ပန်ဆိုင်းမြို့ MNDAA တပ်သားသစ် စစ်လေ့ကျင့်နေစဉ် ကျည်လွတ်ပြီး အမျိုးသားတစ်ဦး သေ

သျှမ်းပြည် မြောက်ပိုင်း ပန်ဆိုင်းမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ စစ်မှုထမ်းခေါ်ယူခံရသော အမျိုးသားတစ်ဦး စစ်ရေးလေ့ကျင့်ရာမှ ကျည်လွတ်ပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ဇူလိုင် ၁၅ရက် နေ့လည် ၂နာရီဝန်းကျင်တွင် ပန်ဆိုင်းမြို့ ကိုးကန့်တပ်ဖွဲ့ MNDAA မှ စစ်မှုထမ်းသစ်များကို စစ်ရေးလေ့ကျင့်နေပေးရာ ထိုစစ်လေ့ကျင့်နေသူ အမျိုးသားတစ်ဦးသည် ကျည်လွတ်သွားပြီး သေဆုံးခဲ့ရကြောင်း ၎င်းအမျိုးသားနှင့်နီးစပ်သည့်သူ က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သေနက်ကျည်လွတ်ပြီး သေတဲ့ဒဏ်ရာလား။ သူတို့ပစ်တာလဲ ဖြစ်နိုင်တယ်လေ။စစသွားသင်တဲ့လူကတော့ ၂ ရက် ၃ ရက်နဲ့ ဘယ်သူမှ မပစ်တက်ဘူး။ စစ်ရေးလေ့ကျင့်ရင် ဘယ်သူမှ အစစ်ပေးမကိုင်ဘူး ။ကျည်လည်းပေထည့်မှာ မဟုတ်ဘူး။ မိသားစုဝင်တွေသွားကြည့်တာတောင် ပေးမကြည့်ဘူး။ တကယ်အမှန် ဖြစ်ရင် ပေးကြည့်နိုင်ရမယ်။ သူတို့က ရိုက်ထားတဲ့ပုံပဲပြတာ။”ဟု ၎င်းက ပြောသည်။

ထိုသေဆုံးသွားသည့်အမျိုးသားသည် အသက် ၄၁ ဝန်းကျင် အရွယ်ရှိပြီး၊ ပန်ဆိုင်းမြို့ကို MNDAA ထိန်းချုပ်ပြီးနောက် စစ်မှုထမ်းသစ်ခေါ်ဆိုရာ ပါသွားသည့် သူလည်း ဖြစ်သည်။

ပန်ဆိုင်းမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် ပန်ဆန်းမြို့ရှိ ဒေသခံများကို စစ်မှုထမ်းများခေါ်ယူခဲ့ပြီး ငြင်းဆိုခြင်းပြုလုပ်ပါက အိမ်များကို ချိတ်ပိတ်ခြင်း ပြုလုပ်သည်။

ထို့ကြောင့် စစ်မှုမထမ်းလိုသော ဒေသခံများက တခြား ဒေသသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ခုက တရုတ်လူမျိုးဆိုရင် အကုန်စစ်ထဲဝင်ရတယ်။ ဗမာကလွဲပြီးရင်ပေါ့။ သူတို့က စစ်ကောက်လို့ မလိုက်ဘူးငြင်းရင် အိမ်တွေကို ချိတ်ပိတ်တယ်။ တစ်အိမ်လုံး ထွက်ပြေး တာရှိတယ်။ ပြန်မလာတော့ တာရှိတယ်။” ဟု ၎င်းကဆက်ပြောသည်။

MNDAA ထိန်းချုပ်သည့် မည်သည့်ဒေသမဆို အမျိုးသားများ အသက် (၁၆)နှစ်ပြည့်ပါက စစ်မှုထမ်းရမည် ဟုလည်း MNDAA ပြောရေးဆိုခွင့်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့ဖူးသည်။

ကိုးကန့်ဒေသအတွင်း အသက် ၁၆ နှစ်မှစ၍ ကလေးအပါအဝင် အမျိုးသမီး၊ အမျိုးသား၊ ကိုရင် စသည့်ဖြင့် လူမျိုးဘာသာမရွှေးတို့ကို တပ်သားအဖြစ် စုဆောင်းရန်ရှိပြီး ထိုထဲမှ အမျိုးသမီးများကို ရုံးပိုင်ဆိုင်ရာ ဝာာဝန်အဖြစ် သော်လည်းကောင်း၊ အမျိုးသားများကို စစ်မှုထမ်းအဖြစ် သော်လည်းကောင်း တာဝန်ပေးအပ်မည် ဖြစ်ကြောင်းလည်း သျှမ်းသံတော်ဆင့်ကို တရာဝင် ပြောဆိုခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

တအာင်း (ပလောင်) ဒေသတွင် MNDAA ကို ဆန့်ကျင်ဆန္ဒပြနေသည်ဆိုသည့် AI ဖြင့်ဖန်တီးထားသော သတင်းအမှား

0
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား တအာင်း (ပလောင်) နယ်မြေအတွင်းမှ ထွက်ခွာပေးရန်နှင့် အလိုမရှိကြောင်း ဆန္ဒပြနေကြသည်ဟုဆိုကာ လူစုလူဝေးဓာတ်ပုံများနှင့် သတင်းများ ပျံ့နှံ့နေသည်။ အဆိုပါဓာတ်ပုံကို We Are Ta’ang အမည်ရှိ အကောင့်တစ်ခုမှ မတ်လ ၂၀...

လောက်ကိုင်ဆွေးနွေးပွဲ ရလဒ်မထွက်သေး၊ နမ့်ခမ်းတွင် ပုံမှန်လည်ပတ်နေဟု TNLA ပြော

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ (၂) ရက်ကြာ တွေ့ဆုံဆွေးနွေးနေသော်လည်း ရလဒ်တစုံတရာ မထွက်သေးကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၇) ရက်မှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဗဟို ခေါင်းဆောင်များ...

လောက်ကိုင်တွင် MNDAA နှင့် TNLA တွေ့ဆုံဆွေးနွေး၊ နေရာအချို့ ထပ်မံတပ်ဆုတ်ခိုင်းဟုဆို

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် လားရှိုးမြို့အနီးရှိ TNLA တပ်စခန်းအချို့ကို ထပ်မံတပ်ဆုတ်ပေးရန် MNDAA ဘက်မှ တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်...