ပန်ဆိုင်းမြို့ နယ်စပ်ဂိတ် MNDAA ပြန်ဖွင့်သော်လည်း ဒေသခံများ ဝင်ထွက်သွားလာခွင့် မရသေး

သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ဒေသခံများ ဝင်ထွက်သွားလာ၍ မရသေးကြောင်း စုံစမ်းသိရသည်။

မေလ (၁) ရက်မှ စတင်ပြီး မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း မြန်မာဘက်ခြမ်းမှ ယခင်အသုံးပြုခဲ့သည့် စာအုပ်အနီဖြင့် ဝင်ထွက်သွားလာ၍ မရသေးဘဲ တရုတ်ဘက်ခြမ်းမှသာ အဝင်အထွက် ပြုလုပ်၍ ရကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

“ပန်ဆိုင်း-ဝမ်တိန် ဂိတ်ပေါက် ၁ ရက်နေ့က ပြန်ဖွင့်တယ်။ စာအုပ်အနီကျတော့ အဝင်အထွက် လုပ်လို့ မရသေးဘူး။ တရုတ်ဘက်က စာအုပ်တော့ အဝင်ကော အထွက်ကော ရတယ်၊ ကိုးကန့်တပ်ကပဲ တံဆိပ်တုံး ထုပေးတာ။ ဝမ်တိန်ကနေ ပန်ဆိုင်းထဲကို ဝင်လာမယ်ဆိုရင် ကိုးကန့်တွေရဲ့ ကန့်သတ်ချက်တော့ ရှိတာပေါ့”ဟု ပန်ဆိုင်းဒေသခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်း နယ်စပ်ဂိတ်တွင် ယခင်က အသုံးပြုသည့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (စာအုပ်အနီ)ဖြင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ဂိတ်ဖြတ်သန်းခွင့် မရသေးဘဲ ၎င်းဂိတ်မှ ကိုးကန့်တပ်ဖွဲ့ တာဝန်ရှိသူများက စာအုပ်နှင့် တံဆိပ်တုံး စောင့်ဆိုင်းနေကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“ဒီနေ့ဝင်ဖို့လုပ်တော့ နောက်ပိုင်းကျရင် ဝင်လို့ရမယ်လို့တော့ ပြောတယ်။ အခုက သူတို့စာအုပ်နဲ့ တံဆိပ်တုံး မရောက်သေးဘူးလို့ ပြောတယ်။ ဒီလိုပြောစကားအရဆိုရင် သူတို့ ကိုးကန့်တပ်ရဲ့ စာအုပ်နဲ့ တံဆိပ်တုံးပုံစံ ဖြစ်လောက်တယ်။ နောက်တစ်ပတ် သူတို့တံဆိပ်တုံး ရောက်လာမှ သိရမယ်”ဟု ပန်ဆိုင်းမြို့မှ ၎င်းကုန်သည် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပန်ဆိုင်းနယ်စပ်ဂိတ်မှ ကိုးကန့်တပ်ဖွဲ့ တာဝန်ရှိသူများ၏ ယခုပြောဆိုချက်နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းထံသို့ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မတ်လနှင့် ဧပြီလများတွင် တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့ဘက်သို့ ယခင်က ရောက်ရှိနေသူများလည်း ပန်ဆိုင်း(ကြူကုတ်)မြို့သို့ ပြန်လာလိုပါက ဂိတ်ဖြတ်သန်းနိုင်သည့် ရက်များကို Wechat ထဲတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကြေညာထားသော်လည်း ကန့်သတ်ချက်များ ရှိကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

“အရင်လတွေက Wechat ဂရုထဲမှာ ဝင်ထွက်လုပ်လို့ ရတဲ့ ရက်တွေကို ကြေညာပေးတယ်၊ ဝမ်တိန်ကနေ ပန်ဆိုင်းကို ဝင်လာဖို့ စာအုပ်အနီနဲ့ လာလို့ရတယ် တံဆိပ်တုံးတော့ မထုပေးဘူး။ ဘယ်လိုလုပ်ရလဲဆိုတော့ မူဆယ်အထိ သွားပြီး လဝက ကို ပိုက်ဆံပေးပြီးမှ တရုတ်ပြည်ထဲ ဝင်ရတယ်၊ ပြီးမှ ဝမ်တိန်ဂိတ်ကနေ ပြန်လာရတာ”ဟု နယ်စပ်ဂိတ် ဖြတ်သန်းခွင့် အခက်အခဲကို ပန်ဆိုင်းဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ (၁၁) ရက်တွင် ကိုးကန့်တပ်ဖွဲ့ တည်ထောင်ခြင်း (၃၅) နှစ်ပြည့်အဖြစ် MNDAA ထိန်းချုပ်ထားနိုင်သည့် မြန်မာ-တရုတ် နယ်စပ်တလျှောက်ရှိ မူဆယ်မြို့နယ် ပန်ဆိုင်း-ဝမ်တိန် နယ်စပ်ဂိတ်နှင့် လောက်ကိုင်မြို့နယ် ချင်းရွှေဟော် နယ်စပ်ဂိတ်တို့ကို ပြန်လည်ဖွင့်လှစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုထားသည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် စစ်ကောင်စီတို့ (၄) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်း ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် စစ်ကောင်စီ၏ အကောက်ခွန် စစ်ဆေးရေး၊ လူ၀င်မှုကြီးကြပ်ရေးတို့ကို ထားရှိမည်ဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့မှလည်း ပူးတွဲတာ၀န်ယူရန်၊ အခွန်ကောက်ခံရရှိငွေကို ညီနောင်မဟာမိတ် (၃)ဖွဲ့ကိုယ်စား ကိုးကန့်တပ်ဖွဲ့က ၇၀% ရယူပြီး စစ်ကောင်စီက ၃၀% ရယူရန် သဘောတူညီခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း နှစ်ဘက်စလုံးက ထုတ်ဖော်အတည်ပြုခြင်း မရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...