သျှမ်းမြောက် စစ်ရေးတင်းမာ၊ ပြည်သူများ သတိရှိရန်လိုအပ်

သျှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ စစ်ရေးတင်းမာမှု အမြင့်ဆုံး အ‌ခြေအနေ ရောက်ရှိနေသဖြင့် ဒေသခံပြည်သူများ အနေဖြင့် လုံခြုံရေးသတိဖြင့် ကြိုတင်ပြင်ဆင်ရန် လိုအပ်နေပြီဟု ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇွန်လ ၁၃ ရက်) တွင် အကြံပြု ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သျှမ်းမြောက်ဒေသရှိ အရေးပါသည့် မြို့ ၁၇ မြို့ကို သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့ကို ဝန်းရံထားစဥ် တရုတ်၏ စေ့စပ်မှုဖြင့် ဟိုင်ဂင် စာချုပ် လက်မှတ်ထိုးကာ ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှစ၍ စစ်ရပ်စဲခဲ့ခြင်း ဖြစ်သည်။

“အပစ်ရပ်ထားတဲ့ ကာလမှာပဲ စစ်ကောင်စီက လားရှိုးကို နေ့တိုင်း လူသူလက်နက် ဖြည့်နေတာ ဆိုတော့ အခု သူတို့ ထိုးစစ်ပြန်လုပ်ဖို့ အားအတော်ရှိနေပြီလို့ ပြောလို့ရတယ်။ စစ်ကတော့ ဖြစ်ကိုဖြစ်မှာပဲ။ ဘာလို့လဲ ဆိုတော့ စစ်ကောင်စီ အနေနဲ့က နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်မှ ဝင်ငွေပြန်ရမယ်။ နောက်တခုက သိက္ခာလည်း ပြန်ဆယ်နိုင်မယ်ပေါ့” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

၁၀၂၇ စစ်ဆင်ရေး အတွင်း ညီနောင် မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် နယ်မြေများကို ဖြတ်သန်းပြီး နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရန် တရုတ်နိုင်ငံက ညှိနှိုင်းပေးနေသော်လည်း (၅) ကြိမ်မြောက် ဟိုင်ဂင် ဆွေးနွေးပွဲ ပြီးဆုံးချိန်အထိ သဘောတူညီမှု မရခဲ့ပေ။

လက်ရှိ စစ်ကောင်စီတပ်က လားရှိုး စစ်ဌာနချုပ်ကို အဆက်မပြတ် အင်အားဖြည့်တင်းနေပြီး ယင်းမှ တစ်ဆင့် ၄င်းတို့ ထိန်းချုပ်ထားဆဲဖြစ်သည့် မူဆယ်၊ ကျောက်မဲ၊ သီပေါနှင့် မေမြို့ တို့တွင် စစ်ရေးပြင်ဆင်မှုများ ဆက်တိုက် ပြုလုပ်နေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

“စစ်တပ်ဘက်က အင်အား သောင်းချီတယ်လို့ သတင်းထွက်တယ်။ ကျောက်မဲ၊ သီပေါ ဘက်မှာက စစ်တပ်နဲ့ TNLA တပ်တွေက မဝေးဘူး။ သျှမ်းတပ် (SSPP) လည်း အများကြီးရှိတယ်။ မိုင်းရယ်ဘက်လည်း သူတို့ ပြင်နေတယ်။ စစ်က အချိန်မရွေးပြန်ဖြစ်နိုင်တယ်။ စစ်တပ်က ရန်စနေတာလည်း ပါတာပေါ့” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ဟိုင်ဂင် စာချုပ်အရ စစ်ရပ်စဲထားသော်လည်း စစ်တပ်က နောင်ချို ၊ မိုးမိတ်စသည့်မြို့နယ်များကို လက်နက်ကြီးပစ်ခတ်ပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေသည့်အပြင် သီပေါ-နမ္မတူလမ်း မြောင်းဖောက်ဖျက်ဆီးပြီး ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ပင်ရန် ကြိုးစားမှုသည် ဟိုင်ဂင် စာချုပ် ချိုးဖောက်ကာ ပြဿနာရှာသည့် လုပ်ရပ်ဖြစ်ကြောင်း ယမန်နေ့က TNLA က ထုတ်ပြန်ထားသည်။

လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုး၊ ကျောက်မဲ၊ နောင်ချိုမြို့များတွင် စစ်တပ်က မြို့တွင်း ခံစစ် ပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် စိုးရိမ်နေရသည်ဟု ဒေသခံများက ဆိုသည်။

“သတင်းကတော့ အစုံထွက်နေတာပဲ။ ဒီမနက် လားရှိုး- မန္တလေးလမ်း အတက်အဆင်း ပုံမှန် သွားလာနေကြတုန်းပါပဲ။ လားရှိုးမြို့ အဝင်အထွက်ပိတ်လိုက်တယ် ဆိုတာ မဟုတ်ပါဘူး။ မနက်ပိုင်းက ဖွင့်ထားပါတယ်။ အခုနေ့လယ်ဘက်တော့ မသိဘူး” ဟု လားရှိုးမြို့ခံ တစ်ဦးက ပြောသည်။

လက်ရှိ အခြေအနေအရ တကြော့ပြန်စစ်ပွဲ ပြန်ဖြစ်ပါက စစ်ပွဲ ပြင်းထန်နိုင်ပြီး ညီနောင်မဟာမိတ်တပ်များ ဝိုင်းရံထားသည့် မူဆယ်မြို့နေ ဒေသခံများ အနေဖြင့် စစ်ပွဲအတွင်း ပိတ်မိနိုင်သည့်နည်းတူ အခြားဒေသနေ ပြည်သူများ လုံခြုံရေးသတိဖြင့် အသင့်ပြင် နေထိုင်ရန် လိုအပ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက သတိပေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...