MNDAA

လားရှိုးမြို့ပေါ် ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ ဆက်တိုက်ကျ

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် နေအိမ်များသို့ ရှေ့တိုက်ဒုံးများ၊ လက်နက်ကြီးများ ဆက်တိုက်ကျရောက်ပေါက်ကွဲနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ ယနေ့ (ဇူလိုင် ၁၀) ရက် နံနက်အစောပိုင်းမှစတင်ပြီး လားရှိုးမြို့ ရပ်ကွက် (၉)၊ နယ်မြေ (၃) ဘူတာရုံသံလမ်းဘေးတွင် ရှော့တိုက်ဒုံး ၂ လုံး၊ ထင်းရှုးမြိုင်အနီး ၁...

မိုင်းရယ် ဟိုယကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲဖြစ်

သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၇ ရက်) နေ့လယ် ၂ နာရီခွဲကျော်မှ စတင်ပြီး ည ၇ ကျော်အထိ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း လွယ်ဟိုတုံးတောင်ပေါ်တွင် စခန်းချ...

လားရှိုးမြို့အနီး တိုက်ပွဲပြင်းထန်၊ မြို့ကို စစ်ကောင်စီ အလုံးစုံ ပိတ်ဆို့လိုက်၍ ပြည်သူအများအပြား ပိတ်မိနေ

သျှမ်းပြည် မြောက်ပိုင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့အနီး ယနေ့ (ဇူလိုင်လ ရ ရက်) နေ့တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့ကို အလုံးစုံ ပိတ်ဆို့လိုက်သဖြင့် ပြည်သူ ထောင်ပေါင်းများစွာ ပိတ်မိနေကြောင်း မြို့ခံများက ပြောသည်။ ယနေ့ မွန်းလွဲပိုင်းမှ...

လားရှိုးမြို့မှ တိမ်းရှောင်လာသော ကားရာနှင့်ချီ စဉ့်အင်ဖောင်ဆိပ်တွင် ပိတ်မိနေ

သျှမ်းပြည် လားရှိုးမြို့တွင် တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင်ကားများ ရာနှင့်ချီ ပိတ်မိနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၃ ရက်နေ့မှ စတင်ပြီး လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားလာပြီးနောက် မြို့နေပြည်သူများမှာ ယမန်နေ့ (ဇူလိုင် ၄ ရက်) တွင် စတင်ထွက်ခွာ တိမ်းရှောင်နေကြပြီး...

လားရှိုးမြို့ အခြေပြု ခံစစ်သေဖြင့် ခုခံရန် စစ်ကာင်စီတပ် ပြင်ဆင်

သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၂၉၁) တပ်ရင်း သိမ်းပိုက်ခံရပြီးနောက် မြို့အခြေပြု ခံစစ်သေဖြင့် ခုခံရန် ပြင်ဆင်နေ သဖြင့် မြို့တွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင် ၆ ရက်) တွင်...

MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ ရဲစခန်းကို စစ်ကောင်စီက ညသန်းခေါင် လေကြောင်းဗုံးကြဲ

သျှမ်းပြည် သိန္နီမြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ရဲစခန်းသို့ စစ်ကောင်စီတပ်က ညသန်းခေါင်အချိန် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃ ရက်) ညသန်းခေါင်ကျော်တွင် သိန္နီမြို့ပေါ် ရပ်ကွက်(၂) ရှိ ရဲစခန်းအနောက်ဘက်သို့ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံး ၃ လုံး လာရောက်ကြဲချသွားခဲ့ရာ...

လားရှိုးမြို့အနီး တိုက်ပွဲစဖြစ်၊ စစ်ကောင်စီ လက်နက်ကြီးပစ်၍ မြို့ခံများ ထိတ်လန့်

သျှမ်းပြည် မြောက်ပိုင်း၏ မြို့တော် လားရှိုးမြို့နယ်တွင် ယနေ့ (ဇွန်လ ၂၉ ရက်) နံနက် ၁၁ နာရီ ဝန်းကျင်က စပြီး တိုက်ပွဲ စတင်ဖြစ်ပွားနေသည်ဟု ဒေသခံများက အတည်ပြု ပြောသည်။ လားရှိုးမြို့နယ်၊ နမ့်ဟူးကျေးရွာအနီး ညီနောင်မဟာမိတ်တပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားနေပြီး လားရှိမြို့ရှိ...

ကွတ်ခိုင်မြို့နယ် ကာလိုင်စာသင်ကျောင်းမှ ဆရာ/မများကို TNLA မောင်းထုတ်ပြီး ကျောင်းကိုပါချိတ်ပိတ်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်စာသင်ကျောင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်‌မြောက်ရေး တပ်မတော် TNLA က ကျောင်းတံခါးများကို သစ်သားဖြင့် ကြက်ခြေခတ် သံရိုက်နှက်ပြီး ချိတ်ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) ည ၉ နာရီကျော်ခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းသို့ TNLA...

သိန္နီမြို့ လောင်ကစားဝိုင်း MNDAA မထိန်းချုပ်နိုင်သေး

သျှမ်းပြည် MNDAA ထိန်းချုပ်ထ သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသော်လည်း လောင်းကစားဝိုင်းများကို ယနေ့ထိတိုင် ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် တိုးချဲ့ဖွင့်လှစ်လာကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ ထို့လောင်းကစားဝိုင်းများသည် သိန္နီမြို့ လယ်ဘုရားအနီးတွင် လောင်းကစားဝိုင်းများတွင် စတင်ဖွင့်လှစ်လာပြီး၊ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင်လည်း မိုင်းပါးကျေးရွာ စားသင်ကျောင်းနှင့်...

သိန္နီမြို့နယ် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံး

သျှမ်းပြည် သိန္နီမြို့နယ်တွင် ခြံရှင်းနေသည့် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်ပြတ်ကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက် နေ့လည် ၁ နာရီခန့်တွင် သိန္နီမြို့နယ် ပန်စုံရွာအနီး စစ်ကောင်စီတပ်၏ ခလရ-၂၄၀ တပ်ရင်းရှေ့၌ အမျိုးသမီးတစ်ဦး နှမ်းကြဲရန်အတွက် ခြံရှင်းရာမှ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်...

Latest news