျဖြစ်စေရန် နှင့်...





