လားရှိုးမြို့မှ တိမ်းရှောင်လာသော ကားရာနှင့်ချီ စဉ့်အင်ဖောင်ဆိပ်တွင် ပိတ်မိနေ

သျှမ်းပြည် လားရှိုးမြို့တွင် တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင်ကားများ ရာနှင့်ချီ ပိတ်မိနေကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၃ ရက်နေ့မှ စတင်ပြီး လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားလာပြီးနောက် မြို့နေပြည်သူများမှာ ယမန်နေ့ (ဇူလိုင် ၄ ရက်) တွင် စတင်ထွက်ခွာ တိမ်းရှောင်နေကြပြီး စစ်ဘေး‌ရှောင် ကားများ အလံဖြူထောင်ကာ ဘေးလွတ်ရာ အခြားဒေသသို့ ကားများ ရာနှင့်ချီ ထွက်ခွာနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

ယနေ့ (ဇူလိုင်လ ၅ ရက်)တွင်လည်း လားရှိုးမြို့မှ ဆက်လက်ထွက်ခွာလာကြပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် စစ်ဘေးရှောင်ကားများ ရာနှင့်ချီ စဉ့်အင်ဖောင်ဆိပ်တွင် ပိတ်မိနေပြီး ဖြတ်သန်းသွားလာရန် ခက်ခဲနေကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လားရှိုးကနေ ထွက်လာတာ။ သီပေါဘက်ကိုလာတာ စဉ့်အင်မှာ မနေ့က အကြာကြီးစောင့်ရတာ၊ ဒီနေ့လည်း အများကြီးပဲ။ ဒီနေ့ အသိတွေ လာတာတောင် ပိတ်မိနေပြီး ဖုန်းဆက်လို့မရဘူး ဖြစ်နေတာ။ စဉ့်အင်ဖောင်ဆိပ်ကို ဖြတ်လာတုန်းက စက်လှေနဲ့ကမ်းကူးခ ၁ သိန်းခွဲ ပေးရတယ်”ဟု ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့မှ ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်သူများသည် ကားခ တစ်ဦးလျှင် ၃ သိန်းခန့် ပေးရပြီး၊ ယနေ့ စဉ်အင်ဖောင်ဆိပ်တွင် VIP ခေါင်းစဉ်ဖြင့် ကားတစ်စီးလျှင် ၅ သိန်းပေးသူကို ဦးစားပေး၍ စက်လှေဖြင့် ကူးပေးကြောင်း သိရသည်။

လက်ရှိလားရှိုးမြို့ အနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး လမ်းများပိတ်ကာ ဒေသခံလူဦးရေ သုံးပုံ နှစ်ပုံခန့်သည် တန့်ယန်း၊ မိုင်းရယ်မြို့နှင့် အခြားဒေသသို့ ဦးတည်၍ ထွက်ပြေးတိမ်ရှောင်နေကြကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

လားရှိုးမြို့ပေါ် လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ၁၄ ဦးအထိ ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...