လားရှိုး-မိုင်းရယ်ကြားတွင် စစ်ကောင်စီတပ်နှင့် MNDAA တို့ စစ်ရေးတင်းမာနေ

သျှမ်းပြည် လားရှိုးနှင့် မိုင်းရယ်မြို့ ကြားတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၁၂ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ ကြားရှိ မန်စန့်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ စစ်ရေးတင်းမာခဲ့ပြီး မန့်စန့်ကျေးရွာရှိ ဒေသခံများကို စစ်ကောင်စီတပ်က ရွာပြင်သို့ ပြောင်းရွှေ့ခိုင်းနေကြောင်း မိုင်းရယ်မြို့‌ ဒေသခံများက ပြောသည်။

“ဒီနေ့ သေနက်သံတော့ မထွက်သေးဘူး၊ နှစ်ဘက် စစ်‌ရေးတင်းမာနေကြတာ။ သူတို့ ပြန်ပြီးညှိနှိုင်းရင်ညှိ၊ ညှိမရရင်တော့ သေနက်သံပေါက်မယ်လို့တော့ ထင်တယ်။ ဘာမှ မဖြစ်သေးလည်း စိတ်ပူရတယ်။ မန်စန့်ရွာက လူတွေကိုလည်း ရှောင်ခိုင်းနေတယ် ရွာပြင်ကိုထွက်ခိုင်းတာ။ အဲ့ဘက်ကို ရောက်လာတဲ့ စစ်ဘေးရှောင်တွေလည်း ထပ်ပြေးရတာပေါ့”ဟု မိုင်းရယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ ကြားရှိ လမ်းများကို ကိုးကန့်တပ်ဖွဲ့ MNDAA က သွားလာခွင့် မပေးဘဲ ပိတ်ပင်ထားပြီး တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြရကြောင်း မိုင်းရယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“မန်စန့်ကနေ မိုင်းရယ်သွားလည်းမရဘူး။ မိုင်းရယ်ကနေ မန့်စန့်ဘက်ကိုလည်း သွားလို့မရဘူး။ လမ်းတွေကို ကိုးကန့်ဘက်က ပိတ်ထားတာ။ သူတို့ ညှိလို့ မရရင်တော့ ပြေးရမှာပဲလေ။ တချို့တွေကြတော့ ကားကမရှိ ကလေးငယ်တွေနဲ့ အထုတ်အပိုးတွေ သယ်ပြီး သွားလာဖို့ ခက်တယ် စိုးရိမ်ရတယ်။ လက်နက်ကြီးတွေကို ပစ်ချင်သလို ပစ်နေကြတော့ ကြောက်ရတယ်”ဟု မိုင်းရယ်မြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့နှင့် မန်စန့်ကျေးရွာသည် အကွာအဝေး ၈ မိုင် ခန့်သာ ကွာဝေးကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့တွင် သျှမ်းပြည် မြောက်ပိုင်းရှိ စစ်ရေးနယ်မြေမဟုတ်သည့် တန့်ယန်းမြို့သို့ ‘ဝ’ တပ်ဖွဲ့ UWSA တပ်အင်အား ထောင်နှင့်ချီ ရောက်ရှိလာပြီး မိုင်းရယ်မြို့နယ် နှင့် လားရှိုးမြို့နယ်ဘက်သို့ ဆက်လက်ချီတက်သွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အလားတူ ဇူလိုင်လ ၇ ရက်တွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း လွယ်ဟိုတုံး တောင်ပေါ် တွင် စခန်းချ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ လေးနာရီကျော်ကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လက်နက်ကြီးကြောင့် ဟိုယ၊ ဝမ်လုံရွာရှိ ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...