MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ ရဲစခန်းကို စစ်ကောင်စီက ညသန်းခေါင် လေကြောင်းဗုံးကြဲ

သျှမ်းပြည် သိန္နီမြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ရဲစခန်းသို့ စစ်ကောင်စီတပ်က ညသန်းခေါင်အချိန် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၃ ရက်) ညသန်းခေါင်ကျော်တွင် သိန္နီမြို့ပေါ် ရပ်ကွက်(၂) ရှိ ရဲစခန်းအနောက်ဘက်သို့ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံး ၃ လုံး လာရောက်ကြဲချသွားခဲ့ရာ ပြည်သူနေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး (၁၀) လုံးထက်မနည်း ထိခိုက်ပျက်စီးသွားကြောင်း သိန္နီဒေသခံများက ပြောသည်။

“မနေ့ညက ၁၀နာရီတစ်ကြိမ် လာပတ်သွားတာ၊ ညသန်းခေါင်ကျော်မှာ သိန္နီရဲစခန်းနားကို ဂျက်လေယာဉ်နဲ့ ၃ ခါ လာချသွားတာ။ အဲ့နောက်က ပါ့လှ မုန့်ဟင်းခါးဆိုင်ပေါ် ကျပြီး အိမ် ၂ လုံးကတော့ လုံးဝ ရစရာ မရှိအောင် ပြိုကျသွားတယ်။ တခြားအိမ်လဲ အမိုးလှန်တာ၊ အိမ်ထရံကွာတာနဲ့ လူထိတာတော့လည်း ရှိတယ်”ဟု သိန္နီမြို့မှ ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ယမန်နေ့ (ဇူလိုင် ၄ ရက်) မွန်းလွဲ ၂ နာရီကျော်တွင် သိန္နီမြို့နယ်အတွင်း မိုင်းလီကျေးရွာအုပ်စုရှိ စာသင်ကျောင်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပြီး လူနေအိမ်လည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံများ ထံမှ သိရသည်။

“မြို့ပေါ်မှာတော့ ကိုးကန့်စစ်သားတွေ မရှိတော့ဘူး၊ အောက်ဘက်(လားရှိုး)ကို ဆင်းသွားပြီလို့ ပြောကြတယ်။ အခုဟာက မိုးပေါ်ကနေ လေယာဉ်နဲ့ ဗုံးထပ်လာကြဲမှာကို ကြောက်ရတာ။ အရင်တစ်ခါကတည်း သိန္နီက ဆိုးဆိုးရွားရွား ခံခဲ့ရပြီးပြီလေ။ ဒီနေ့မနက်တော့ ဘေးလွတ်မယ့်ရွာတွေဘက် စစ်ရှောင်ကြတယ်”ဟု သိန္နီမြို့မှ ၎င်းဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က တကျော့ပြန် လေကြောင်းဗုံးကြဲ တိုက်ခိုက်လာခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်ထိတ်လန့်ပြီး ဘေးလွတ်ကင်းရာသို့ ထပ်မံတိမ်းရှောင်ရန် ပြင်ဆင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်ခဲ့သည် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့၏ “၁၀၂၇ စစ်ဆင်ရေး”အတွင်း သိန္နီမြို့ပေါ်နှင့်ကျေးရွာအုပ်စု (၁၀) စုကျော်မှ ဘာသာ‌ရေး အဆောက်အဦးနှင့် ပြည်သူနေအိမ် ၆၀၀ ထပ်မနည်း ပျက်စီးခဲ့ပြီး ဒေသခံထက်ဝက်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဇွန်လ ၂၅ ရက်မှ စတင်ပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား မြို့သိမ်းတိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။

ဇူလိုင်လ ၃ ရက်နေ့တွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခကို ကိုးကန့်တပ်ဖွဲ့ MNDAA အပါအဝင် ညီနောင်မဟာမိတ်တပ်များက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ သိန္နီမြို့ဘက်သို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...