လားရှိုးမြို့ အခြေပြု ခံစစ်သေဖြင့် ခုခံရန် စစ်ကာင်စီတပ် ပြင်ဆင်

သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၂၉၁) တပ်ရင်း သိမ်းပိုက်ခံရပြီးနောက် မြို့အခြေပြု ခံစစ်သေဖြင့် ခုခံရန် ပြင်ဆင်နေ သဖြင့် မြို့တွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင် ၆ ရက်) တွင် ပြောသည်။

စစ်ရေးအရ အလွန်အရေးပါသည့် လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာ အနီး အခြေစိုက် ခလရ (၂၉၁) တပ်ရင်းဌာနချုပ်ကို ကိုးကန့်တပ် (MNDAA) က ဇူလိုင် ၃ ရက်တွင် စတင် တိုက်ခိုက်ခဲ့ရာ ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့သည်။

“ခလရ (၂၉၁) မှာ ခံစစ်ဆင်နေတဲ့ စစ်သည်တွေ လားရှိုးကို ဆုတ်ခွာသွားပြီ ဖြစ်ပါတယ်။ လားရှိုးမြို့ကနေပဲ ခံစစ်သေနဲ့ ခုခံဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲလို ခံစစ်သေနဲ့ ခုခံရင်တော့ လားရှိုးမြို့ ကြေသွားမယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ယနေ့ လားရှိုးမြို့အနီး ချဥ်းကပ်နိုင်ရေး အတွက် ညီနောင်မဟာမိတ်တပ်များ တိုက်စစ်အရှိန်မြှင့်နေသည့် အတွက် မြို့အနီး တိုက်ပွဲ ပြင်းထန်နေပြီး ရပ်ကွက်များ အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲရာ ပြည်သူထိခိုက်မှုများ ရှိနေကြောင်း မြို့ခံများက ဆိုသည်။

“ခုမနက်ပိုင်းက ရပ်ကွက် (၇) စိတ္တသုခဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျတာ ကိုရင် ၃ ပါး အစတွေထိတယ်။ ဒဏ်ရာ မစိုးရိမ်ရပေမယ့် လက်နက်ကြီးတွေ ထပ်ကျမှာ ကြောက်ကြတာပေါ့” ဟု မြို့ခံ တစ်ဦးက ရှင်းပြသည်။

ထို့အပြင် ယနေ့ မနက် ရပ်ကွက် (၁၀) အတွင်း လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲရာ လူထိခိုက်မှုမရှိ သော်လည်း တိုင်းစစ်ဌာနချုပ် အနီး နေထိုင်သူများ တိမ်းရှောင်သင့်ကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပြုသည်။

ယနေ့ လားရှိုးမြို့ အနီး လွယ်ပြေတောင် အနောက်ဖက်တွင်လည်း တိုက်ပွဲ ပြင်းထန်နေပြီး ပစ်ခတ်သံများ မြို့တွင်းမှ ကြားနေရသည်ဟု မြို့ခံများက ဆိုသည်။

လားရှိုးမြို့ကို MNDAA ဦးဆောင်သည့် ညီနောင်မဟာမိတ်တပ်များ စစ်မျက်နှာ ၅ ခုဖွင့် ထိုးစစ်ဆင်နေရာ မြို့အနီးရှိ ခလရ (၆၈) နှင့် ခမရ (၅၀၇) ကိုလည်း တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုထားသည်။

လားရှိုးမြို့ပေါ်တွင် လက်နက်ကြီးကြောင့် ယမန်နေ့ အထိ အရပ်သား အနည်းဆုံး ၁၃ ဦး သေဆုံးပြီး မြို့ကို စွန့်ခွာ တိမ်းရှောင်ရန် သတိပေးမှုများရှိသည် ဆိုသည့် သတင်းများကြောင့် မြို့ခံများ အလုံးအရင်းဖြင့် ထွက်ပြေးနေကြကြောင်း သိရသည်။

တိုက်ပွဲများ ပြင်းထန်နေစဥ် လားရှိုး စစ်တိုင်းမှူးနှင့် ဒုတိုင်းမှူး တို့၏ မိသားစုများ အပါအဝင် သျှမ်းပြည်နယ် ဝန်ကြီး တစ်ဦး၏ မိသားစုများ ဇူလိုင်လ ၄ ရက်နေ့က လားရှိုးမှ နေပြည်တော်သို့ ရဟတ်ယာဥ်ဖြင့် ထွက်ပြေးသွားသည်ဟု တပ်တွင်းသတင်းရင်းမြစ်က အတည်ပြု ပြောဆိုထားသည်။

#SHANBurmese

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...