Tuesday, January 27, 2026

လောက်ကိုင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှု အရပ်သားတစ်ဦး သေဆုံး MNDAA ထုတ်ပြန်

သျှမ်းပြည် လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ရကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ထုတ်ပြန်လာသည်။

ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်) နံနက် ၂ နာရီခန့် လူအများ အိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ လောက်ကိုင်မြို့ရှိ တုံချိန်ရပ်ကွက်သို့ လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံး၍ အနည်းဆုံး ပြည်သူ(၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဟိုတယ်နှင့် အခြားအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်း The Kokang မီဒီယာမှ သတင်းထုတ်ပြန်လာသည်။

လောက်ကိုင်မြို့ပေါ် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူမှာ ဆီအောရွာနေ အသက် (၃၇) နှစ်အရွယ်ရှိ Wang ဆိုသူ အမျိုးသားဖြစ်ပြီး ဦးခေါင်းအနောက်ပိုင်း ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ ဒေသအာဏာပိုင်များမှ မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက် Rainbow တံတားဘေးရှိ Royal Lover Hotel နှင့် Dongcheng International Hotel များအပြင် ဖူလီလိုက်နှင့် ဟွမ်ကျားလိဟွာ ဟိုတယ်များလည်း ထိခိုက်ခဲ့ပြီး ပေါက်ကွဲမှု ပြင်းထန်သောကြောင့် အနီးဝန်းကျင်ရှိ အဆောက်အဦးများလည်း ပျက်စီးသွားကြောင်း ကိုးကန့်မီဒီယာ သတင်းတွင် ဖော်ပြထားသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း စတင်ပြီးနောက် လောက်ကိုင်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် စာသင်ကျောင်းများ ပိတ်ထားပြီး လေကြောင်းရန် အထူးသတိပြုရန် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေးအဖွဲ့က ကြေညာခဲ့ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

ကိုးကန့်ဌာနချုပ် လောက်ကိုင်မြို့ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရပြီးနောက် ရမခ အခြေစိုက် လားရှိုးမြို့ကို ထိုးစစ်ဆင်နေသည့် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တရုတ်နိုင်ငံ၏ စိုးရိမ်မှုကို အကြောင်းပြပြီး ဇူလိုင်လ ၁၄ ရက် ညသန်းခေါင်မှ စ၍ ဇူလိုင်လ ၁၈ ရက် ည ၁၂ နာရီအထိ လေးရက်ကြာ ယာယီ အပစ်အခတ် ရပ်စဲမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းမတိုင်ခင်ကလည်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ရဲစခန်း၊ စာသင်ကျောင်းနှင့် ပညာရေးမှူးရုံးတို့ကို ဇူလိုင်လ ဒုတိယပတ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ၂ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...