လားရှိုးမြို့အနီး တိုက်ပွဲပြင်းထန်၊ မြို့ကို စစ်ကောင်စီ အလုံးစုံ ပိတ်ဆို့လိုက်၍ ပြည်သူအများအပြား ပိတ်မိနေ

သျှမ်းပြည် မြောက်ပိုင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့အနီး ယနေ့ (ဇူလိုင်လ ရ ရက်) နေ့တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့ကို အလုံးစုံ ပိတ်ဆို့လိုက်သဖြင့် ပြည်သူ ထောင်ပေါင်းများစွာ ပိတ်မိနေကြောင်း မြို့ခံများက ပြောသည်။

ယနေ့ မွန်းလွဲပိုင်းမှ စတင်ပြီး မြို့အနီးရှိ ခမရ (၅၀၇) ၊ ဆင်တောင်၊ ကြာကန် မြို့ရှောင်လမ်းနှင့် မိုင်းတင်းရွာ စသည့် နေရာများတွင် တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲသည် မြို့နှင့် ဖြေးဖြေးနီးကပ်လာသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မြို့အဝင်အထွက်ကို စစ်တပ်က ဒီနေ့ ပိတ်လိုက်ပြီ။ ထွက်ဖို့သွားတဲ့လူတွေ ပြန်လှည့်လာရတာ အများကြီးပဲ။ မြို့ထဲမှာက လူသောင်းနဲ့ချီ ကျန်သေးတယ်။ ဘယ်လောက်ကျန်နေသေးလဲ ဆိုတာတော့ ခန့်မှန်းဖို့ခက်တယ်။ လုံခြုံတဲ့ နေရာမှာ နေကြပါ။ ထွက်လို့ မရသေးပါဘူးဆိုတာ သိစေချင်ပါတယ်” ဟု မြို့ခံက ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၃ နာရီကျော်အထိ လားရှိုးမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှု မရှိသေးသော်လည်း လိုင်းမကောင်းကြောင်း၊ ရပ်ကွက်များ အတွင်းဆိုင် တစ်ချို့ ဖွင့်လှစ်နေဆဲဖြစ်ပြီး ဝယ်ယူသူများလည်း ရှိနေဆဲဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

“မနက်ကတော့ ရပ်ကွက် ၅ နဲ့ ၇ ဖက် ရှော့တိုက်ဒုံးကျတာရှိတယ်။ ဖုန်းနဲ့ အင်တာနက်လိုင်းက မပြတ်သေးပေမဲ့ လိုင်းမကောင်းဘူး။ မြို့တွင်း တိုက်ပွဲတွေ ဖြစ်ကြမယ် ဆိုရင်လည်း ပြည်သူတွေကို ထွက်ခွင့်ပေးဖို့ တောင်းဆိုချင်တယ်” ဟု မြို့ခံ နောက်တဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က စစ်ရေးအရ အလွန်အရေးပါသည့် လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာ အနီး အခြေစိုက် ခလရ (၂၉၁) တပ်ရင်းဌာနချုပ်ကို ကိုးကန့်တပ် (MNDAA) က သိမ်းပိုက်ခဲ့ပြီးနောက် လားရှိုးမြို့ပေါ်မှ ခံစစ်သေဖြင့် ခုခံရန် စစ်ကောင်စီက ပြင်ဆင်နေပြီးနောက် မြို့ကို ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။

လားရှိုးမြို့ တိုက်ပွဲများကို ဒုစစ်တိုင်းမှူးက ကွက်ကဲနေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုထားသည်။

ယမန်နေ့က လားရှိုးမြို့ အနီး တိုက်ပွဲ ပြင်းထန်နေပြီး ရပ်ကွက်များ အတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲရာ ပြည်သူ ထိခိုက်မှုများ ရှိနေကြောင်း မြို့ခံများက ဆိုသည်။

လားရှိုးမြို့ပေါ်တွင် လက်နက်ကြီးကြောင့် ယနေ့ အထိ အရပ်သား အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး လက်ရှိ တိုက်ပွဲများ ဆက်လက်ပြင်းနေဆဲ ဖြစ်သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...