လားရှိုးမြို့မှ ထွက်ခွာလာသည့် လူငယ် ၁ ဦးကို တပ်သားသစ်အဖြစ် MNDAA မှအတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွား

သျှမ်းမြောက် လားရှိုးမြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များထဲမှ လူငယ် အမျိုးသားတစ်ဦး ကို တပ်သားသစ်အဖြစ် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ၎င်းမိသားစုဝင်များကပြောကြားသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက်က တိုက်ပွဲကြောင့် လားရှိုးမြို့မှ မိုင်းရယ်၊ ဝမ်ဟိုင်းဘက်သို့ တိမ်းရှောင်ရန် ကားဖြင့်စီးလာကြစဉ် လားရှိုး-သီပေါ-တန်းယန်း လမ်းခွဲရှိ ခါးရှီကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ တားမြစ်စစ်ဆေးခြင်းခံရပြီး အဓ္ဓမဖမ်းဆီးခံရသည်ဟု မျက်မြင်သက်သေ အကိုဖြစ်သူ စိုင်းထွန်းလူက သျှမ်းသံတော်ဆင့်ပြောသည်။

ခါးရှီကျေးရွာသည် လားရှိုးမြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည်။

“အစပိုင်းကတော့ ကျနော်တို့ကားကို တားပြီးရပ်ခိုင်းပါတယ်။ ပြီးတော့ ဖုန်းလာစစ်တယ်။ သူတို့စစ်နေရင်း ကြိုက်ရင်ယူလိုက်တာပဲ။ ကျနော်တို့ညီအစ်ကိုကိုတွေ့တော့ ကျနော်ကိုမေးတယ်။ မင်းတို့ညီအစ်ကို တွေလားတဲ့။ ကျနော်လည်း ဘာမှမသိ၊ ဘာမှနားမလည်တော့ ဟုတ်တယ်လို့ဖြေလိုက်တာ။ ပြီးလည်းပြီးရော ကျနော့်ညီကို ကားပေါ်ဆင်းခိုင်းပြီး ခေါ်ထားလိုက်တာ။ ကျနော်လည်း ပိုက်ဆံပေးမယ်၊ ပြန်လွတ်ပေးပါလို့ ပြောတော့ မရှည်နဲ့တဲ့။ မင်းတို့မပြန်ရင် မင်းတို့အကုန်လုံးကို ဖမ်းထားလိုက်မယ်လို့ ခြိမ်းခြောက်တာ” ဟု စိုင်းထွန်းလူက ပြောသည်။

ဖမ်းဆီးခံရသူမှာ အသက် ၂၂ နှစ်အရွယ် စိုင်းပန်းစိန်ဖြစ်ပြီး စိုင်းထွန်းလူ၏ ညီလေးလည်းဖြစ်သည်။

သားဖြစ်သူ ဖမ်းဆီးခံရသည်ဟုသိရပြီးနောက် ၎င်း၏မိဘများကလည်း ပြန်လွှတ်ပေးရန် ဇူလိုင် ၉ ရက်က ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ သွားရောက်တောင်းဆိုခဲ့သေးကြောင်း သိရသည်။

သို့သော် MNDAA ဘက်မှ ပြန်မလွတ်ပေးသည့်အပြင် စိုင်းပန်းစိန်အား စစ်သင်တန်းသို့ ပို့ဆောင်လိုက်ပြီဟုပြောဆိုခဲ့ကြောင်း အမေဖြစ်သူ ပါရွှေညွှန့်က ပြောသည်။

“အဲ့နေ့က ကျမရဲ့သားကိုပြန်တွေ့နိုင်ဖို့ဆိုပြီး သူတို့စစ်သားအတွက်ကော၊ လူကြီးအတွက်ကောပါ မုန့်တွေလက်ဆောင်တွေ ဝယ်သွားပြီးပေးတယ်။ သူတို့လည်း ထိန်းသိမ်းထားတဲ့ အကျဉ်းခန်းထဲကို ခေါ်သွားတယ်၊ ပြတယ်။ အဲ့မှာကောင်လေးတစ်ယောက် ထိုင်နေတာပဲတွေ့တယ်။ ကျမရဲ့သားလည်း မတွေ့ဘူး။ ပြီးမှ ကျမရဲ့သားကို စစ်သင်တန်းကို့ပြောလိုက်ပြီလို့ပြောတာ။ ကျမလည်း ရင်ကွဲတာပေါ့၊ ငိုတာပေါ့။ ကျမရဲ့သားကို မခေါ်မလာမချင်း မပြန်ဘူးလို့ပြောလိုက်တာ။ နင်တို့သားသင်တန်းတက်ပြီ” ဟု ပါရွှေညွန့်က ပြောသည်။

လက်ရှိ စိုင်းပန်းစိန်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အဓ္ဓမဖမ်းဆီးထားသည်မှာ ရက်သတ္တပတ်ကြာပြီ ဖြစ်သော်လည်း ပြန်မလွှတ်လာသေးပေ။

အဆိုပါ ဖမ်းဆီးသည့်ကိစ္စနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ပြန်ကြားရေး တာဝန်ခံထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းစက်ပိတ်ထားသည်။

စိုင်းပန်းစိန်အား အဓမ္မအတင်းခေါ်ဆောင်သွားသဖြင့် မိသားစုဝင်များက အလွန်ဝမ်းနည်းမိကြောင်း၊ ထမင်းစားချင်စိတ် မရှိအောင် ရင်မှာခံစားနေရကြောင်း အမဖြစ်သူ ပါရွှေညွှန့်ကထပ်လောင်းပြောသည်။

“သားဖမ်းခံရတဲ့နေ့ကစပြီး အခုထိပဲ ကျမမှာထမင်းစားချင်စိတ်လုံးဝမရှိဘူး။ အရမ်းဝမ်းနည်းနေတယ်” ဟု ပါရွှေညွှန့်က ပြောသည်။

“ကျနော်ကတော့ စိတ်မကောင်းဘူးဗျာ။ တိုက်ပွဲဖြစ်လို့ စစ်ဘေးရပါတယ်၊ အခုက ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်းကြီး ကျားထက်ဆိုးဘဝရောက်နေပြီ” ဟု အစ်ကိုဖြစ်သူ စိုင်းထွန်းလူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းတွင်လည်း လောက်ကိုင်မြို့မှ ထွက်ခွာလာသည့် လူငယ်များအား တပ်သားအဖြစ် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အတင်းအဓမ္မ စုဆောင်းခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...