နမ့်လန်မြို့ စစ်ဘေးရှောင် ထောင်နှင့်ချီ ရောက်ရှိ

သျှမ်းပြည် သီပေါမြို့နယ်ရှိ နမ့်လန်မြို့သို့ လားရှိုးမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ထောင်နှင့်ချီ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစ၍ လားရှိုးမြို့တွင် ဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့ တိုက်ပွဲများကြောင့် သီပေါမြို့နယ် နမ့်လန်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူ ထောင်နှင့်ချီ ရှိနေပြီး လက်ရှိတွင် ဘုန်းကြီးကျောင်း ၇ ကျောင်း၌ အိမ်ထောင်စု ၆၂၀ ခန့် လာရောက်ခိုလှုံနေကြကြောင်း နမ့်လမ်ဒေသခံများက ပြောသည်။

၎င်းစစ်ဘေးရှောင်များ ရေရှည်အတွက် စားနပ်ရိက္ခာ အကူအညီများ စိုးရိမ်ရကြောင်း စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နမ့်လန်မှာက စစ်ဘေးရှောင်တွေ ပိုများလာတယ်။ ရောက်နေတာက အိမ်ခြေ ၆၂၀ လောက် ရှိတယ်။ စာရင်းသေချာ မကောက်ထားရသေးဘူး။ ဘုန်းကြီးကျောင်း ၇ ကျောင်းမှာ ၅ ကျောင်းကတော့ လူအပြည့်ပဲ။ စိုးရိမ်ရတာတော့ နောက် ၂ ပတ်လောက် ကြာရင်တော့ စားနပ်ရိက္ခာတွေအတွက် လိုအပ်မှာပေါ့။ တိုက်ပွဲတွေ ရေရှည်ဆိုရင်လည်း စိတ်ပူရတာပေါ့”ဟု နမ့်လန်မြို့မှ စစ်ဘေးရှောင်ကူညီသူ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်လန်မြို့ပေါ်သို့ စစ်ဘေးရှောင်များ ထောင်နှင့်ချီ ရောက်ရှိနေခြင်းကြောင့် မြို့တွင်းတွင်လည်း လူစည်ကားနေပြီး အချို့ဒေသခံ နေအိမ်များတွင် စစ်ဘေးရှောင်များ လာရောက်နားခိုနေကြကာ ဒေသခံများမှ စားနပ်ရိက္ခာ ကူညီမှုများ ရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

လက်ရှိနမ့်လန်မြို့သို့ စစ်ဘေးရှောင်လာသူများသည် ကျောက်မဲမြို့နယ်၊ လားရှိုးမြို့နယ်တို့မှ လာရောက်တိမ်းရှောင်နေသူများ ဖြစ်ကြပြီး အမျိုးသမီးနှင့် ကလေးဦးရေ ပိုများနေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

“ဒီခု နေနေတဲ့ ဘုန်းကြီးကျောင်းကတော့ လူတွေ အများကြီး၊ ကျောက်မဲကကော လားရှိုးကကော၊ ခုထိတော့ မပြန်ရဲကြသေးလို့လေ။ မီးဖွားမိခင်၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အို ပိုများနေပြီး ကျန်းမာရေးအတွက်ပါ စိုးရိမ်ရတယ်။ တချို့ကလည်း ခနလာနားပြီး တခြားမြို့ကို ဆက်သွားတာတွေ ရှိပါတယ်”ဟု နမ့်လန်မြို့ရောက် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နမ့်လန်မြို့အပြင် တန့်ယန်း၊ မိုင်းရယ်၊ မိုင်းကိုင်၊ မိုင်းရှူး၊ လဲချား၊ ပင်လုံ၊ နမ့်စန်၊ အောင်ပန်း၊ တောင်ကြီး စသည့် ဘေးလွတ်ကင်းရာ မြို့များသို့ သျှမ်းပြည်မြောက်ပိုင်းမှ စစ်ဘေးရှောင်များ ရောက်ရှိခိုလှုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ အချို့သော အိမ်ရှင်များသည် လားရှိုးမြို့မှ ထွက်ပြေးလာ‌သည့် စစ်ဘေးရှောင်များကို အခန်းခ၊ အိမ်ငှားရမ်းခ ဈေးနှုန်းများ အဆမတန် ပိုမိုတောင်းခံနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ညီနောင်မဟာမိတ်တပ်၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့သည် သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မိုးမိတ်၊ မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေခြင်းကြောင့် အရပ်သားပြည်သူ ၃ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...