Tuesday, January 27, 2026

လားရှိုးမြို့ပေါ် ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ ဆက်တိုက်ကျ

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် နေအိမ်များသို့ ရှေ့တိုက်ဒုံးများ၊ လက်နက်ကြီးများ ဆက်တိုက်ကျရောက်ပေါက်ကွဲနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ယနေ့ (ဇူလိုင် ၁၀) ရက် နံနက်အစောပိုင်းမှစတင်ပြီး လားရှိုးမြို့ ရပ်ကွက် (၉)၊ နယ်မြေ (၃) ဘူတာရုံသံလမ်းဘေးတွင် ရှော့တိုက်ဒုံး ၂ လုံး၊ ထင်းရှုးမြိုင်အနီး ၁ လုံး၊ နေခြည်ကျောင်းအနီး ၁ လုံး၊ တောရကျောင်း ၃ လုံးနှင့် လားရှိုးတက္ကသိုလ်အနီး ပါရမီလမ်းတွင် ၁ လုံး စသည့်နေရာများတွင် ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“ဒါကြီးတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ မသက်ဆိုင်တဲ့ ပြည်သူတွေပါထိပြီး သေသူသေ၊ ဒဏ်ရာရသူရနဲ့ အဆင်မပြေဘူးဗျာ” ဟု ထိခိုက်ဒဏ်ရာရသူများကို ကယ်ထုတ်ပေးနေသည့် လားရှိုးလူမှုကူညီရေးအသင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ လားရှိုးမြို့ ရပ်ကွက် (၉)၊ နယ်မြေ (၃) ဘူတာရုံသံလမ်းဘေးသို့ ရှေ့ာတိုက်ဒုံးကျရောက် ပေါက်ကွဲမှုအတွင်း ကလေး ၁ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိကြောင်း သိရသည်။

လက်ရှိ ထိခိုက်ဒဏ်ရာများကို လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ထားပြီး ထိုထဲမှ ဒဏ်ရာရသူ ၃ ဦးသည် စိုးရိမ်ရကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

သျှမ်းမြောက် လားရှိုးမြို့တွင် ဇူလိုင် ၂ ရက်မှ ယနေ့ ဇူလိုင် ၁၀ ရက်အထိ တိုက်ပွဲများကြောင့် ပြည်သူ ၂၀ ကျော် သေဆုံးပြီး ကလေးနှင့် အမျိုးသမီးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...